Unicode
ပြဿနာ သို့မဟုတ် ကိစ္စရပ် တစ်ခုကို ဗဟိုပြုထားသော စီမံကိန်းများကို ဖော်ဆောင်ရာတွင် သုတေသနသည် လူ့အဖွဲ့အစည်းထဲရှိ တစ်ချို့သော လူအုပ်စုများပေါ်တွင် အကျိုးသက်ရောက်မှုဖြစ်စေသည်။ ထိုအခါသက်ဆိုင်ရာ ပြဿနာသို့မဟုတ် ကိစ္စရပ်နှင့် သက်ဆိုင်သော အ သိပညာဗဟုသုတ အသစ်ကို ထုတ်ပေးသည်။
ဤအသိပညာဗဟုသုတအသစ်သည် တစ်ခါတစ်ရံ သုတေသီများကို ဤကိစ္စရပ် သို့မဟုတ် ပြဿနာနှင့် ပတ်သက်၍ ၎င်းတို့သိပြီးသားဟု ထင်မြင်နေသော အချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။
ထို့ကြောင့် လူမှုသုတေသနကို လုပ်ဆောင်ရာတွင် အချက်နှစ်ချက်နှင့် သက်ဆိုင်နေသည်။ ပထမအချက်မှာ ပြဿနာ သို့မဟုတ် ကိစ္စရပ်ကို သဘောပေါက် လက်ခံလွယ်သော အမြင်ဖြင့် စုံစမ်းစစ်ဆေးခြင်းနည်းလမ်းဖြစ်သည်။ ပြဿနာ သို့မဟုတ် ကိစ္စရပ်ကို စုံစမ်းစစ်ဆေးသောအခါ သုတေသီများသည် စုဆောင်းရရှိထားသော data များကို အခြေခံသည့် ပြဿနာ သို့မဟုတ် ကိစ္စရပ်နှင့် သက်ဆိုင်သော သတင်းအချက်အလက်သစ်ကို ထုတ်ပေးသည်။
ဥပမာ - သုတေသီများသည် လှိုင်သာယာမြို့နယ်အတွင်းရှိ ကလေးများ ကျောင်းထွက်မှု အခြေအနကို လေ့လာကြသည် ဆိုပါစို့ ။ ထိုအထဲတွင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်နိုင်ငံလုံးကျောင်းထွက်နှုန်း သို့မဟုတ် လှိုင်သာယာမြို့နယ်၏ ကျောင်းထွက်နှုန်းနှင့် သက်ဆိုင်သော စာရင်းအင်း data အချို့ပါဝင်နိုင်သည်။
သို့သော် ဤ data များမှာ မလုံလောက်ပါ။ လှိုင်သာယာမြို့နယ်အတွင်းတွင် ကွင်းဆင်း၍ ကောက်ယူစုဆောင်းထားသော data အချက်အလက်များပါဝင်ရန် အရေးကြီးပါသည်။ ဤ data အချက်အလက်များသည် သတင်းအချက်အလက်သစ်ဖြစ်သည်။
ထိုသတင်းအချက်အလက်သစ်များကို ကလေးများ ကျောင်းထွက်မှုကို ကိုင်တွယ်ဆောင်ရွက်နေကြသော အဖွဲ့အစည်းများမှ သူတို့၏ စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနိုင်သည်။
လူများသည် ပြဿနာ၏ အကြောင်းရင်းနှင့် အကျိုးဆက် များကြားတွင် မကြာခဏ ရှုပ်ထွေးနေတတ်သည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ ပြဿနာနှင့်ပတ်သက်၍ အချက်အလက်အခြေပြုအမြင် ကင်းမဲ့နေခြင်းကြောင့်ဖြစ်သည်။ သုတေသနပြုလုပ်ခြင်းအားဖြင့် သုတေသီများသည် ပြဿနာ၏ အကြောင်းရင်းနှင့် အကျိုးဆက်များကို ပိုမိုတိကျစွာ သိမြင်လာသည်။
Zawgyi
ဤအသိပညာဗဟုသုတအသစ်သည် တစ်ခါတစ်ရံ သုတေသီများကို ဤကိစ္စရပ် သို့မဟုတ် ပြဿနာနှင့် ပတ်သက်၍ ၄င်းတို့သိပြီးသားဟု ထင်မြင်နေသော အချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။

ဆိုလိုသည်မှာ သတင်းအချက်အလက်သစ်သည် တခြားသုတေသီများ တွေ့ရှိ/ပြုလုပ်ထားသော အရာများမှ ထုတ်ယူထားခြင်းမျိုးမဟုတ်ပါ။
ဥပမာ - သုတေသီများသည် လှိုင်သာယာမြို့နယ်အတွင်းရှိ ကလေးများ ကျောင်းထွက်မှု အခြေအနကို လေ့လာကြသည် ဆိုပါစို့ ။ ထိုအထဲတွင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တစ်နိုင်ငံလုံးကျောင်းထွက်နှုန်း သို့မဟုတ် လှိုင်သာယာမြို့နယ်၏ ကျောင်းထွက်နှုန်းနှင့် သက်ဆိုင်သော စာရင်းအင်း data အချို့ပါဝင်နိုင်သည်။
သို့သော် ဤ data များမှာ မလုံလောက်ပါ။ လှိုင်သာယာမြို့နယ်အတွင်းတွင် ကွင်းဆင်း၍ ကောက်ယူစုဆောင်းထားသော data အချက်အလက်များပါဝင်ရန် အရေးကြီးပါသည်။ ဤ data အချက်အလက်များသည် သတင်းအချက်အလက်သစ်ဖြစ်သည်။
ထိုသတင်းအချက်အလက်သစ်များကို ကလေးများ ကျောင်းထွက်မှုကို ကိုင်တွယ်ဆောင်ရွက်နေကြသော အဖွဲ့အစည်းများမှ သူတို့၏ စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနိုင်သည်။
သုတေသနလုပ်ငန်းစဉ်သည် သုတေသီများကို သက်ဆိုင်ရာ ပြဿနာ သို့မဟုတ် ကိစ္စရပ်နှင့် ပတ်သက်၍ အချက်အလက် အခြေပြု လေ့လာသုံးသပ်သည့် အမြင်ကို ရရှိရန် အထောက်အကူပြုသည်။ သုတေသီသည် တွေ့ရှိချက်များကို ဖြန့်ဝေသောအခါ သက်ဆိုင်ရာ ပြဿနာ သို့မဟုတ် ကိစ္စရပ်နှင့် သက်ဆိုင်သော အချက်အလက်အခြေပြု အမြင်ကို ရရှိသည်။
လူများသည် ပြဿနာ၏ အကြောင်းရင်းနှင့် အကျိုးဆက် များကြားတွင် မကြာခဏ ရှုပ်ထွေးနေတတ်သည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ ပြဿနာနှင့်ပတ်သက်၍ အချက်အလက်အခြေပြုအမြင် ကင်းမဲ့နေခြင်းကြောင့်ဖြစ်သည်။ သုတေသနပြုလုပ်ခြင်းအားဖြင့် သုတေသီများသည် ပြဿနာ၏ အကြောင်းရင်းနှင့် အကျိုးဆက်များကို ပိုမိုတိကျစွာ သိမြင်လာသည်။
Zawgyi
ဤအသိပညာဗဟုသုတအသစ်သည် တစ်ခါတစ်ရံ သုတေသီများကို ဤကိစ္စရပ် သို့မဟုတ် ပြဿနာနှင့် ပတ်သက်၍ ၄င်းတို့သိပြီးသားဟု ထင်မြင်နေသော အချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။
Comments
Post a Comment