Unicode
သုတေသနပြဿကို သတ်မှတ်ခြင်းတွင် နယ်နမိတ်များသတ်မှတ်ခြင်းလုပ်ငန်းတာဝန်ပါဝင်နေသည်။ ထိုနယ်နမိတ်ထဲတွင် သုတေသီသည် ကြိုတင်သတ်မှတ်ထားသော သုတေသနရည်ရွယ်ချက်နှင့် သက်ဆိုင်သည့် ပြဿနာကို လေ့လာရန် ဖြစ်သည်။ သုတေသနပြဿနာကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း /သတ်မှတ်ခြင်းတွင် ပါဝင်သော နည်းလမ်းများမှာ ယေဘုယျအားဖြင့် အောက်ပါအတိုင်း အစဉ်လိုက်ဖြစ်သည်။
(၁) သုတေသနပြဿကို ယေဘုယျအားဖြင့်သတ်မှတ်ခြင်း
(၂) သုတေသနပြဿနာ၏ သဘာဝကို နားလည်ခြင်း
(၃) ရနိုင်သမျှသော စာပေများကို လေ့လာဆန်းစစ်ခြင်း
(၄) ဆွေးနွေးချက်များမှတစ်ဆင့် စိတ်ကူးသစ်များပေါ်လာခြင်း
(၅) အမှန်တကယ် တင်ပြဆွေးနွေးချက်အဖြစ်သုတေသနပြဿနာကို ပြန်လည်ရေးသားခြင်းတို့ဖြစ်သည်။
၁။ သုတေသနပြဿနာအား ယေဘုယျဖော်ပြချက်
သုတေသီမှ ပထမဆုံးအနေဖြင့် သုတေသနပြဿနာကို မိမိ၏ အမြင်အနေဖြင့် ယေဘုယျ ဖော်ပြသင့်သည်။သုတေသီသည် ဖြေရှင်းလိုသည့် ပြဿနာနှင့် သက်ဆိုင်သော အကြောင်းအရာပေါ်တွင် သူကိုယ်တိုင် စိတ်အားထက်သန်စွာ နှစ်မြှပ်ထားရမည်။
လူမှုရေးဆိုင်ရာ သုတေသနများတွင် လုပ်ငန်းခွင်အတွင်း စောင့်ကြည့်လေ့လာမှုပြုသင့်သည်။
ထို့အတူ သုတေသီသည် Pilot survey ဟုခေါ်သော ကြိုတင်စစ်တမ်းကောက်ခြင်းများကို တာဝန်ယူဆောင်ရွက်သင့်သည်။
ထို့နောက် သုတေသနပြဿနာကို ဖော်ပြပြီး လုပ်ငန်းပြီးစီးအောင်မြင်ရန် ဆောင်ရွက်နိုင်ရန် လမ်းညွှန် သို့မဟုတ် ကျွမ်းကျင်သူများကို ရှာဖွေနိုင်သည်။
လမ်းညွှန်မှ ပြဿနာကို ဦးစွာ မကြာခဏ ယေဘုယျ အားဖြင့် ပြောကြားတတ်သည်။
ထို့နောက် ပြဿနာကို သုတေသီမှ အကျဉ်းချုံ့ယူပြီး စာပိုဒ်တိုဖြင့် ဖော်ပြနိုင်သည်။
ယေဘုယျအားဖြင့် ပြဿနာကို အကျယ်တဝင့်ဖော်ပြခြင်းတွင် ယုံမှားသံသယရှိခြင်းများပါဝင်နိုင်သည်။
ထိုယုံမှားသံသယများကို အချိန်ပေး၍ စဉ်းစားခြင်းနှင့် အကြိမ်ကြိမ် ပြန်လည်စဉ်းစားဆင်ခြင်ခြင်း တို့ပြုလုပ်ရမည်။
တစ်ချိန်တည်းတွင် ဖြစ်နိုင်ခြေရှိသော သီးသန့် အဖြေတစ်ခုကို စဉ်းစားရပြီး ထိုအဖြေကို သုတေသနပြဿနာကို ဖော်ပြစဉ်တွင် မိမိ၏ အမြင်အနေဖြင့် ဖော်ပြသင့်သည်။
၂။ ပြဿနာ၏ သဘာဝကို နားလည်သိရှိခြင်း
သုတေသနပြဿနာကို သတ်မှတ်ဖော်ပြရာတွင် နောက်အဆင့်မှာ မိမိ၏ သုတေသနပြဿနာကို ၎င်း၏ မူလသဘာဝအတိုင်း ရှင်းရှင်းလင်းလင်း နားလည်သိရှိရန်ဖြစ်သည်။သုတေသနပြဿနာကို နားလည်သိရှိရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ ၎င်းပြဿနာကို စတင်ဖြစ်ပွားစေသော သူများနှင့် ဆွေးနွေးခြင်းဖြစ်သည်။
သို့မှသာ ပြဿနာ စတင်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းကို သိနိုင်မည်။ အကယ်၍ သုတေသီမှ ပြဿနာကို သူကိုယ်တိုင် ဖော်ပြထားလျှင် သုတေသနပြဿနာနှင့်သက်ဆိုင်သော ယေဘုယျဖော်ပြချက်ကို ဖြစ်စေနိုင်သော အချက်များအားလုံးကို ထပ်မံစဉ်းစားဆင်ခြင်သင့်သည်။
သုတေသနပြဿနာ၏ သဘာဝကို ပိုမိုကောင်းမွန်စွာ နားလည်စေရန် အတွက် သုတေသီသည် ထိုပြဿနာ သို့မဟုတ် အလားတူပြဿနာ တို့ နှင့်ပတ်သက်၍ ဗဟုသုတရှိသူများဖြင့် ဆွေးနွေးတိုင်ပင်သင့်သည်။ သုတေသီသည် ပြဿနာအတွင်းရှိ ပတ်ဝန်းကျင် အခြေအနေများကို လေ့လာ နားလည်သင့်သည်
Zawgyi
သုေတသနျပႆကို သတ္မွတ္ျခင္းတြင္ နယ္နမိတ္မ်ားသတ္မွတ္ျခင္းလုပ္ငန္းတာဝန္ပါဝင္ေနသည္။ ထိုနယ္နမိတ္ထဲတြင္ သုေတသီသည္ ၾကိဳတင္သတ္မွတ္ထားေသာ သုေတသနရည္ရြယ္ခ်က္ႏွင့္ သက္ဆိုင္သည့္ ျပႆနာကို ေလ့လာရန္ ျဖစ္သည္။ သုေတသနျပႆနာကို အဓိပၸါယ္ဖြင့္ဆိုျခင္း /သတ္မွတ္ျခင္းတြင္ ပါဝင္ေသာ နည္းလမ္းမ်ားမွာ ေယဘုယ်အားျဖင့္ ေအာက္ပါအတိုင္း အစဥ္လိုက္ျဖစ္သည္။
(၁) သုေတသနျပႆကို ေယဘုယ်အားျဖင့္သတ္မွတ္ျခင္း
(၂) သုေတသနျပႆနာ၏ သဘာဝကို နားလည္ျခင္း
(၃) ရႏိုင္သမွ်ေသာ စာေပမ်ားကို ေလ့လာဆန္းစစ္ျခင္း
(၄) ေဆြးေႏြးခ်က္မ်ားမွတစ္ဆင့္ စိတ္ကူးသစ္မ်ားေပၚလာျခင္း
(၅) အမွန္တကယ္ တင္ျပေဆြးေႏြးခ်က္အျဖစ္သုေတသနျပႆနာကို ျပန္လည္ေရးသားျခင္းတို႕ျဖစ္သည္။
၁။ သုေတသနျပႆနာအား ေယဘုယ်ေဖာ္ျပခ်က္
သုေတသီမွ ပထမဆံုးအေနျဖင့္ သုေတသနျပႆနာကို မိမိ၏ အျမင္အေနျဖင့္ ေယဘုယ် ေဖာ္ျပသင့္သည္။သုေတသီသည္ ေျဖရွင္းလိုသည့္ ျပႆနာႏွင့္ သက္ဆိုင္ေသာ အေၾကာင္းအရာေပၚတြင္ သူကိုယ္တိုင္ စိတ္အားထက္သန္စြာ ႏွစ္ျမွပ္ထားရမည္။
လူမွဳေရးဆိုင္ရာ သုေတသနမ်ားတြင္ လုပ္ငန္းခြင္အတြင္း ေစာင့္ၾကည့္ေလ့လာမွဳျပဳသင့္သည္။ ထို႕အတူ သုေတသီသည္ Pilot survey ဟုေခၚေသာ ၾကိဳတင္စစ္တမ္းေကာက္ျခင္းမ်ားကို တာဝန္ယူေဆာင္ရြက္သင့္သည္။
ထို႕ေနာက္ သုေတသနျပႆနာကို ေဖာ္ျပျပီး လုပ္ငန္းျပီးစီးေအာင္ျမင္ရန္ ေဆာင္ရြက္ႏိုင္ရန္ လမ္းညႊန္ သို႕မဟုတ္ ကၽြမ္းက်င္သူမ်ားကို ရွာေဖြႏိုင္သည္။
လမ္းညႊန္မွ ျပႆနာကို ဦးစြာ မၾကာခဏ ေယဘုယ် အားျဖင့္ ေျပာၾကားတတ္သည္။ ထို႕ေနာက္ ျပႆနာကို သုေတသီမွ အက်ဥ္းခ်ံဳ႕ယူျပီး စာပိုဒ္တိုျဖင့္ ေဖာ္ျပႏိုင္သည္။
ေယဘုယ်အားျဖင့္ ျပႆနာကို အက်ယ္တဝင့္ေဖာ္ျပျခင္းတြင္ ယံုမွားသံသယရွိျခင္းမ်ားပါဝင္ႏိုင္သည္။
ထိုယံုမွားသံသယမ်ားကို အခ်ိန္ေပး၍ စဥ္းစားျခင္းႏွင့္ အၾကိမ္ၾကိမ္ ျပန္လည္စဥ္းစားဆင္ျခင္ျခင္း တို႕ျပဳလုပ္ရမည္။ တစ္ခ်ိန္တည္းတြင္ ျဖစ္ႏိုင္ေျခရွိေသာ သီးသန္႕ အေျဖတစ္ခုကို စဥ္းစားရျပီး ထိုအေျဖကို သုေတသနျပႆနာကို ေဖာ္ျပစဥ္တြင္ မိမိ၏ အျမင္အေနျဖင့္ ေဖာ္ျပသင့္သည္။
၂။ ျပႆနာ၏ သဘာဝကို နားလည္သိရွိျခင္း
သုေတသနျပႆနာကို သတ္မွတ္ေဖာ္ျပရာတြင္ ေနာက္အဆင့္မွာ မိမိ၏ သုေတသနျပႆနာကို ၄င္း၏ မူလသဘာဝအတိုင္း ရွင္းရွင္းလင္းလင္း နားလည္သိရွိရန္ျဖစ္သည္။သုေတသနျပႆနာကို နားလည္သိရွိရန္အတြက္ အေကာင္းဆံုးေသာ နည္းလမ္းမွာ ၄င္းျပႆနာကို စတင္ျဖစ္ပြားေစေသာ သူမ်ားႏွင့္ ေဆြးေႏြးျခင္းျဖစ္သည္။
သို႔မွသာ ျပႆနာ စတင္ျဖစ္ေပၚလာရျခင္း အေၾကာင္းရင္းကို သိႏိုင္မည္။ အကယ္၍ သုေတသီမွ ျပႆနာကို သူကိုယ္တိုင္ ေဖာ္ျပထားလွ်င္ သုေတသနျပႆနာႏွင့္သက္ဆိုင္ေသာ ေယဘုယ်ေဖာ္ျပခ်က္ကို ျဖစ္ေစႏိုင္ေသာ အခ်က္မ်ားအားလံုးကို ထပ္မံစဥ္းစားဆင္ျခင္သင့္သည္။
သုေတသနျပႆနာ၏ သဘာဝကို ပိုမိုေကာင္းမြန္စြာ နားလည္ေစရန္ အတြက္ သုေတသီသည္ ထိုျပႆနာ သို႕မဟုတ္ အလားတူျပႆနာ တို႕ ႏွင့္ပတ္သက္၍ ဗဟုသုတရွိသူမ်ားျဖင့္ ေဆြးေႏြးတိုင္ပင္သင့္သည္။ သုေတသီသည္ ျပႆနာအတြင္းရွိ ပတ္ဝန္းက်င္ အေျခအေနမ်ားကို ေလ့လာ နားလည္သင့္သည္
Comments
Post a Comment