Skip to main content

How to write a research proposal? (part - 1)


Unicode

သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)

 ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။
အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။  
သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ Introduction
၂။ Background of the Study
၃။ Research Problem
၄။ Objective of the Study
၅။ Research Question
၆။ Scope of the Study
၇။ Relevance of the Study
၈။ Research Methodology
    (၁) Research Design
    (၂) Sampling Methods and Data Collection
၉။ Data Analysis
၁၀။ Study Time Frame
၁၁။ Budget of the Research
၁၂။ Summary တို့ဖြစ်ကြသည်။


၁။ Introduction

သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduction တွင် မိမိလေ့လာမည့် အကြောင်းအရာနှင့်ပတ်သည့်အကြောင်းကို စတင်၍ နိဒါန်း/ မိတ်ဆက်ခြင်းအနေဖြင့် စာစီစာကုံးတစ်ခုရေးသားသကဲ့သို့ စာမျက်နှာ ၂ မျက်နှာမှ ၃ မျက်နှာအထိရေးသားသင့်သည်။ 
ဥပမာ - ကုမ္ပဏီတစ်ခု၏ Recruit and Selection Practices ကိုလေ့လာမည့် သုတေသန စာတမ်းအတွက် အဆိုပြုလွှာတစ်စောင်ရေးသားသည်ဆိုကြပါစို့။ 
ပထမဆုံးအနေဖြင့် Introduction တွင် Recruit and Selection သည် HR Department ၏ အဓိကအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ Recruit and Selection Practices သည် အဖွဲ့အစည်းတစ်ခုအနေဖြင့် မည်ကဲ့သို့ အရေးပါကြောင်း၊ Recruit and Selection Practices ကောင်းမွန်ပါက မည်ကဲ့သို့ အကျိုးရှိနိုင်ကြောင်း၊ ယခုခေတ်တွင် အဖွဲ့ အစည်းများမှာ Recruit and Selection နှင့် ပတ်သက်၍ မည်သို့မည်ပုံလုပ်ဆောင်နေကြကြောင်း၊ Recruit and Selection လုပ်ငန်းစဉ်နှင့် ပတ်သက်၍ Human Resource Management (HRM) လုပ်ငန်းများတွင် မည်ကဲ့သို့ လိုအပ်ကြောင်း၊ Recruit and Selection လုပ်ငန်းစဉ်တွင် မည်သည့်အချက်များပါဝင်ကြောင်း စသည်ဖြင့်ရေးသားရပါမည်။ 
ထို့အပြင် scholars များမှ ပြောကြားထားချက်များကိုလည်း ကိုးကားလျက်ထည့်သွင်းဖော်ပြနိုင်ပါသည်။ ဤသို့ဖြင့် လိုအပ်သလို စာမျက်နှာ ၂ မျက်နှာ (သို့) ၃ မျက်နှာခန့်ရေးသားပြီး နောက်ဆုံးတွင် မိမိတို့၏ အဖွဲ့အစည်းအောင်မြင်မှုရရှိနိုင်ရန် (သို့) ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ရန်အတွက် ဤသုတေသနကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြပြီး Introduction ရေးသားခြင်းကို အဆုံးသတ်နိုင်ပါသည်။


၂။ Background of the Study

မိမိလေ့လာနေတဲ့ သုတေသနကျမ်း သို့မဟုတ် စာတမ်းအတွက် Background ကိုရေးသားရာတွင် Introduction မှာ ရေးသားခဲ့သကဲ့သို့ပင် သက်ဆိုင်ရာအကြောင်းအရာ သို့မဟုတ် ၎င်းနှင့် ပတ်သက်နေသော လုပ်ငန်းတာဝန်များ ကို အနည်းငယ်အကျဉ်းချုပ်ဖော်ပြပြီး ဤ သုတေသနကျမ်း သို့မဟုတ် စာတမ်းကို ပြုစုပြီး သက်ဆိုင်ရာအဖွဲ့အစည်းကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်ကြောင်း စသည်ဖြင့် စာတစ်မျက်နှာခန့်ရေးသားနိုင်ပါသည်။ 
အထက်တွင်ဖော်ပြခဲ့သော ဥပမာ အရ Background ရေးသားရာတွင် Human Resource Management (HRM) တွင် လုပ်ငန်းတာဝန်များစွာရှိသည့်အနက်မှ Recruit and Selection လုပ်ငန်းစဉ်သည် အရေးပါသောလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ Recruit and Selection လုပ်ငန်းစဉ်ကြီး တစ်ခုလုံးတွင်လည်း မည်သည့်အချက်သည် အရေးအပါဆုံးဖြစ်ကြောင်း၊ Recruit and Selection လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းတွင် မည်သည့်အချက်များတိုးတက်ကောင်းမွန်လာနိုင်ကြောင်း စသည်တို့ကိုရေးသားလျက် သက်ဆိုင်ရာအဖွဲ့အစည်းတိုးတက်ကောင်းမွန်လာစေရန်အတွက် လူမှန်နေရာမှန်ကို ခန့်ထားနိုင်ရန် ဤစာတမ်းကို ပြုစုရကြောင်း စာမျက်နှာ ၁ မျက်နှာခန့်ရေးသားလျက် Background ရေးသားခြင်းကို အဆုံးသတ်နိုင်ပါသည်။  

၃။ Research Problem

သုတေသပြဿသနာကို ရှင်းလင်းစွာရေးသားဖော်ပြရမည်။ သုတေသနပြဿနာရေးသားခြင်း၊ ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ ယခင်ဖော်ပြပြီးသည်များကို အသေးစိတ်ဖတ်ရှုနိုင်သည်။ 
သုတေသနပြဿကို ဖော်ပြသည့် ဥပမာ - အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကုမ္ပဏီတစ်ခု၏ Recruit and Selection Practices ကိုလေ့လာသည့် သုတေသသနကို ပြန်လည်စဉ်းစားကြရအောင်။ သုသေန ပြဿနာကိုရေးသား ဖော်ပြရာတွင် လေ့လာနေသည့် ကုမ္ပဏိ၏ ရည်ရွယ်ချက်မှာ customer များကို အကောင်းဆုံး ဝန်ဆောင်မှုကို ပေးရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကောင်းဆုံးဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် မည်ကဲ့သို့ အရည်အသွေးရှိသည့် ဝန်ထမ်းများကို လိုအပ်ကြောင်း၊ လိုအပ်သည့် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက်လည်း လက်ရှိဝန်ထမ်းများကို ကောင်းမွန်စွာ လေ့ကျင့်ထားပြီးဖြစ်ကြောင်း။  သို့သော် လုပ်ငန်းလိုအပ်ချိန်တွင် လိုအပ်သော အရည်အသွေးရှိ ကျွမ်းကျင်ဝန်ထမ်းြတ်လပ်နေကြောင်း၊ စသည်များကို အကျဉ်းချုက်ဖော်ပြပြီး အဓိကပြဿနာမှာ "ဝန်ထမ်းများ အလုပ်ထွက်နှုန်းမြင့်မားနေကြောင်း" စသည်ဖြင့် ဖော်ပြပေးရန်ဖြစ်သည်။  အဓိကပြဿနာကို သေသေချာချာ ရှင်းရှင်းလင်းဖော်ပြပေးရန်အရေးကြီးပါသည်။
ထို့နောက် ဆက်၍ရေးမည်ဆိုပါက ဝန်ထမ်းများ အလုပ်ထွက်နှုန်း မြင့်မားနေသဖြင့် သက်ဆိုင်ရာ ကုမ္ပစီတွင် မည်ကဲ့သို့ နစ်နာဆုံးရှုံးမှုဖြစ်ပွားနေပြီး အလုပ်မြဲမည်ဆိုပါက မည်ကဲ့သို့အကျိုးရှိမည်စသည်ဖြင့် အနည်းငယ်အကျဉ်းချုပ်ဆက်ရေးနိုင်ပါသည်။

၄။ Objective of the Study

Objective ဆိုသည့်အတိုင်း သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရေးရမည်ဖြစ်သည်သည်။  သုတေသီကိုယ်တိုင် မိမိသည် ဤသုတေသနကို ဘာကြောင့်လုပ်သည်ကို ကိုယ်တိုင်သိရမည်ဖြစ်သည်။  ခိုင်လုံသောအကြောင်းပြချက်ရှိရမည်။ 
အထက်တွင်ဖော်ပြခဲ့သည့် ဥပမာအတိုင်း ကုမ္ပဏီတစ်ခု၏ Recruit and Selection Practices ကိုလေ့လာသော ဥပမာတွင် ရည်ရည်ရွယ်ချက်များကို ဖော်ပြပေးရမည်။  ဝန်ထမ်းစုဆောင်းရေးနှင့် ဝန်ထမ်းရွေးချယ်ရေးအလေ့အထ ကိုလေ့လာတာဘာကြောင့်လဲ၊ ဘာကိုလိုချင်လို့လဲ၊ စသည်တို့ကိုစဉ်စားကြည့်ကြပါ။  အောက်တွင် ဖော်ပြပါဥပမာအတွက် ရည်ရွယ်ချက် အချို့ကို ဖော်ပြထားပါသည်။
၁။ ကုမ္ပဏီ၏ ဝန်ထမ်းစုဆောင်းရေးနှင့် ဝန်ထမ်းရွေးချယ်ရေးအလေ့အထ ကို သိနိုင်ပြီး လိုအပ်ချက်များကို ဖြည့်စွက်ပြုပြင်ရန်။
၂။ ဝန်ထမ်းများ အလုပ်ထွက်ကြသည်မှာ ထိုအလေ့အထ၏ သက်ရောက်မှုကြောင့် ဖြစ်ခြင်း ရှိ/ မရှိကို စစ်ဆေးနိုင်ရန်။
၃။ ကုမ္ပဏီ၏ ဝန်ထမ်းစုဆောင်းရေးနှင့် ဝန်ထမ်းရွေးချယ်ရေးအလေ့အထ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် အကြံပြုချက်များ ပေးနိုင်ရန်
စသည်ဖြင့် သုတေသန ရည်ရွယ်ချက် ၃ ၊ ၄ ချက်ခန့် ဆိုလျှင်လုံလောက်ပါသည်။

၅။ Research Question

သုတေသနမေးခွန်းမှာ သုတေသနရည်ရွယ်ချက်နှင့် ဆက်စပ်ပြီး မေးရမည်ဖြစ်သည်။  အထက်ဖော်ပြပါဥပမာအရ သုတေသနမေးခွန်းမှာ -
၁။ ကုမ္ပဏီ၏ ဝန်ထမ်းစုဆောင်းရေးနှင့် ဝန်ထမ်းရွေးချယ်ရေးအလေ့အထတွေက ဘယ်လိုလဲ။  ဘာတွေလဲ။
၂။ ဝန်ထမ်းများ အလုပ်ထွက်ကြခြင်းနှင့် ပတ်သက်၍ ထိုအလေ့အထ၏ သက်ရောက်မှုက ဘာတွေလဲ။
၃။ လက်ရှိဝန်ထမ်းများမှာ ယခုကျင့်သုံးနေသော ဝန်ထမ်းစုဆောင်းရေးနှင့် ဝန်ထမ်းရွေးချယ်ရေးအလေ့အထတွေ အပေါ်မှာ စိတ်ကျေနပ်မှုရှိကြပါသလား။
၄။ လက်ရှိ ဝန်ထမ်းများမှာ သက်ဆိုင်ရာလုပ်ငန်းတာဝန်အပေါ် စိတ်ကျေနပ်မှုရရှိပါသလား။
စသည်ဖြင့် သုတေသနမေးခွန်းကို သုတေသန ရည်ရွယ်ချက်နှင့်ဆက်စပ်ပြီး မေးခွန်း ၃ ၊ ၄ ခုခန့်ဆိုလျှင်လုံလောက်ပါသည်။ 
(နောက်နေ့တွင် ဆက်လက်ဖော်ပြပေးပါမည်။)



Zawgyi

 သုေတသနအဆိုျပဳလႊာတစ္ေစာင္ေရးသားျခင္း (အပိုင္း - ၁)

ဒီေန႕ သုေတသီမ်ားအားလံုးအတြက္ အရမ္းအသံုးဝင္တဲ့ သုေတသန အဆိုျပဳလႊာေရးသားနည္း (Writing a Research Proposal) ကို ေရးသားတင္ဆက္လိုက္ပါတယ္။
အဖြဲ႕အစည္းအမ်ိဳးမ်ိဳး၊ သင္တန္းေက်ာင္းအမ်ိဳးမ်ိဳးအေနႏွင့္ သုေတသနအဆိုျပဳလႊာေရးသားပံုေရးသားနည္း ပံုစံ အမ်ိဳးမ်ိဳးရွိႏိုင္သည္။ သို႕ေသာ္ သုေတသနအဆိုျပဳလႊာေရးသားရာတြင္ ေယဘုယ်အားျဖင့္ ပါဝင္ရမည့္ အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္။ 
သုေတသနအဆိုျပဳလႊာေရးသားရာတြင္ ေယဘုယ် အားျဖင့္ ပါဝင္ရမည့္ အခ်က္အလက္ေခါင္းစဥ္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။
၁။ Introduction
၂။ Background of the Study
၃။ Research Problem
၄။ Objective of the Study
၅။ Research Question
၆။ Scope of the Study
၇။ Relevance of the Study
၈။ Research Methodology
    (၁) Research Design
    (၂) Sampling Methods and Data Collection
၉။ Data Analysis
၁၀။ Study Time Frame
၁၁။ Budget of the Research
၁၂။ Summary တို႕ျဖစ္ၾကသည္။


 ၁။ Introduction

သုေတသနအဆိုျပဳလႊာေရးသားရာတြင္ ပထမဆံုးအေနျဖင့္ Introduction ကို စတင္ေရးသားရမည္။  Introduction တြင္ မိမိေလ့လာမည့္ အေၾကာင္းအရာႏွင့္ပတ္သည့္အေၾကာင္းကို စတင္၍ နိဒါန္း/ မိတ္ဆက္ျခင္းအေနျဖင့္ စာစီစာကံုးတစ္ခုေရးသားသကဲ့သို႕ စာမ်က္ႏွာ ၂ မ်က္ႏွာမွ ၃ မ်က္နွာအထိေရးသားသင့္သည္။ 
ဥပမာ - ကုမၸဏီတစ္ခု၏ Recruit and Selection Practices ကိုေလ့လာမည့္ သုေတသန စာတမ္းအတြက္ အဆိုျပဳလႊာတစ္ေစာင္ေရးသားသည္ဆိုၾကပါစို႕။ 
ပထမဆံုးအေနျဖင့္ Introduction တြင္ Recruit and Selection သည္ HR Department ၏ အဓိကအေရးပါတဲ့ လုပ္ငန္းစဥ္တစ္ခုျဖစ္ေၾကာင္း၊ Recruit and Selection Practices သည္ အဖြဲ႕အစည္းတစ္ခုအေနျဖင့္ မည္ကဲ့သို႕ အေရးပါေၾကာင္း၊ Recruit and Selection Practices ေကာင္းမြန္ပါက မည္ကဲ့သို႕ အက်ိဳးရွိႏိုင္ေၾကာင္း၊ ယခုေခတ္တြင္ အဖြဲ႕ အစည္းမ်ားမွာ Recruit and Selection ႏွင့္ ပတ္သက္၍ မည္သို႕မည္ပံုလုပ္ေဆာင္ေနၾကေၾကာင္း၊ Recruit and Selection လုပ္ငန္းစဥ္ႏွင့္ ပတ္သက္၍ Human Resource Management (HRM) လုပ္ငန္းမ်ားတြင္ မည္ကဲ့သို႕ လိုအပ္ေၾကာင္း၊ Recruit and Selection လုပ္ငန္းစဥ္တြင္ မည္သည့္အခ်က္မ်ားပါဝင္ေၾကာင္း စသည္ျဖင့္ေရးသားရပါမည္။ 
ထို႕အျပင္ scholars မ်ားမွ ေျပာၾကားထားခ်က္မ်ားကိုလည္း ကိုးကားလ်က္ထည့္သြင္းေဖာ္ျပႏိုင္ပါသည္။ ဤသို႕ျဖင့္ လိုအပ္သလို စာမ်က္ႏွာ ၂ မ်က္ႏွာ (သို႕) ၃ မ်က္ႏွာခန္႕ေရးသားျပီး ေနာက္ဆံုးတြင္ မိမိတို႕၏ အဖြဲ႕အစည္းေအာင္ျမင္မွဳရရွိႏိုင္ရန္ (သို႕) ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိႏိုင္ရန္အတြက္ ဤသုေတသနကို ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ေရးသားေဖာ္ျပျပီး Introduction ေရးသားျခင္းကို အဆံုးသတ္ႏိုင္ပါသည္။


၂။ Background of the Study

မိမိေလ့လာေနတဲ့ သုေတသနက်မ္း သို႕မဟုတ္ စာတမ္းအတြက္ Background ကိုေရးသားရာတြင္ Introduction မွာ ေရးသားခဲ့သကဲ့သို႕ပင္ သက္ဆိုင္ရာအေၾကာင္းအရာ သို႕မဟုတ္ ၄င္းႏွင့္ ပတ္သက္ေနေသာ လုပ္ငန္းတာဝန္မ်ား ကို အနည္းငယ္အက်ဥ္းခ်ဳပ္ေဖာ္ျပျပီး ဤ သုေတသနက်မ္း သို႕မဟုတ္ စာတမ္းကို ျပဳစုျပီး သက္ဆိုင္ရာအဖြဲ႕အစည္းကို တိုးတက္ေကာင္းမြန္ေအာင္ျပဳလုပ္ႏိုင္ေၾကာင္း စသည္ျဖင့္ စာတစ္မ်က္ႏွာခန္႕ေရးသားႏိုင္ပါသည္။ 
အထက္တြင္ေဖာ္ျပခဲ့ေသာ ဥပမာ အရ Background ေရးသားရာတြင္ Human Resource Management (HRM) တြင္ လုပ္ငန္းတာဝန္မ်ားစြာရွိသည့္အနက္မွ Recruit and Selection လုပ္ငန္းစဥ္သည္ အေရးပါေသာလုပ္ငန္းစဥ္တစ္ခုျဖစ္ေၾကာင္း၊ Recruit and Selection လုပ္ငန္းစဥ္ၾကီး တစ္ခုလံုးတြင္လည္း မည္သည့္အခ်က္သည္ အေရးအပါဆံုးျဖစ္ေၾကာင္း၊ Recruit and Selection လုပ္ငန္းစဥ္ကို တိုးတက္ေကာင္းမြန္ေအာင္ျပဳလုပ္ျခင္းျဖင့္ သက္ဆိုင္ရာအဖြဲ႕အစည္းတြင္ မည္သည့္အခ်က္မ်ားတိုးတက္ေကာင္းမြန္လာႏိုင္ေၾကာင္း စသည္တို႕ကိုေရးသားလ်က္ သက္ဆိုင္ရာအဖြဲ႕အစည္းတိုးတက္ေကာင္းမြန္လာေစရန္အတြက္ လူမွန္ေနရာမွန္ကို ခန္႕ထားႏိုင္ရန္ ဤစာတမ္းကို ျပဳစုရေၾကာင္း စာမ်က္ႏွာ ၁ မ်က္ႏွာခန္႕ေရးသားလ်က္ Background ေရးသားျခင္းကို အဆံုးသတ္ႏိုင္ပါသည္။  

၃။ Research Problem

သုေတသျပႆသနာကို ရွင္းလင္းစြာေရးသားေဖာ္ျပရမည္။ သုေတသနျပႆနာေရးသားျခင္း၊ ျပဳလုပ္ျခင္းမ်ားႏွင့္ ပတ္သက္၍ ယခင္ေဖာ္ျပျပီးသည္မ်ားကို အေသးစိတ္ဖတ္ရွဳႏိုင္သည္။ 
သုေတသနျပႆကို ေဖာ္ျပသည့္ ဥပမာ - အထက္တြင္ေဖာ္ျပခဲ့သည့္အတိုင္း ကုမၸဏီတစ္ခု၏ Recruit and Selection Practices ကိုေလ့လာသည့္ သုေတသသနကို ျပန္လည္စဥ္းစားၾကရေအာင္။ သုေသန ျပႆနာကိုေရးသား ေဖာ္ျပရာတြင္ ေလ့လာေနသည့္ ကုမၸဏိ၏ ရည္ရြယ္ခ်က္မွာ customer မ်ားကို အေကာင္းဆံုး ဝန္ေဆာင္မွဳကို ေပးရန္ျဖစ္ေၾကာင္း၊ ထိုကဲ့သို႕ အေကာင္းဆံုးဝန္ေဆာင္မွဳမ်ားကို ေပးႏိုင္ရန္အတြက္ မည္ကဲ့သို႕ အရည္အေသြးရွိသည့္ ဝန္ထမ္းမ်ားကို လိုအပ္ေၾကာင္း၊ လိုအပ္သည့္ ဝန္ေဆာင္မွဳမ်ားကို ေပးႏိုင္ရန္အတြက္လည္း လက္၇ွိဝန္ထမ္းမ်ားကို ေကာင္းမြန္စြာ ေလ့က်င့္ထားျပီးျဖစ္ေၾကာင္း။  သို႕ေသာ္ လုပ္ငန္းလိုအပ္ခိ်န္တြင္ လိုအပ္ေသာ အရည္အေသြးရွိ ကၽြမ္းက်င္ဝန္ထမ္းျတ္လပ္ေနေၾကာင္း၊ စသည္မ်ားကို အက်ဥ္းခ်ဳက္ေဖာ္ျပျပီး အဓိကျပႆနာမွာ "ဝန္ထမ္းမ်ား အလုပ္ထြက္ႏွဳန္းျမင့္မားေနေၾကာင္း" စသည္ျဖင့္ ေဖာ္ျပေပးရန္ျဖစ္သည္။  အဓိကျပႆနာကို ေသေသခ်ာခ်ာ ရွင္းရွင္းလင္းေဖာ္ျပေပးရန္အေရးၾကီးပါသည္။
ထို႕ေနာက္ ဆက္၍ေရးမည္ဆိုပါက ဝန္ထမ္းမ်ား အလုပ္ထြက္ႏွဳန္း ျမင့္မားေနသျဖင့္ သက္ဆိုင္ရာ ကုမၸစီတြင္ မည္ကဲ့သို႕ နစ္နာဆံုးရွံဳးမွဳျဖစ္ပြားေနျပီး အလုပ္ျမဲမည္ဆိုပါက မည္ကဲ့သို႕အက်ိဳးရွိမည္စသည္ျဖင့္ အနည္းငယ္အက်ဥ္းခ်ဳပ္ဆက္ေရးႏိုင္ပါသည္။

၄။ Objective of the Study

Objective ဆိုသည့္အတိုင္း သုေတသနျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မ်ားကို ေရးရမည္ျဖစ္သည္သည္။  သုေတသီကိုယ္တိုင္ မိမိသည္ ဤသုေတသနကို ဘာေၾကာင့္လုပ္သည္ကို ကိုယ္တိုင္သိရမည္ျဖစ္သည္။  ခိုင္လံုေသာအေၾကာင္းျပခ်က္ရွိရမည္။ 
အထက္တြင္ေဖာ္ျပခဲ့သည့္ ဥပမာအတိုင္း ကုမၸဏီတစ္ခု၏ Recruit and Selection Practices ကိုေလ့လာေသာ ဥပမာတြင္ ရည္ရည္ရြယ္ခ်က္မ်ားကို ေဖာ္ျပေပးရမည္။  ဝန္ထမ္းစုေဆာင္းေရးႏွင့္ ဝန္ထမ္းေရြးခ်ယ္ေရးအေလ့အထ ကိုေလ့လာတာဘာေၾကာင့္လဲ၊ ဘာကိုလိုခ်င္လို႕လဲ၊ စသည္တို႕ကိုစဥ္စားၾကည့္ၾကပါ။  ေအာက္တြင္ ေဖာ္ျပပါဥပမာအတြက္ ရည္ရြယ္ခ်က္ အခ်ိဳ႕ကို ေဖာ္ျပထားပါသည္။
၁။ ကုမၸဏီ၏ ဝန္ထမ္းစုေဆာင္းေရးႏွင့္ ဝန္ထမ္းေရြးခ်ယ္ေရးအေလ့အထ ကို သိႏိုင္ျပီး လိုအပ္ခ်က္မ်ားကို ျဖည့္စြက္ျပဳျပင္ရန္။
၂။ ဝန္ထမ္းမ်ား အလုပ္ထြက္ၾကသည္မွာ ထိုအေလ့အထ၏ သက္ေရာက္မွဳေၾကာင့္ ျဖစ္ျခင္း ရွိ/ မ၇ွိကို စစ္ေဆးႏိုင္ရန္။
၃။ ကုမၸဏီ၏ ဝန္ထမ္းစုေဆာင္းေရးႏွင့္ ဝန္ထမ္းေရြးခ်ယ္ေရးအေလ့အထ ပိုမိုတိုးတက္ေကာင္းမြန္လာေစရန္အတြက္ အၾကံျပဳခ်က္မ်ား ေပးႏိုင္ရန္
စသည္ျဖင့္ သုေတသန ရည္ရြယ္ခ်က္ ၃ ၊ ၄ ခ်က္ခန္႕ ဆိုလွ်င္လံုေလာက္ပါသည္။

၅။ Research Question

သုေတသနေမးခြန္းမွာ သုေတသနရည္ရြယ္ခ်က္ႏွင့္ ဆက္စပ္ျပီး ေမးရမည္ျဖစ္သည္။  အထက္ေဖာ္ျပပါဥပမာအရ သုေတသနေမးခြန္းမွာ -
၁။ ကုမၸဏီ၏ ဝန္ထမ္းစုေဆာင္းေရးႏွင့္ ဝန္ထမ္းေရြးခ်ယ္ေရးအေလ့အထေတြက ဘယ္လိုလဲ။  ဘာေတြလဲ။
၂။ ဝန္ထမ္းမ်ား အလုပ္ထြက္ၾကျခင္းႏွင့္ ပတ္သက္၍ ထိုအေလ့အထ၏ သက္ေရာက္မွဳက ဘာေတြလဲ။
၃။ လက္ရွိဝန္ထမ္းမ်ားမွာ ယခုက်င့္သံုးေနေသာ ဝန္ထမ္းစုေဆာင္းေရးႏွင့္ ဝန္ထမ္းေရြးခ်ယ္ေရးအေလ့အထေတြ အေပၚမွာ စိတ္ေက်နပ္မွဳရွိၾကပါသလား။
၄။ လက္ရွိ ဝန္ထမ္းမ်ားမွာ သက္ဆိုင္ရာလုပ္ငန္းတာဝန္အေပၚ စိတ္ေက်နပ္မွဳရရွိပါသလား။
စသည္ျဖင့္ သုေတသနေမးခြန္းကို သုေတသန ရည္ရြယ္ခ်က္ႏွင့္ဆက္စပ္ျပီး ေမးခြန္း ၃ ၊ ၄ ခုခန္႕ဆိုလွ်င္လံုေလာက္ပါသည္။ 
(ေနာက္ေန႕တြင္ ဆက္လက္ေဖာ္ျပေပးပါမည္။)


Comments

Popular posts from this blog

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ