Drawing the Problem Tree |
သုတေသနစီမံကိန်းအတွက်
Problem Tree ရေးဆွဲခြင်း
-------------------------------------------------------------------
Problem
Tree မရေးဆွဲမီတွင် သုတေသီမှ ရနိုင်သမျှသော စာအုပ်စာတမ်းအကိုးအကားများကို ဖတ်ရှုလေ့လာထားရန်လိုအပ်ပါသည်။
စာများများဖတ်နိုင်လေလေ ပို၍ကောင်းလေလေဖြစ်သည်။ သို့မှသာ ပြဿနာအကြောင်းကို ရှင်းရှင်းလင်းလင်းနားလည်မည်ဖြစ်သည်။
ပြဿနာ၏
အကြောင်းရင်းများနှင့် ပြဿနာ၏ အကျိုးဆက်များအကြောင်းကို သိရှိနိုင်ရန် အထိရောက်ဆုံးသောနည်းလမ်းမှာ
ပြဿနာအခြေအမြစ်ပြပုံ Problem Tree ရေးဆွဲရန်ဖြစ်သည်။ ပြဿနာအခြေအမြစ်ပြပုံ Problem
Tree အား
(၁)
စီမံကိန်းအဆိုပြုလွှာရေးဆွဲစဉ် သို့မဟုတ် စီမံကိန်း၏ အစပိုင်းကာလနှင့်
(၂)
စီမံကိန်း အဆုံးပိုင်းကာလတို့တွင် ရေးဆွဲရန်ဖြစ်သည်။
စီမံကိန်းအစပိုင်းကာလတွင်ရေးဆွဲသော
ပြဿနာအခြေအမြစ်ပြပုံ Problem Tree သည် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ နားလည်သဘောပေါက်သည့်
အခြေအနေတစ်ရပ်ကို ကိုယ်စားပြုသည်။ အဘယ့်ကြောင့်ဆိုသော်
စီမံကိန်းအစပိုင်းကာလတွင် လူများသည် ပြဿနာ၊ ပြဿနာ၏အကြောင်းရင်းနှင့် ပြဿနာ၏အကျိုးဆက်
များကို စေ့စပ်သေချာစွာ မသိသေးသောကြောင့် Problem Tree သည် တိကျသေချာမှုမရှိပေ။ ဤ Problem Tree တွင် ကြိုတင်ယူဆသည့် စိတ်ကူးများလည်းပါဝင်နိုင်သည်။
သုတေသနစီမံကိန်းပြီးဆုံးသွားသောအခါ
ဒုတိယ Problem Tree တစ်ခုကို ထပ်မံရေးဆွဲရပါမည်။
ဤအကြိမ် Problem Tree အသစ်တွင် ပထမ Problem Tree ထက် သတင်းအချက်အလက် ပိုမိုပြည့်စုံလာသည်။
ဥပမာ - ပြဿနာ၏အကြောင်းရင်းများ၊ အကျိုးဆက်များအရေအတွက် ပိုမိုများပြားလာသည်ကိုတွေ့ရပါမည်။ ထိုအခါ ကြိုတင်ယူဆသည့် စိတ်ကူးများ ပျောက်ကွယ်သွားနိုင်သည်။ သုတေသနစီမံကိန်းအပြီးတွင် ရေးဆွဲသော ဒုတိယ Problem
Tree သည် အစဉ်သဖြင့် သုတေသနတွေ့ရှိချက်များ၏ အနှစ်ချုပ်ကောင်း တစ်ခုကို ပေးစွမ်းနိုင်သည်။
တချို့သောကိစ္စရပ်များတွင် ဒုတိယ Problem Tree ကို သုတေသန၏ နောက်ဆုံးအစီရင်ခံစာတွင်
တင်ပြနိုင်ခြင်းသည် ပိုမိုကောင်းမွန်သည်။
အောက်ဖော်ပြပါပုံသည်
သုတေသနစီမံကိန်းပြီးနောက် ရေးဆွဲထားသော စီမံကိန်းတစ်ရပ်ဖြစ်သည်။ ပြဿနာရပ်မှာ ကျန်းမာရေးကိစ္စနှင့် ဆက်နွယ်ပြီး လူမှုရေးကိစ္စရပ်များကို
တိုက်ရိုက်ဖော်ပြထားခြင်းမရှိပေ။ ထို့အပြင်
သုတေသနအပြီးတွင်ရေးဆွဲသော Problem Tree သည် မူလအကျိုးတရား အချို့နှင့် တဆင့်ခံ (သွယ်ဝိုက်)
အကျိုးတရားအချို့ကိုဖော်ပြနိုင်သည်။
|
Reference - Introduction to Social Research |
Comments
Post a Comment