Skip to main content

Research Process Step - 2 - About Literature Review

 Unicode

(ခ) သုေတသနလုပ္ငန္းစဥ္ အဆင့္ (၂) – Literature Review ႏွင့္ ပတ္သက္၍

Literature review တွင် သက်ဆိုင်ရာအကြောင်းအရာနယ်ပယ်ရှိ ပုံနှိပ်ထုတ်ဝေထားသော သတင်း အချက်အလက်များကို ဆွေးနွေးထားသည်။  တစ်ခါတစ်ရံတွင် ထိုသတင်း အချက်အလက်များမှာ အချိန်ကာလ တစ်ခုအတွင်းဖြစ်ပျက်ခဲ့သည့် အရာများဖြစ်သည်။  Literature review သည် သက်ဆိုင်ရာ အရင်းအမြစ်များ ၏ အကျဉ်းချုပ်မျှသာဖြစ်နိုင်သည်။  သို့သော် literature review တွင်အစဉ်သဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ပုံစံတစ်ခု ရှိပြီးအကျဉ်းချုပ်နှင့် ဖွဲ့စည်းမှုတို့ကို ပေါင်းစပ်ထားသည်။  အကျဉ်းချုပ်မှာ အရင်းအမြစ်များရှိ  အရေးပါသော သတင်းအချက်အလက်များ ကို ပြန်လည် စဉ်းစား တွေးတောခြင်း ဖြစ်ပြီး ဖွဲ့စည်းမှုမှာ ထိုသတင်း အချက်အလက်များ ကို ပြန်လည်ဖွဲ့စည်းခြင်း သို့မဟုတ် ပြန်လည်ရောနှောထားခြင်းဖြစ်သည်။  Literature Review သည် ယခင်ပြုလုပ်ဖော်ပြပြီး၊ တွေ့ရှိပြီးသော အရာများကို ပြန်လည်ဖော်ပြခြင်း သို့မဟုတ် ယခင် ဖော်ပြချက်များကို ပြန်လည်၍ ပေါင်းစပ်ဖွဲ့စည်းမှု ပြုလုပ်ခြင်းဖြစ်သည်။  ၎င်းသည်  အဓိက ဆွေးနွေးချက်များ အပါဝင် အသိဉာဏ်နှင့် သက်ဆိုင်သော နယ်ပယ်ဆီသို့ ရောက်အောင် လမ်းကြောင်းပေးနိုင်သည်။  အခြေအနေအရ literature review သည် သက်ဆိုင်ရာအရင်းအမြစ်များကို အကဲဖြတ်သုံးသပ်နိုင်ပြီး သုတေသီအတွက် သင့်တော်မှန်ကန်ဆုံးသောအရာများကို အကြံပြုနိုင်သည်။
 


Ph.D သို့မဟုတ် Master ကျမ်းပြုနေသူများအတွက် မဖြစ်မနေ  ပြုလုပ်ရမည်မှာ ခေါင်းစဉ်၏အနှစ်ချုပ်ကို ရေးရန်နှင့် သက်ဆိုင်ရာ ကော်မတီသို့ တင်သွင်းရန် လိုအပ်သည်။  ဤနေရာတွင် သုတေသီသည် သုတေသနပြဿနာနှင့် ဆက်သွယ်နေသော Literature Review ကို ဆောင်ရွက်သင့်သည်။  ဤရည်ရွယ်ချက်အတွက် ပထမဦးစွာရှာဖွေရမည်မှာ ထုတ်နုတ်ညွှန်းဆို ကိုးကားထားသော ဂျာနယ်များ၊ ပုံနှိပ်ထုတ်ဝေထားသော ကျမ်းကိုးစာရင်းများနှင့် ပုံနှိပ်မထားသော စာပေများဖြစ်သည်။  သုတေသနပြဿနာပေါ်မူတည်၍ ပညာရေးဆိုင်ရာ ဂျာနယ်များ၊ မှတ်တမ်းများစသော စာအုပ်စာပေအမျိုးမျိုး ကို ဖတ်ရှုလေ့လာရမည်။  ဤအဆင့်တွင် စာအုပ်မျိုးစုံသော စာကြည့်တိုက်သည် သုတေသီအား ကောင်းမွန်စွာ ကူညီပါလိမ့်မည်။
မည်သည့်သုတေသနတွင်မဆို ရွေးချယ်ထားသောခေါင်းစဉ်နှင့်သက်ဆိုင်သည့် နယ်ပယ်တွင် သုတေသနပြုပြီးသား အကြောင်းအရာများကို သိရှိနားလည်ရန် အရေးကြီးသည်။  သုတေသီသည် မိမိကိုယ်တိုင် သက်ဆိုင်ရာမေးခွန်းများ၏ အဖြေများကို စဉ်းစားသောအခါ literature review ၏ အရေးပါပုံကို သိမြင်လာနိုင်သည်။  သုတေသီတစ်ဦးအနေဖြင့် စုံစမ်းစစ်ဆေးရန်အတွက် စဉ်းစားထားသော သုတေသန ခေါင်းစဉ်နှင့် သက်ဆိုင်သည့် အောက်ပါမေးခွန်းများ၏ အဖြေများကို သိရန်လိုအပ်သည်။


၁။ ရွေးချယ်ထားသော ခေါင်းစဉ်နှင့်သက်ဆိုင်သည့် သုတေသနမျိုးပြုလုပ်ပြီးပြီလား။
၂။ ထိုနယ်ပယ်ထဲမှ ကျွမ်းကျင်သူတွေက ဘယ်သူတွေလဲ။
၃။ အဓိက သီဟိုရီနှင့်သက်ဆိုင်သော အတွေးအမြင်တွေက ဘာတွေလဲ။
၄။ သက်ဆိုင်ရာခေါင်းစဉ်ထဲတွင် ယေဘုယျ အသုံးပြုထားသော research methods တွေက ဘာတွေလဲ။
၅။ သက်ဆိုင်ရာ ခေါင်းစဉ်နှင့်ပတ်သက်၍ သုတေသနပြုလုပ်ရာတွင် အဓိက ပြဿနာကဘာတွေလဲ။
၆။ သက်ဆိုင်ရာနယ်ပယ်ထဲတွင် အငြင်းပွားစရာများရှိသလား။
၇။ သက်ဆိုင်ရာအကြောင်းအရာသည် hypothesis testing လုပ်ရန်လိုအပ်သလား။
၈။ သက်ဆိုင်ရာခေါင်းစဉ်သည် အရေးပါ အရာရောက်မှုရှိပါသလား။
အထက်ဖော်ပြပါမေးခွန်းများအတွက် ကျေနပ်စရာကောင်းသောအဖြေရရန် နည်းလမ်းမှာ မိမိ၏သုတေသနခေါင်းစဉ်နှင့် ဆက်စပ်နေသော သုတေသနများကို ဖြစ်နိုင်သမျှ များများဖတ်ရန်ဖြစ်သည်။  မိမိ၏သုတေသနနှင့် သင့်တော်သည်ဟုထင်သော စာအုပ်စာတမ်းများကို ဖတ်ရှုခြင်းဖြင့် လိုအပ်သော အဖြေများကို ရရှိနိုင်ပါသည်။  


 (က) Literature Review ရေးသားရန်လိုအပ်ချက်များ

 Literature review ဆိုသည်မှာ သီးသန့်ခေါင်းစဉ်အကြောင်းအရာ များနှင့်  သက်ဆိုင်သည့်  ပုံနှိပ်ထားသော စာပေအရင်းအမြစ်များကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ထားခြင်းဖြစ်သည်။  Literature review သည် သက်ဆိုင်ရာ စာပေများကို ချင့်ချိန်ဝေဖန်ထားမှုများ ဖြစ်ပြီး အကျဉ်းချုပ်၊ အမျိုးအစား ခွဲခြား သတ်မှတ်ခြင်း၊ နှိုင်းယှဉ်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းများကိုလည်း ဖြည့်စွက်ပေးသည်။ Literature review ကို ယျေဘုယျအားဖြင့် အပိုင်းသုံးပိုင်း ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ - introduction, body and conclusion တို့ဖြစ်ကြသည်။ 

 ၁။ Literature review ကို ဘာကြောင့် ရေးသားရသနည်း

 သုတေသီသည် မိမိ၏ခေါင်းစဉ်နှင့်သက်ဆိုင်သော အကြောင်းအရာ စာပေများအပေါ် နားလည်မှု ကို ပြသရန်အတွက် Literature review ရေးသားရန်လိုအပ်သည်။  ထိုအခါ သက်ဆိုင်ရာ စာပေအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ထို့နောက် ပေါင်းစပ်ဖွဲ့စည်းခြင်းများ ပြုလုပ်ပြီး မိမိ၏ ခေါင်းစဉ်နှင့် သက်ဆိုင်သော အကြောင်းအရာ စာပေများကို နားလည်သဘောပေါက် ကြောင်း ပြသရသည်။  ထိုသို့ပြသသည့် ရည်ရွယ်ချက်များမှာ -
•    အကြောင်းအရာ ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ရေးသားပြီးထားသော အရာများကို သတ်မှတ်ရန်
•    အဓိက အယူအဆ အတွေးအခေါ်များ၏ ခြုံငုံသုံးသပ်မှုကို ဖြည့်စွက်ရန်
•    အဓိကဆက်သွယ်ချက်များ၊ ပုံစံများကို သတ်မှတ်ဖော်ပြရန်
•    အားနည်းချက်များနှင့် အားသာချက်များကို သတ်မှတ်ဖော်ပြရန်
•    သုတေသန အတွင်းရှိ ကွာဟမှုများကို သတ်မှတ်ဖော်ပြရန်
•    ကွဲလွဲနေသော သက်သေအထောက်အထားများကို သတ်မှတ်ဖော်ပြရန်
•    သုတေသန စာတမ်း စုံစမ်းစစ်ဆေးမှုအတွက် solid background ကိုဖြည့်စွက်ရန် တို့ဖြစ်ကြသည်။

၂။ Literature review ကို မရေးမီ ပြုလုပ်ရမည့် အချက်များ

 •    သင်၏ရည်ရွယ်ချက်ကို သတ်မှတ်ပါ။ (Literature reiew တွင် ဖော်ပြရန်လိုအပ်သောအရာများကို ရှာဖွေပါ။  သင်၏ literature review တွင် ထည့်သွင်းရေးသားရမှာတွေက ဘာတွေလဲ။  ဘာတွေကို တွေ့ရှိဖို့အတွက် ရှာဖွေနေသလဲ။ သင်ချဉ်းကပ်ရန် လိုအပ်သော အရာကိုသိရန်  သင်ရေးသားထားသော စာရွက်စာတမ်းများကို စစ်ဆေးပါ။)
•    သက်ဆိုင်ရာစာပေများကို ချဲ့ထွင်ကျယ်ပြန်စွာရှာဖွေပါ။ (သက်ဆိုင်ရာခေါင်းစဉ်အတွက် ရေးသားထားသော စာပေများကိုရှာဖွေပါ။)
•    ဘယ်လိုစာပေအမျိုးအစားလဲ။ (သင့်တော်သော  resources အင်အား အရင်းအမြစ်များ ကိုရွေးချယ်ပါ။ ခွင့်ပြုချက်ရှိသော၊ လက်ရှိအခြေအနေနှင့် ဆက်စပ်နေသော၊ ဆက်စပ်နှီးနွယ်မှုရှိသော ပညာရေးဆိုင်ရာ သို့မဟုတ် ပညာရှင်များ ဖော်ပြသော အရင်းအမြစ်အမျိုးမျိုးကို အသုံးပြုပါ။  မိမိ၏ခေါင်းစဉ် အကြောင်းအရာများနှင့် ဆက်စပ်နှီးနွယ်သောအရာ များကို ချဲ့ထွင် သုံးသပ်ရာတွင် စာအုပ်စာတမ်းများ၊ ဆောင်းပါးများ၊ မှတ်တမ်းများ၊ အစိုးရမှ တရားဝင်ထုတ်ဝေထားသော စာရွက်စာ တမ်းများ၊ အစည်းအဝေးမှတ်တမ်းများနှင့် အင်တာနက် အရင်းအမြစ်များ အားလုံးပါဝင်လိမ့်မည်။  စာအုပ်များစွာစုံလင်သည့် စာကြည့်တိုက်မှာ သုတေသီလိုအပ်နေသော အရင်းအမြစ်များကို ရှာဖွေရန်အကောင်းဆုံးနေရာဖြစ်သည်။)
•    အရင်းအမြစ်က ဘယ်နှစ်ခုလဲ။ How many resources? (အရင်းအမြစ်များ၏ အရေအတွက်မှာ သက်ဆိုင်ရာ အကြောင်းအရာအတွက် သင်၏ကြိုတင်လေ့လာထားပုံနှင့် သုတေသန ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အပေါ်တွင်မူတည်သည်။ ရည်ရွယ်ချက်ဆိုရာတွင် Undergraduate level အတွက်ဆိုလျှင် အနည်းဆုံး အရင်းအမြစ် ငါးခုမှနေ၍ သုတေသနကျမ်းတစ်စောင်ပြုစုမည်ဆိုလျှင် အနည်းဆုံး အရင်းအမြစ် ငါးဆယ်အထိ လိုအပ်သည်။ )
•    စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခြင်းနှင့်ဆိုင်သော အသေးစိတ်အချက်များကို မှတ်သားပါ။ (ပုံနှိပ်ထုတ်ဝေထားသော စာအုပ်စာတမ်းများ၏ ခေါင်းစဉ်၊ ရက်စွဲ၊ စာရေးဆရာများ၏ အမည်များ၊ စာမျက်နှာများ၊ ထုတ်ဝေသူများကိို မှတ်သားထားပါ။  ဤအသေးစိတ်အချက်အလက်များ သည် နောင်အခါ သင့်ကို အချိန်သက်သာစေပါသည်။)
•    စာပေများကိုဖတ်ရှုပါ။ (၁။ အရင်းအမြစ်တစ်ခုစီကို အသေးစိတ် ဖတ်ရှုပြီး ယေဖန်သုံးသပ်မှုပြုလုပ်ပါ။ အချက်အလက်များထက် အငြင်းပွားဖွယ်အကြောင်းအရာများကို ရှာပါ။  ၂။ သင်ဖတ်ထားသမျှကို မှတ်စုရေးသားထားပါ။  ရည်ရွယ်ချက်များ၊ စိတ်ကူးစိတ်သန်းများနှင့်ပတ်သက်၍ သင်၏ သုံးသပ်ချက်များကို စုစည်းပါ။ ၃။ အရင်းအမြစ်အမျိုးမျိုးသည် တစ်ခုနှင့် တစ်ခု မည်ကဲ့သို့ဆက်စပ်နေသည်ကို သိနိုင်ရန် Table, matrix or concept map များကို အသုံးပြုလျက် စဉ်းစားယူဆပါ။)
•    သင်တွေ့ရှိထားသော စာပေများကို ခွဲခြမ်းစိတ်ဖြာမှု analysis ပြုလုပ်ပါ။ (သုတေသီအနေဖြင့် စာပေအရင်းအမြစ်များကို အကဲဖြတ်သုံးသပ် ဝေဖန်ရန် လိုအပ်သည်။  အရင်းအမြစ်တစ်ခုစီအတွက် သုတေသီကိုယ်တိုင် အောက်ပါမေးခွန်းများကို ဆင်ခြင် သုံးသပ်ရမည်။
     အဓိက အသုံးအနှုန်းတွေး၊ တွေးခေါ်ယူဆချက်တွေက ဘာတွေလဲ။
     ဤဆောင်းပါးက မိမိ၏ ခေါင်းစဉ်အကြောင်းအရာနှင့် ဘယ်လို ဆက်စပ်နှီးနွယ်နေသလဲ။
     အဓိက ဆက်သွယ်ချက်များ၊ ဦးတည်ချက်အပြောင်းအလဲများ၊ ပုံစံများက ဘာတွေလဲ။
     အဆိုများ၊ အငြင်းပွားဖွယ် arguments များကို စာရေးသူက မည်ကဲ့သို့ဖွဲ့စည်းတည်ဆောက်ထားသလဲ။
     ဤအရင်းအမြစ်ကို မည်ကဲ့သို့ ယုံကြည်နိုင်လောက်အောင် ပြုလုပ်ထားသလဲ။
     အရင်းအမြစ်များကြားမှ တူညီချက်များနှင့် ကွဲပြားခြားနားချက်များက ဘာတွေလဲ။
     နောက်ထပ်လိုအပ်သော လေ့လာမှုများအတွက် ဤစာပေတွေက ကွာဟမှုရှိသလား။)
•    Review ကို ရေးသားပါ။ (သင်၏ thesis statement ကို ရေးသားလျက်စတင်ပါ။  ဤသည်မှာ  စာဖတ်သူအား ပြောပြမည့် အကြောင်းအရာများ နှင့် သင်တင်ပြမည့် အကြောင်း အရာ အမြင်များအား ယေဘုယျ ခြုံငုံသုံးသပ်ချက်တို့၏ အရေးပါသော မိတ်ဆက်ဝါကျဖြစ်သည်။  ထို့နောက် စာစီစာကုံးများကဲ့သို literature review တွင် နိဒါန်း၊ စာကိုယ်နှင့် နိဂုံးတို့ရှိရမည်။)

(ခ) Literature Review ဖွဲ့စည်းပုံ

Literature Review ကို အပိုင်းသုံးပိုင်းဖြင့်ဖွဲ့စည်းထားသည်။  ထိုအပိုင်းတို့မှာ နိဒါန်း၊ စာကိုယ်နှင့် နိဂုံးတို့ဖြစ်ကြသည်။

     နိဒါန်း (Introduction)

နိဒါန်းတွင် အောက်ပါတို့၏ အကြမ်းဖျင်းဖော်ပြချက်များကိုရေးသားသင့်သည်။
•    သင်သည် review ကို ဘာကြောင့်ရေးသလဲ နှင့် အဘယ့်ကြောင့် သင်၏ခေါင်းစဉ်အရေးကြီးသလဲ။
•    ခေါင်းစဉ်ထဲမှ မည်သည့်အကြောင်းအရာတွေကို ဆွေးနွေးမှာလဲ။
•    သင်ရွေးချယ်ထားသော စာပေများအတွက် အသုံးပြုထားသော အချက်များ (ဥပမာ - အသုံးပြုသည့် source အမျိုးအစားများ၊ နေ့စွဲများ - ဘယ်အချိန်အတွင်း)
•    Review ကို ဖွဲ့စည်းမှုပုံစံ။

     စာကိုယ် (Body Paragraphs)

Body paragraph တစ်ခုစီတွင် သင်၏ ခေါင်းစဉ်နှင့် ဆက်စပ်နှီးနွယ်သော မတူညီသော အကြောင်းအရာတစ်ခုစီကို ရေးသား သင့်သည်။  အရင်းအမြစ်အမျိုးမျိုးများကြားသေချာသော ဆက်သွယ်ချက်တစ်ခုစီရှိသည်။  ထို့ကြောင့် သင်သည် paragraph တစ်ခုစီ အတွင်းသင်လေ့လာ သုံးသပ်ထားသော စာပေများကို ပေါင်းစပ်ဖွဲ့စည်းရန်လိုအပ်သည်။  စာကိုယ်ထဲ တွင် အောက်ပါတို့ ပါသင့်သည်။
•    နောက်ခံအကြောင်းအရာများ (historical backgrounds)
•    သုတေသန နည်းစနစ်များ/နည်းပညာများ (methodologies)
•    မိမိခေါင်းစဉ်နှင့်သက်ဆိုင်သော ယခင်လေ့လာချက်များ (previous studies on the topic)
•    သုတေသနစီးကြောင်းများ နှင့် ၎င်းတို့၏ တလှည့်စီအမြင်များ (mainstreams and alternative viewpoints)
•    မူလအစ မေးခွန်းများ
•    ယေဘုယျ ခြုံငုံသုံးသပ်ချက်များ

     နိဂုံး (Conclusion)

နိဂုံးတွင် အဓိက သဘောတူညီချက်များ၊ သဘောမတူညီချက်များ၊ နောက်ထပ်သုတေသနအတွက် ကွာဟ မှု သို့မဟုတ် နယ်ပယ်များနှင့် ခေါင်းစဉ်အပေါ်တွင် ခြုံငုံ သည့် သင်၏အမြင်များ ကို အကျဉ်း ချုပ် ဖော်ပြသင့်သည်။

Zawgyi

 (ခ) သုေတသနလုပ္ငႏ္းစၪ္ အဆင့္ (၂) – Literature Review ႏြင့္ ပတ္သက္၍

Literature review တြင္ သက္ဆိုင္ရာအေၾကာင္းအရာနယ္ပယ္ရွိ ပံုႏွိပ္ထုတ္ေဝထားေသာ သတင္း အခ်က္အလက္မ်ားကို ေဆြးေႏြးထားသည္။  တစ္ခါတစ္ရံတြင္ ထိုသတင္း အခ်က္အလက္မ်ားမွာ အခ်ိန္ကာလ တစ္ခုအတြင္းျဖစ္ပ်က္ခဲ့သည့္ အရာမ်ားျဖစ္သည္။  Literature review သည္ သက္ဆိုင္ရာ အရင္းအျမစ္မ်ား ၏ အက်ဥ္းခ်ဳပ္မွ်သာျဖစ္ႏိုင္သည္။  သို႕ေသာ္ literature review တြင္အစဥ္သျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားေသာ ပံုစံတစ္ခု ရွိျပီးအက်ဥ္းခ်ဳပ္ႏွင့္ ဖြဲ႕စည္းမွဳတို႕ကို ေပါင္းစပ္ထားသည္။  အက်ဥ္းခ်ဳပ္မွာ အရင္းအျမစ္မ်ားရွိ  အေရးပါေသာ သတင္းအခ်က္အလက္မ်ား ကို ျပန္လည္ စဥ္းစား ေတြးေတာျခင္း ျဖစ္ျပီး ဖြဲ႕စည္းမွဳမွာ ထိုသတင္း အခ်က္အလက္မ်ား ကို ျပန္လည္ဖြဲ႕စည္းျခင္း သို႕မဟုတ္ ျပန္လည္ေရာေႏွာထားျခင္းျဖစ္သည္။  Literature Review သည္ ယခင္ျပဳလုပ္ေဖာ္ျပျပီး၊ ေတြ႕ရွိျပီးေသာ အရာမ်ားကို ျပန္လည္ေဖာ္ျပျခင္း သို႕မဟုတ္ ယခင္ ေဖာ္ျပခ်က္မ်ားကို ျပန္လည္၍ ေပါင္းစပ္ဖြဲ႕စည္းမွဳ ျပဳလုပ္ျခင္းျဖစ္သည္။  ၄င္းသည္  အဓိက ေဆြးေႏြးခ်က္မ်ား အပါဝင္ အသိဥာဏ္ႏွင့္ သက္ဆိုင္ေသာ နယ္ပယ္ဆီသို႕ ေရာက္ေအာင္ လမ္းေၾကာင္းေပးႏိုင္သည္။  အေျခအေနအရ literature review သည္ သက္ဆိုင္ရာအရင္းအျမစ္မ်ားကို အကဲျဖတ္သံုးသပ္ႏိုင္ျပီး သုေတသီအတြက္ သင့္ေတာ္မွန္ကန္ဆံုးေသာအရာမ်ားကို အၾကံျပဳႏိုင္သည္။
 

Ph.D သို႕မဟုတ္ Master က်မ္းျပဳေနသူမ်ားအတြက္ မျဖစ္မေန  ျပဳလုပ္ရမည္မွာ ေခါင္းစဥ္၏အႏွစ္ခ်ဳပ္ကို ေရးရန္ႏွင့္ သက္ဆိုင္ရာ ေကာ္မတီသို႕ တင္သြင္းရန္ လိုအပ္သည္။  ဤေနရာတြင္ သုေတသီသည္ သုေတသနျပႆနာႏွင့္ ဆက္သြယ္ေနေသာ Literature Review ကို ေဆာင္ရြက္သင့္သည္။  ဤရည္ရြယ္ခ်က္အတြက္ ပထမဦးစြာရွာေဖြရမည္မွာ ထုတ္ႏုတ္ညႊန္းဆို ကိုးကားထားေသာ ဂ်ာနယ္မ်ား၊ ပံုႏွိပ္ထုတ္ေဝထားေသာ က်မ္းကိုးစာရင္းမ်ားႏွင့္ ပံုႏွိပ္မထားေသာ စာေပမ်ားျဖစ္သည္။  သုေတသနျပႆနာေပၚမူတည္၍ ပညာေရးဆိုင္ရာ ဂ်ာနယ္မ်ား၊ မွတ္တမ္းမ်ားစေသာ စာအုပ္စာေပအမ်ိဳးမ်ိဳး ကို ဖတ္ရွဳေလ့လာရမည္။  ဤအဆင့္တြင္ စာအုပ္မ်ိဳးစံုုေသာ စာၾကည့္တိုက္သည္ သုေတသီအား ေကာင္းမြန္စြာ ကူညီပါလိမ့္မည္။
မည္သည့္သုေတသနတြင္မဆို ေရြးခ်ယ္ထားေသာေခါင္းစဥ္ႏွင့္သက္ဆိုင္သည့္ နယ္ပယ္တြင္ သုေတသနျပဳျပီးသား အေၾကာင္းအရာမ်ားကို သိရွိနားလည္ရန္ အေရးၾကီးသည္။  သုေတသီသည္ မိမိကိုယ္တိုင္ သက္ဆိုင္ရာေမးခြန္းမ်ား၏ အေျဖမ်ားကို စဥ္းစားေသာအခါ literature review ၏ အေရးပါပံုကို သိျမင္လာႏိုင္သည္။  သုေတသီတစ္ဦးအေနျဖင့္ စံုစမ္းစစ္ေဆးရန္အတြက္ စဥ္းစားထားေသာ သုေတသန ေခါင္းစဥ္ႏွင့္ သက္ဆိုင္သည့္ ေအာက္ပါေမးခြန္းမ်ား၏ အေျဖမ်ားကို သိရန္လိုအပ္သည္။


၁။ ေရြးခ်ယ္ထားေသာ ေခါင္းစဥ္ႏွင့္သက္ဆိုင္သည့္ သုေတသနမ်ိဳးျပဳလုပ္ျပီးျပီလား။
၂။ ထိုနယ္ပယ္ထဲမွ ကၽြမ္းက်င္သူေတြက ဘယ္သူေတြလဲ။
၃။ အဓိက သီဟိုရီႏွင့္သက္ဆိုင္ေသာ အေတြးအျမင္ေတြက ဘာေတြလဲ။
၄။ သက္ဆိုင္ရာေခါင္းစဥ္ထဲတြင္ ေယဘုယ် အသံုးျပဳထားေသာ research methods ေတြက ဘာေတြလဲ။
၅။ သက္ဆိုင္ရာ ေခါင္းစဥ္ႏွင့္ပတ္သက္၍ သုေတသနျပဳလုပ္ရာတြင္ အဓိက ျပႆနာကဘာေတြလဲ။
၆။ သက္ဆိုင္ရာနယ္ပယ္ထဲတြင္ အျငင္းပြားစရာမ်ားရွိသလား။
၇။ သက္ဆိုင္ရာအေၾကာင္းအရာသည္ hypothesis testing လုပ္ရန္လိုအပ္သလား။
၈။ သက္ဆိုင္ရာေခါင္းစဥ္သည္ အေရးပါ အရာေရာက္မွဳရွိပါသလား။
အထက္ေဖာ္ျပပါေမးခြန္းမ်ားအတြက္ ေက်နပ္စရာေကာင္းေသာအေျဖရရန္ နည္းလမ္းမွာ မိမိ၏သုေတသနေခါင္းစဥ္ႏွင့္ ဆက္စပ္ေနေသာ သုေတသနမ်ားကို ျဖစ္ႏိုင္သမွ် မ်ားမ်ားဖတ္ရန္ျဖစ္သည္။  မိမိ၏သုေတသနႏွင့္ သင့္ေတာ္သည္ဟုထင္ေသာ စာအုပ္စာတမ္းမ်ားကို ဖတ္ရွဳျခင္းျဖင့္ လိုအပ္ေသာ အေျဖမ်ားကို ရရွိႏိုင္ပါသည္။  

(က) Literature Review ေရးသားရန္လိုအပ္ခ်က္မ်ား

 Literature review ဆိုသည္မွာ သီးသန္႕ေခါင္းစဥ္အေၾကာင္းအရာ မ်ားႏွင့္  သက္ဆိုင္သည့္  ပံုႏွိပ္ထားေသာ စာေပအရင္းအျမစ္မ်ားကို ခြဲျခမ္းစိတ္ျဖာ ေဝဖန္ထားျခင္းျဖစ္သည္။  Literature review သည္ သက္ဆိုင္ရာ စာေပမ်ားကို ခ်င့္ခ်ိန္ေဝဖန္ထားမွဳမ်ား ျဖစ္ျပီး အက်ဥ္းခ်ဳပ္၊ အမ်ိဳးအစား ခြဲျခား သတ္မွတ္ျခင္း၊ ႏွိဳင္းယွဥ္ေလ့လာျခင္းႏွင့္ အကဲျဖတ္သံုးသပ္ျခင္းမ်ားကိုလည္း ျဖည့္စြက္ေပးသည္။ Literature review ကို ေယ်ဘုယ်အားျဖင့္ အပိုင္းသံုးပိုင္း ျဖင့္ ဖြဲ႕စည္းထားသည္။ ၄င္းတို႕မွာ - introduction, body and conclusion တို႕ျဖစ္ၾကသည္။  

 ၁။ Literature review ကို ဘာေၾကာင့္ ေရးသားရသနည္း

 သုေတသီသည္ မိမိ၏ေခါင္းစဥ္ႏွင့္သက္ဆိုင္ေသာ အေၾကာင္းအရာ စာေပမ်ားအေပၚ နားလည္မွဳ ကို ျပသရန္အတြက္ Literature review ေရးသားရန္လိုအပ္သည္။  ထိ္ုအခါ သက္ဆိုင္ရာ စာေပအခ်က္အလက္မ်ားကို ခြဲျခမ္းစိတ္ျဖာျခင္း၊ ထို႕ေနာက္ ေပါင္းစပ္ဖြဲ႕စည္းျခင္းမ်ား ျပဳလုပ္ျပီး မိမိ၏ ေခါင္းစဥ္ႏွင့္ သက္ဆိုင္ေသာ အေၾကာင္းအရာ စာေပမ်ားကို နားလည္သေဘာေပါက္ ေၾကာင္း ျပသရသည္။  ထိုသို႕ျပသသည့္ ရည္ရြယ္ခ်က္မ်ားမွာ -
•    အေၾကာင္းအရာ ေခါင္းစဥ္ႏွင့္ သက္ဆိုင္သည့္ ေရးသားျပီးထားေသာ အရာမ်ားကို သတ္မွတ္ရန္
•    အဓိက အယူအဆ အေတြးအေခၚမ်ား၏ ျခံဳငံုသံုးသပ္မွဳကို ျဖည့္စြက္ရန္
•    အဓိကဆက္သြယ္ခ်က္မ်ား၊ ပံုစံမ်ားကို သတ္မွတ္ေဖာ္ျပရန္
•    အားနည္းခ်က္မ်ားႏွင့္ အားသာခ်က္မ်ားကို သတ္မွတ္ေဖာ္ျပရန္
•    သုေတသန အတြင္းရွိ ကြာဟမွဳမ်ားကို သတ္မွတ္ေဖာ္ျပရန္
•    ကြဲလြဲေနေသာ သက္ေသအေထာက္အထားမ်ားကို သတ္မွတ္ေဖာ္ျပရန္
•    သုေတသန စာတမ္း စံုစမ္းစစ္ေဆးမွဳအတြက္ solid background ကိုျဖည့္စြက္ရန္ တို႕ျဖစ္ၾကသည္။

၂။ Literature review ကို မေရးမီ ျပဳလုပ္ရမည့္ အခ်က္မ်ား

 •    သင္၏ရည္ရြယ္ခ်က္ကို သတ္မွတ္ပါ။ (Literature reiew တြင္ ေဖာ္ျပရန္လိုအပ္ေသာအရာမ်ားကို ရွာေဖြပါ။  သင္၏ literature review တြင္ ထည့္သြင္းေရးသားရမွာေတြက ဘာေတြလဲ။  ဘာေတြကို ေတြ႕ရွိဖို႕အတြက္ ရွာေဖြေနသလဲ။ သင္ခ်ဥ္းကပ္ရန္ လိုအပ္ေသာ အရာကိုသိရန္  သင္ေရးသားထားေသာ စာရြက္စာတမ္းမ်ားကို စစ္ေဆးပါ။)
•    သက္ဆိုင္ရာစာေပမ်ားကို ခ်ဲ႕ထြင္က်ယ္ျပန္စြာရွာေဖြပါ။ (သက္ဆိုင္ရာေခါင္းစဥ္အတြက္ ေရးသားထားေသာ စာေပမ်ားကိုရွာေဖြပါ။)
•    ဘယ္လိုစာေပအမ်ိဳးအစားလဲ။ (သင့္ေတာ္ေသာ  resources အင္အား အရင္းအျမစ္မ်ား ကိုေရြးခ်ယ္ပါ။ ခြင့္ျပဳခ်က္ရွိေသာ၊ လက္ရွိအေျခအေနႏွင့္ ဆက္စပ္ေနေသာ၊ ဆက္စပ္ႏွီးႏြယ္မွဳရွိေသာ ပညာေရးဆိုင္ရာ သို႕မဟုတ္ ပညာရွင္မ်ား ေဖာ္ျပေသာ အရင္းအျမစ္အမ်ိဳးမ်ိဳးကို အသံုးျပဳပါ။  မိမိ၏ေခါင္းစဥ္ အေၾကာင္းအရာမ်ားႏွင့္ ဆက္စပ္ႏွီးႏြယ္ေသာအရာ မ်ားကို ခ်ဲ႕ထြင္ သံုးသပ္ရာတြင္ စာအုပ္စာတမ္းမ်ား၊ ေဆာင္းပါးမ်ား၊ မွတ္တမ္းမ်ား၊ အစိုးရမွ တရားဝင္ထုတ္ေဝထားေသာ စာရြက္စာ တမ္းမ်ား၊ အစည္းအေဝးမွတ္တမ္းမ်ားႏွင့္ အင္တာနက္ အရင္းအျမစ္မ်ား အားလံုးပါဝင္လိမ့္မည္။  စာအုပ္မ်ားစြာစံုလင္သည့္ စာၾကည့္တိုက္မွာ သုေတသီလိုအပ္ေနေသာ အရင္းအျမစ္မ်ားကို ရွာေဖြရန္အေကာင္းဆံုးေနရာျဖစ္သည္။)
•    အရင္းအျမစ္က ဘယ္ႏွစ္ခုလဲ။ How many resources? (အရင္းအျမစ္မ်ား၏ အေရအတြက္မွာ သက္ဆိုင္ရာ အေၾကာင္းအရာအတြက္ သင္၏ၾကိဳတင္ေလ့လာထားပံုႏွင့္ သုေတသန ျပဳလုပ္ရျခင္း၏ရည္ရြယ္ခ်က္အေပၚတြင္မူတည္သည္။ ရည္ရြယ္ခ်က္ဆိုရာတြင္ Undergraduate level အတြက္ဆိုလွ်င္ အနည္းဆံုး အရင္းအျမစ္ ငါးခုမွေန၍ သုေတသနက်မ္းတစ္ေစာင္ျပဳစုမည္ဆိုလွ်င္ အနည္းဆံုး အရင္းအျမစ္ ငါးဆယ္အထိ လိုအပ္သည္။ )
•    စာအုပ္စာတမ္းမ်ား ေရးသားထုတ္ေဝျခင္းႏွင့္ဆိုင္ေသာ အေသးစိတ္အခ်က္မ်ားကို မွတ္သားပါ။ (ပံုႏွိပ္ထုတ္ေဝထားေသာ စာအုပ္စာတမ္းမ်ား၏ ေခါင္းစဥ္၊ ရက္စြဲ၊ စာေရးဆရာမ်ား၏ အမည္မ်ား၊ စာမ်က္ႏွာမ်ား၊ ထုတ္ေဝသူမ်ားကို္ိိ မွတ္သားထားပါ။  ဤအေသးစိတ္အခ်က္အလက္မ်ား သည္ ေနာင္အခါ သင့္ကို အခ်ိန္သက္သာေစပါသည္။)
•    စာေပမ်ားကိုဖတ္ရွဳပါ။ (၁။ အရင္းအျမစ္တစ္ခုစီကို အေသးစိတ္ ဖတ္ရွဳျပီး ေယဖန္သံုးသပ္မွဳျပဳလုပ္ပါ။ အခ်က္အလက္မ်ားထက္ အျငင္းပြားဖြယ္အေၾကာင္းအရာမ်ားကို ရွာပါ။  ၂။ သင္ဖတ္ထားသမွ်ကို မွတ္စုေရးသားထားပါ။  ရည္ရြယ္ခ်က္မ်ား၊ စိတ္ကူးစိတ္သန္းမ်ားႏွင့္ပတ္သက္၍ သင္၏ သံုးသပ္ခ်က္မ်ားကို စုစည္းပါ။ ၃။ အရင္းအျမစ္အမ်ိဳးမ်ိဳးသည္ တစ္ခုႏွင့္ တစ္ခု မည္ကဲ့သို႕ဆက္စပ္ေနသည္ကို သိႏိုင္ရန္ Table, matrix or concept map မ်ားကို အသံုးျပဳလ်က္ စဥ္းစားယူဆပါ။)
•    သင္ေတြ႕ရွိထားေသာ စာေပမ်ားကို ခြဲျခမ္းစိတ္ျဖာမွဳ analysis ျပဳလုပ္ပါ။ (သုေတသီအေနျဖင့္ စာေပအရင္းအျမစ္မ်ားကို အကဲျဖတ္သံုးသပ္ ေဝဖန္ရန္ လိုအပ္သည္။  အရင္းအျမစ္တစ္ခုစီအတြက္ သုေတသီကိုယ္တိုင္ ေအာက္ပါေမးခြန္းမ်ားကို ဆင္ျခင္ သံုးသပ္ရမည္။
     အဓိက အသံုးအႏွဳန္းေတြး၊ ေတြးေခၚယူဆခ်က္ေတြက ဘာေတြလဲ။
     ဤေဆာင္းပါးက မိမိ၏ ေခါင္းစဥ္အေၾကာင္းအရာႏွင့္ ဘယ္လို ဆက္စပ္ႏွီးႏြယ္ေနသလဲ။
     အဓိက ဆက္သြယ္ခ်က္မ်ား၊ ဦးတည္ခ်က္အေျပာင္းအလဲမ်ား၊ ပံုစံမ်ားက ဘာေတြလဲ။
     အဆိုမ်ား၊ အျငင္းပြားဖြယ္ arguments မ်ားကို စာေရးသူက မည္ကဲ့သို႕ဖြဲ႕စည္းတည္ေဆာက္ထားသလဲ။
     ဤအရင္းအျမစ္ကို မည္ကဲ့သို႕ ယံုၾကည္ႏိုင္ေလာက္ေအာင္ ျပဳလုပ္ထားသလဲ။
     အရင္းအျမစ္မ်ားၾကားမွ တူညီခ်က္မ်ားႏွင့္ ကြဲျပားျခားနားခ်က္မ်ားက ဘာေတြလဲ။
     ေနာက္ထပ္လိုအပ္ေသာ ေလ့လာမွဳမ်ားအတြက္ ဤစာေပေတြက ကြာဟမွဳရွိသလား။)
•    Review ကို ေရးသားပါ။ (သင္၏ thesis statement ကို ေရးသားလ်က္စတင္ပါ။  ဤသည္မွာ  စာဖတ္သူအား ေျပာျပမည့္ အေၾကာင္းအရာမ်ား ႏွင့္ သင္တင္ျပမည့္ အေၾကာင္း အရာ အျမင္မ်ားအား ေယဘုယ် ျခံဳငံုသံုးသပ္ခ်က္တို႔၏ အေရးပါေသာ မိတ္ဆက္ဝါက်ျဖစ္သည္။  ထို႕ေနာက္ စာစီစာကံုးမ်ားကဲ့သို literature review တြင္ နိဒါန္း၊ စာကိုယ္ႏွင့္ နိဂံုးတို႕ရွိရမည္။)

(ခ) Literature Review ဖြဲ႕စည္းပံု

 Literature Review ကို အပိုင္းသံုးပိုင္းျဖင့္ဖြဲ႕စည္းထားသည္။  ထိုအပိုင္းတို႕မွာ နိဒါန္း၊ စာကိုယ္ႏွင့္ နိဂံုးတို႕ျဖစ္ၾကသည္။

     နိဒါန္း (Introduction)

နိဒါန္းတြင္ ေအာက္ပါတို႕၏ အၾကမ္းဖ်င္းေဖာ္ျပခ်က္မ်ားကိုေရးသားသင့္သည္။
•    သင္သည္ review ကို ဘာေၾကာင့္ေရးသလဲ ႏွင့္ အဘယ့္ေၾကာင့္ သင္၏ေခါင္းစဥ္အေရးၾကီးသလဲ။
•    ေခါင္းစဥ္ထဲမွ မည္သည့္အေၾကာင္းအရာေတြကို ေဆြးေႏြးမွာလဲ။
•    သင္ေရြးခ်ယ္ထားေသာ စာေပမ်ားအတြက္ အသံုးျပဳထားေသာ အခ်က္မ်ား (ဥပမာ - အသံုးျပဳသည့္ source အမ်ိဳးအစားမ်ား၊ ေန႕စြဲမ်ား - ဘယ္အခ်ိန္အတြင္း)
•    Review ကို ဖြဲ႕စည္းမွဳပံုစံ။

     စာကိုယ္ (Body Paragraphs)

Body paragraph တစ္ခုစီတြင္ သင္၏ ေခါင္းစဥ္ႏွင့္ ဆက္စပ္ႏွီးႏြယ္ေသာ မတူညီေသာ အေၾကာင္းအရာတစ္ခုစီကို ေရးသား သင့္သည္။  အရင္းအျမစ္အမ်ိဳးမ်ိဳးမ်ားၾကားေသခ်ာေသာ ဆက္သြယ္ခ်က္တစ္ခုစီရွိသည္။  ထို႕ေၾကာင့္ သင္သည္ paragraph တစ္ခုစီ အတြင္းသင္ေလ့လာ သံုးသပ္ထားေသာ စာေပမ်ားကို ေပါင္းစပ္ဖြဲ႕စည္းရန္လိုအပ္သည္။  စာကိုယ္ထဲ တြင္ ေအာက္ပါတို႔ ပါသင့္သည္။
•    ေနာက္ခံအေၾကာင္းအရာမ်ား (historical backgrounds)
•    သုေတသန နည္းစနစ္မ်ား/နည္းပညာမ်ား (methodologies)
•    မိမိေခါင္းစဥ္ႏွင့္သက္ဆိုင္ေသာ ယခင္ေလ့လာခ်က္မ်ား (previous studies on the topic)
•    သုေတသနစီးေၾကာင္းမ်ား ႏွင့္ ၄င္းတို႕၏ တလွည့္စီအျမင္မ်ား (mainstreams and alternative viewpoints)
•    မူလအစ ေမးခြန္းမ်ား
•    ေယဘုယ် ျခံဳငံုသံုးသပ္ခ်က္မ်ား

     နိဂံုး (Conclusion)

နိဂံုးတြင္ အဓိက သေဘာတူညီခ်က္မ်ား၊ သေဘာမတူညီခ်က္မ်ား၊ ေနာက္ထပ္သုေတသနအတြက္ ကြာဟ မွဳ သို႕မဟုတ္ နယ္ပယ္မ်ားႏွင့္ ေခါင္းစဥ္အေပၚတြင္ ျခံဳငံု သည့္ သင္၏အျမင္မ်ား ကို အက်ဥ္း ခ်ဳပ္ ေဖာ္ျပသင့္သည္။

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ