Skip to main content

What is Research Problem?


Unicode

၁။ သုတေသနပြဿနာ ဆိုတာဘာလဲ။

ယေဘုယျအားဖြင့် သုတေသနပြဿနာသည် သီဟိုရမ် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအခြေအနေတွင် သုတေသီတစ်ဦး အနေဖြင့် ကြုံတွေ့နိုင်သော အခက်အခဲတစ်ချို့ဖြစ်ပြီး ၎င်းအခက်အခဲအတွက် အဖြေများကို ရရှိရန်ဖြစ်သည်။

သုတေသနလုပ်ငန်းစဉ်တွင် သုတေသနပြဿနာသည် ပထမဦးဆုံး သို့မဟုတ် အစောဆုံး အဆင့်ဖြစ်သည်။
အစဉ်သဖြင့် အောက်ပါအခြေအနေများတွင် သုတေသနပြဿနာများ ရှိနိုင်သည်။

(၁) I ဟုခေါ်သော အဖွဲ့အစည်းတစ်ခု သို့မဟုတ် အုပ်စုတစ်စု သို့မဟုတ် တစ်စုံတစ်ယောက်ရှိသည် ဆိုပါစို့။ ထို I တွင် ပြဿနာတစ်ခုရှိသည်ဟု သတ်မှတ်ထားမည်။

(၂) ထို့နောက် C1 နှင့် C2 ဟုခေါ်သော လုပ်ဆောင်ချက် နှစ်ခုရှိသည်။ ဥပမာ - အချိန်ကာလ တစ်ခုစီအတွင်း ဝယ်ယူလိုက်သော items အရေအတွက် ကို လုပ်ဆောင်ချက် တစ်ခု ဟု ဆိုကြပါစို့။

(၃) လုပ်ဆောင်ချက် တစ်ခုစီအတွက် outcome တစ်ခုစီရှိရမည်။ ထို့ကြောင့် လုပ်ဆောင်ချက် နှစ်ခု ဖြစ်သဖြင့် Q1 နှင့် Q2 ဟူသော outcome နှစ်ခုရှိသည်။ ထိုအထဲတွင် သုတေသီသည် အနည်းဆုံး outcome တစ်ခုကို လိုအပ်သည်။

(၄) C1 နှင့် C2 လုပ်ဆောင်ချက်များသည် သုတေသီ၏ ရည်ရွယ်ချက် သို့မဟုတ် လိုအပ်ချက်ကို ရရှိရန် အခွင့် အလမ်းတချို့ကို ဖြည့်စွက်ပေးရမည်။ သို့သော် C1 နှင့် C2 တို့သည် ဖြည့်စွက်ပေးမည့် အခွင့်အလမ်းမှာ မတူပေ။ တနည်းအားဖြင့် လိုအပ်သော outcome ကို ရရန် မတူညီသော ရွေးချယ်မှုများဖြစ်နေရမည်။
အထက်ပါအခြေအနေတွင် I သည် လုပ်ဆောင်ချက် C1 နှင့် C2 တွင် မည်သည်က ပိုကောင်းသည်ကို မသိသောအခါတွင် ပြဿနာရှိသည်ဟုဆိုနိုင်သည်။ ထို့ကြောင့် လိုအပ်သော outcome တစ်ခု သို့မဟုတ် တစ်ခုထက်ပိုနေပြီး မည်သည့်လုပ်ဆောင်ချက်ကို ရွေးချယ်ရမည်ကို မသိသောအခါ I တွင် သုတေသန ပြဿနာဟု ဖော်ပြနိုင်သော ပြဿနာတစ်ခုရှိသည်ဟု ဆိုနိုင်သည်။

သုတေသနပြဿနာတွင် ပါဝင်သော အရာများကို အောက်တွင် ဖော်ပြထားပါသည်။
  • (၁) အခက်အခဲ သို့မဟုတ် ပြဿနာရှိနေသော တစ်ဦးတစ်ယောက် သို့မဟုတ် အုပ်စုတစ်စုရှိရမည်။
  • (၂) ထိုပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ချက်ရှိရမည်။
  • (၃) ထိုရည်ရွယ်ချက် သို့ရောက်ရှိရန် လုပ်ဆောင်ချက်ရှိရမည်။
  • (၄) လုပ်ဆောင်ချက်များကို အလှည့်ကျရွေးချယ်မှုနှင့် ပတ်သက်သော မေးခွန်းများကို ဖြေနိုင်ရမည်။
  • (၅) အခက်အခဲနှင့် စပ်ဆိုင်သော အခြေအနေအချို့ရှိရမည်။
ထို့ကြောင့် သုတေသနပြဿနာဆိုသည်မှာ ရှိနေသော ပြဿနာတစ်ခုအတွက် အကောင်းဆုံးအဖြေကို ရှာဖွေတွေ့ရှိရန် သုတေသီတစ်ယောက်ကို လိုအပ်နေသော အရာတစ်ခုဖြစ်သည်။ 

သုတေသန ပြဿနာပြုလုပ်ရန်အတွက် အချက်အလက်များစွာရှိသည်။ ဥပမာ - လုပ်ဆောင်ချက် သို့မဟုတ် ရလဒ်များကို သက်ရောက်စေနိုင်သော အခြေအနေမှာ ပြောင်းလဲသွားနိုင်သည်။

လုပ်ဆောင်ချက်များကို တစ်လှည့်စီပြုလုပ်သည့် အရေအတွက်မှာ များပြားလာနိုင်သည်။ သက်ဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ရာတွင် လူများပါဝင်လာမှုမရှိဘဲဖြစ်နိုင်သည်။

ဤကဲ့သို့သော အချက်များ အားလုံး (သို့မဟုတ် အနည်းဆုံးတစ်ခု) ကို သုတေသနပြဿနာထဲတွင် ထည့်သွင်းစဉ်းစားနိုင်သည်။

Zawgyi


ယေဘုယျအားဖြင့် သုတေသနပြဿနာသည် သီဟိုရမ် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအခြေအနေတွင် သုတေသီတစ်ဦး အနေဖြင့် ကြုံတွေ့နိုင်သော အခက်အခဲတစ်ချို့ဖြစ်ပြီး ၄င်းအခက်အခဲအတွက် အဖြေများကို ရရှိရန်ဖြစ်သည်။










 


Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ