Unicode
သုတေသီမှ သုံးစွဲရမည့် ငွေ၊ အချိန် နှင့် တခြားအရင်းအမြစ်ပေါ်မူတည်၍ data စုဆောင်းသည့် နည်းလမ်းများစွာ ရှိပါသည်။ လက်တွေ့စမ်းသပ်မှုနှင့် စစ်တမ်းများ (survey) မှ primary data ကိုရယူနိုင်သည်။ သုတေသီသည် လက်တွေ့စမ်းသပ်မှုပြုလုပ်လိုလျှင် data သို့မဟုတ် အရေအတွက် ချဉ်းကပ်မှုဆိုင်ရာ တိုင်းတာမှုကို လေ့လာစောင့်ကြည့်မှုပြုလျက် သူ၏ အဆိုကြမ်းတွင်ပါဝင်သော မှန်ကန်မှုကို စစ်ဆေးနိုင်သည်။ သို့သော် စစ်တမ်းကောက်ယူသောအခါ data များကို အောက်ပါနည်းစနစ်များဖြင့် စုဆောင်းနိုင်သည်။
သုတေသီများသည် စုံစမ်းမေးမြန်းခြင်း ပုံစံ၊ မေးမြန်းမှု၏ ရည်ရွယ်ချက်နှင့် နယ်ပယ်၊ ငွေကြေးရင်းမြစ်များ၊ အချိန်အတိုင်းအတာ နှင့် တိကျမှန်ကန်မှု အဆင့်အတန်း တို့အရ အထက်ဖော်ပြပါနည်းလမ်းများထဲမှ တစ်ခုကို ရွေးယူ၍ data စုဆောင်းရပါသည်။ ဤအချက်အလက်များအားလုံးကို အာရုံစိုက်ရသော်လည်း သုတေသနသည် သုတေသီ၏ အတွေ့အကြုံနှင့် စွမ်းရည်တို့အပေါ်တွင် များစွာမူတည်သည်။
Zawgyi
ဒေတာ စုဆောင်းခြင်း (Data Collection)
မိမိတွင် ရှိနေသော data များဖြင့် တကယ့်လက်တွေ့ ပြဿနာများကို ဖြေရှင်းရာတွင် လုံလောက်မှုမရှိသည်ကို တွေ့ရသောအခါ သင့်တော်သော data များကို စုဆောင်းရန်လိုအပ်လာသည်။သုတေသီမှ သုံးစွဲရမည့် ငွေ၊ အချိန် နှင့် တခြားအရင်းအမြစ်ပေါ်မူတည်၍ data စုဆောင်းသည့် နည်းလမ်းများစွာ ရှိပါသည်။ လက်တွေ့စမ်းသပ်မှုနှင့် စစ်တမ်းများ (survey) မှ primary data ကိုရယူနိုင်သည်။ သုတေသီသည် လက်တွေ့စမ်းသပ်မှုပြုလုပ်လိုလျှင် data သို့မဟုတ် အရေအတွက် ချဉ်းကပ်မှုဆိုင်ရာ တိုင်းတာမှုကို လေ့လာစောင့်ကြည့်မှုပြုလျက် သူ၏ အဆိုကြမ်းတွင်ပါဝင်သော မှန်ကန်မှုကို စစ်ဆေးနိုင်သည်။ သို့သော် စစ်တမ်းကောက်ယူသောအခါ data များကို အောက်ပါနည်းစနစ်များဖြင့် စုဆောင်းနိုင်သည်။
(၁) စောင့်ကြည့်လေ့လာခြင်း (By observation)
ဤနည်းသည် အင်တာဗျူး မပြုလုပ်ဘဲ စုံစမ်းလေ့လာသူမှ သတင်းအချက်အလက်များကို ကိုယ်တိုင်စောင့်ကြည့်လေ့လာခြင်းဖြစ်သည်။ ရရှိလာသော သတင်းအချက်အလက်များမှာ အတိတ်၊ အနာဂတ်တို့ နှင့် မပတ်သက်ဘဲ လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများဖြစ်သည်။ ဤနည်းလမ်းသည် ကုန်ကျစရိတ်များသော နည်းလမ်းဖြစ်ပြီး သတင်းအချက်အလက်များကိုလည်း အကန့်အသတ် ဖြင့်သာရရှိသည်။ ဤနည်းလမ်းသည် sample size ကြီးသောအခါ အသုံးပြုရန်မသင့်တော်ပါ။(၂) ပုဂ္ဂိုလ်ရေး အရ အင်တာဗျူး ပြုလုပ်ခြင်း (Personal interview)
စုံစမ်းမေးမြန်းသူသည် ကြိုတင်ပြင်ဆင်ထားသော မေးခွန်းစဉ်ဖြင့် ဖြေကြားသူအား ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက် အင်တာဗျူးပြုလုပ်လျက် အဖြေများရရှိအောင်ပြုလုပ်ရသည်။ ဤနည်းလမ်းတွင် အင်တာဗျူး မေးရန် မေးခွန်းများကို စနစ်တကျ ကြိုတင်စီစဉ်ထားရသည်။ ထို့အပြင် အင်တာဗျူးမေးသူ၏ စွမ်းရည်ပေါ်မူတည်၍ ပိုမိုကောင်းမွန်သော ဖြေကြားချက်များကို ရရှိနိုင်သည်။(၃) တယ်လီဖုန်းဖြင့် အင်တာဗျူး ပြုလုပ်ခြင်း (Telephone interview)
ဤနည်းလမ်းမှာ ဖြေကြားသူအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလျက် သတင်း အချက်အလက်များ ရယူ စုဆောင်းခြင်းဖြစ်ပါသည်။ ဤနည်းလမ်းကို တွင်ကျယ်စွာ အသုံးပြုမှုမရှိသော်လည်း ဖွံ့ဖြိုးပြီးနေရာများတွင် လုပ်ငန်းပိုင်းဆိုင်ရာ စစ်တမ်းများကောက်ယူရာတွင် အရေးပါသည်။ အထူးသဖြင့် အချိန်ကန့်သတ်မှု အလွန်ရှိနေသောအခါသုံးပါသည်။(၄) စစ်တမ်းမေးခွန်းလွှာပို့၍ မေးမြန်းခြင်း (By mailing of questionnaires)
ဤနည်းကို သုတေသီနှင့် ဖြေကြားသူတို့ တစ်ဦးနှင့် တစ်ဦး အဝေးမှ အဆက်အသွယ်လုပ် ကြသောအခါ အသုံးပြုသည်။ သုတေသီမှ စစ်တမ်းမေးခွန်းလွှာကို ဖြေကြားသူထံသို့ စာတိုက်မှ စာပို့ခြင်းဖြစ်သည်။ မေးခွန်းစဉ်ဇယားနှင့်တွဲဖက်လျက် ပါရှိသည်မှာ မေးခွန်းများဖြေပြီးပါက ပို့လိုက်သည့် လိပ်စာအတိုင်းပြန်လည် ပို့ဆောင်ရန် တောင်းဆိုထားမှု ပါရှိသည်။ ဤနည်းကို စီးပွားရေးနှင့် လုပ်ငန်းများဆိုင်ရာ စစ်တမ်းအမျိုးမျိုး အတွက် တွင်ကျယ်စွာအသုံးပြုသည်။ ဖြေကြားသူများထံသို စစ်တမ်းမေးခွန်းလွှာ မပို့မီ မိမိမေးလိုသောမေးခွန်းများ၏ အားနည်းချက်များကို သိစေရန် ရှေးဦးလေ့လာမှု (Pilot study) တစ်ခုပြုလုပ်ရမည်။ သက်ဆိုင်ရာသတင်းအချက်အလက်များကို ထိမိစွာ စုဆောင်ရရှိစေရန် အသုံးပြုမည့် စစ်တမ်းမေးခွန်းလွှာကို ဂရုတစိုက်ကြိုတင်ပြင်ဆင်ရမည်။(၅) မေးခွန်း စာရင်းဇယားများပြုလုပ်မေးမြန်းခြင်း (Through schedules)
ဤနည်းတွင် ဒေတာစုဆောင်းသူ (data collector) / စာရင်းကောက်သူများ (enumerators) ကို ခန့်ထားပြီး ၎င်းတို့အား သက်ဆိုင်ရာမေးခွန်းများပါဝင်သည့် ဇယားများကို လေ့ကျင့်သင်ကြားပေးရသည်။ ဒတာစုဆောင်းသူ/ စာရင်းကောက်များသည် ဤမေးခွန်းများကိုယူဆောင်လျက် မေးခွန်း ဖြေကြားမည့်သူများထံသို့ သွားရောက်မေးမြန်းရသည်။ ဒေတာစုဆောင်းသူများသည် ဖြေကြားသူများထံမှ ရရှိသော Data များကို မေးခွန်းစားရင်များတွင် ဖြည့်လျက်စုဆောင်းရသည်။ ဤနည်းသည် စာရင်းကောက်များ၏ စွမ်းဆောင်ပေါ်တွင် များစွာမှီခိုနေသည်။သုတေသီများသည် စုံစမ်းမေးမြန်းခြင်း ပုံစံ၊ မေးမြန်းမှု၏ ရည်ရွယ်ချက်နှင့် နယ်ပယ်၊ ငွေကြေးရင်းမြစ်များ၊ အချိန်အတိုင်းအတာ နှင့် တိကျမှန်ကန်မှု အဆင့်အတန်း တို့အရ အထက်ဖော်ပြပါနည်းလမ်းများထဲမှ တစ်ခုကို ရွေးယူ၍ data စုဆောင်းရပါသည်။ ဤအချက်အလက်များအားလုံးကို အာရုံစိုက်ရသော်လည်း သုတေသနသည် သုတေသီ၏ အတွေ့အကြုံနှင့် စွမ်းရည်တို့အပေါ်တွင် များစွာမူတည်သည်။
Zawgyi
Comments
Post a Comment