Skip to main content

Research Process Step - 3 - Making Hypothesis

Unicode

အဆိုကြမ်း hypothesis ပြုလုပ်ခြင်း

Literature Review ကိုရေးသား ပြီးနောက် ရှင်းလင်းသော အသုံးအနှုန်းများဖြင့် အဆိုကြမ်း hypotheses ကို ပြုလုပ်ရေးသားရမည်။ အဆိုကြမ်းပြုလုပ်ခြင်းသည် ၎င်း၏ ကျိုးကြောင်းဆက်စပ်မှု သို့မဟုတ် လက်တွေ့ကျမှုဆိုင်ရာ အကျိုးဆက်ကို စစ်ဆေးရန်၊ ထုတ်နုတ်ရန် အစမ်းသဘော အနေနှင့် ယူဆချက်ပြုလုပ်ခြင်းဖြစ်သည်။  
အဆိုကြမ်းသည် သုတေသန၏ ဗဟိုချက်မကို ဖြည့်စွက်ပေးသောကြောင့် သုတေသနလုပ်ငန်းစဉ်တွင် အဆိုကြမ်း ချမှတ်ပြုလုပ်ခြင်းသည် အထူးအရေးပါသည်။ 
အဆိုကြမ်းသည် Data  ဒေတာ အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာရာတွင် ပြုလုပ်ရမည့် စပ်းသပ်စစ်ဆေးချက် အပြုအမူကို သက်ရောက်စေသည်။  ထို့အပြင် ခွဲခြမ်းစိတ်ဖြာမှုအတွက် လိုအပ်သော Data ဒေတာ၏ အရည်အသွေးကိုလည်း သွယ်ဝိုက်၍ သက်ရောက်စေသည်။  သုတေသန အမျိုးအစားအများစုမှာ အဆိုကြမ်း ချမှတ်ပြုလုပ်ခြင်းသည် အရေးပါသော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။  

အဆိုကြမ်းကို သေသေချာချာ သီးခြားသတ်မှတ်သင့်ပြီး မိမိပြုလုပ်နေသော သုတေသန အတိုင်းအတာအရ ကန့်သတ်ထားသင့်သည်။  အဘယ့်ကြောင့်ဆိုသော် ထိုအဆိုကြမ်းကို စမ်းသပ်စစ်ဆေးရမည် ဖြစ်သောကြောင့် ပင်တည်း။  အဆိုကြမ်း၏ အခန်းကဏ္ဍမှာ သုတေသီအား သုတေသနနယ်ပယ်ကို ကန့်သတ်လျက် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ လမ်းညွှန် တည့်မတ်ပေးရန်ဖြစ်သည်။  အဆိုကြမ်းသည် သုတေသီ၏ စဉ်းစားတွေးခေါ်ချက်ကို ပိုမိုထက်မြက် စူးရှစေပြီး သုတေသနပြဿနာ၏ အရေးပါသော အချက်အလက်များတွင် ပိုမို အာရုံစူးစိုက်စေသည်။  ထို့အပြင် လိုအပ်သော ဒေတာအမျိုးအစားနှင့် ဒေတာများကို ခွဲခြမ်းစိတ့်ဖြာရာတွင် အသုံးပြုသည့် နည်းလမ်းများကိုလည်း ညွှန်ကြားပြသသည်။

ဥပမာ - သုတေသနမေးခွန်းတစ်ခု
 ပြောင်းလဲခြင်းဆိုင်ရာစီမံခန့်ခွဲမှုတွင် သင်တန်းတက်ထားသော ဝန်ထမ်းများသည် သူတို့၏ အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုကို လုပ်ဆောင်ရာတွင် ကူညီနိုင်မှာလား။
အဆိုကြမ်း (Hypothesis)
 ပြောင်းလဲခြင်းဆိုင်ရာစီမံခန့်ခွဲမှုတွင် သင်တန်းတက်ထားသော ဝန်ထမ်းများသည် သူတို့၏ အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုကို အလွယ်တကူ လုပ်ဆောင်နိုင်သည်။
ရှင်းလင်းချက်
 ဤအဆိုကြမ်းသည် “ပြောင်းလဲခြင်းဆိုင်ရာစီမံခန့်ခွဲမှုတွင် သင်တန်းတက်ထားသော ဝန်ထမ်းများသည် ပြောင်းလဲခြင်းဆိုင်ရာစီမံခန့်ခွဲမှုတွင် သင်တန်းမတက်ထားသော ဝန်ထမ်းများထက် သက်ဆိုင်ရာအဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်သည်” ဟု ကြိုတင်ခန့်မှန်းသည်။

အဆိုကြမ်းကို ပြုလုပ်ချမှတ်ရာတွင် -
(က) သုတေသနပြဿနာအကြောင်း၊ ၎င်းပြဿနာ၏ မူလအစ၊ အဖြေရှာရခြင်း၏ ရည်ရွယ်ချက်များကို မိတ်ဆွေများ၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးပါ။ 
(ခ) ဦးတည်ချက်များ၊ ထူးခြားမှုများနှင့် တခြား အရိပ်အမြွက်များရရန် သုတေသနပြဿနာနှင့် ဆက်စပ်နေသော ဒေတာများ မှတ်တမ်းများကို စစ်ဆေးပါ။
(ဂ) အလားတူ သုတေသနပြဿနာများကို ပြန်လည်သုံးသပ်ပါ။
(ဃ) မိမိသုတေသနပြုလုပ်မည့် နယ်ပယ်အတွင်း ကန့်သတ်ချက်တစ်ခုဖြင့် ကွင်းဆင်းအင်တာဗျူးများပါဝင်သော စုံစမ်းမေးမြန်းခြင်းများပြုလုပ်ပါ။  
 
အဆိုကြမ်းပြုတစ်ခု ပြုလုပ်နိုင်ခြင်းသည် အကြောင်းအရာအား ကြိုတင်တွေးတောမှု၊ အကြောင်း အရာနှင့် သက်ဆိုင်သော ဒေတာများကို စစ်ဆေးမှု၊ အကြောင်းအရာကို ကျွမ်းကျင်သူများနှင့် စိတ်ဝင်စားသူများ၏ အကြံပြု ဆွေးနွေးချက်တို့၏ ရလာဒ်များဖြစ်သည်။ အဆိုကြမ်း ပြုလုပ်ခြင်းသည် သတ်မှတ်ထားသော အသုံးအနှုန်းများကို တိကျမှန်ကန်စွာ ဖော်ပြရာတွင် အလွန်အသုံးဝင်သည်။  ထို့ကြောင့် အဆိုကြမ်းပြုလုပ်ခြင်းသည် သုတေသနလုပ်ငန်းစဉ်၏ အခြေခံအဆင့်တစ်ခု ဖြစ်ပါသည်။

Zawgyi

အဆိုၾကမ္း hypothesis ျပဳလုပ္ျခင္း

Literature Review ကိုေရးသား ျပီးေနာက္ ရွင္းလင္းေသာ အသံုးအႏွွဳန္းမ်ားျဖင့္ အဆိုၾကမ္း hypotheses ကို ျပဳလုပ္ေရးသားရမည္။ အဆိုၾကမ္းျပဳလုပ္ျခင္းသည္ ၄င္း၏ က်ိဳးေၾကာင္းဆက္စပ္မွဳ သို႕မဟုတ္ လက္ေတြ႕က်မွဳဆိုင္ရာ အက်ိဳးဆက္ကို စစ္ေဆးရန္၊ ထုတ္ႏုတ္ရန္ အစမ္းသေဘာ အေနႏွင့္ ယူဆခ်က္ျပဳလုပ္ျခင္းျဖစ္သည္။  
အဆိုၾကမ္းသည္ သုေတသန၏ ဗဟိုခ်က္မကို ျဖည့္စြက္ေပးေသာေၾကာင့္ သုေတသနလုပ္ငန္းစဥ္တြင္ အဆိုၾကမ္း ခ်မွတ္ျပဳလုပ္ျခင္းသည္ အထူးအေရးပါသည္။ 
 အဆိုၾကမ္းသည္ Data  ေဒတာ အခ်က္အလက္ မ်ားကို ခြဲျခမ္းစိတ္ျဖာရာတြင္ ျပဳလုပ္ရမည့္ စပ္းသပ္စစ္ေဆးခ်က္ အျပဳအမူကို သက္ေရာက္ေစသည္။  ထို႕အျပင္ ခြဲျခမ္းစိတ္ျဖာမွဳအတြက္ လိုအပ္ေသာ Data ေဒတာ၏ အရည္အေသြးကိုလည္း သြယ္ဝိုက္၍ သက္ေရာက္ေစသည္။  သုေတသန အမ်ိဳးအစားအမ်ားစုမွာ အဆိုၾကမ္း ခ်မွတ္ျပဳလုပ္ျခင္းသည္ အေရးပါေသာ လုပ္ေဆာင္မွဳတစ္ခုျဖစ္သည္။ 

 အဆိုၾကမ္းကို ေသေသခ်ာခ်ာ သီးျခားသတ္မွတ္သင့္ျပီး မိမိျပဳလုပ္ေနေသာ သုေတသန အတိုင္းအတာအရ ကန္႕သတ္ထားသင့္သည္။  အဘယ့္ေၾကာင့္ဆိုေသာ္ ထိုအဆိုၾကမ္းကို စမ္းသပ္စစ္ေဆးရမည္ ျဖစ္ေသာေၾကာင့္ ပင္တည္း။  အဆိုၾကမ္း၏ အခန္းက႑မွာ သုေတသီအား သုေတသနနယ္ပယ္ကို ကန္႕သတ္လ်က္ မွန္ကန္သည့္ လမ္းေၾကာင္းေပၚသို႕ လမ္းညႊန္ တည့္မတ္ေပးရန္ျဖစ္သည္။  အဆိုၾကမ္းသည္ သုေတသီ၏ စဥ္းစားေတြးေခၚခ်က္ကို ပိုမိုထက္ျမက္ စူးရွေစျပီး သုေတသနျပႆနာ၏ အေရးပါေသာ အခ်က္အလက္မ်ားတြင္ ပိုမို အာရံုစူးစိုက္ေစသည္။  ထို႕အျပင္ လိုအပ္ေသာ ေဒတာအမ်ိဳးအစားႏွင့္ ေဒတာမ်ားကို ခြဲျခမ္းစိတ့္ျဖာရာတြင္ အသံုးျပဳသည့္ နည္းလမ္းမ်ားကိုလည္း ညႊန္ၾကားျပသသည္။

ဥပမာ - သုေတသနေမးခြန္းတစ္ခု
 ေျပာင္းလဲျခင္းဆိုင္ရာစီမံခန္႕ခြဲမွဳတြင္ သင္တန္းတက္ထားေသာ ဝန္ထမ္းမ်ားသည္ သူတို႕၏ အဖြဲ႕အစည္းမ်ားအတြင္း ေျပာင္းလဲမွဳကို လုပ္ေဆာင္ရာတြင္ ကူညီႏိုင္မွာလား။
အဆိုၾကမ္း (Hypothesis) 
ေျပာင္းလဲျခင္းဆိုင္ရာစီမံခန္႕ခြဲမွဳတြင္ သင္တန္းတက္ထားေသာ ဝန္ထမ္းမ်ားသည္ သူတို႕၏ အဖြဲ႕အစည္းမ်ားအတြင္း ေျပာင္းလဲမွဳကို အလြယ္တကူ လုပ္ေဆာင္ႏိုင္သည္။ 
ရွင္းလင္းခ်က္
 ဤအဆိုၾကမ္းသည္ “ေျပာင္းလဲျခင္းဆိုင္ရာစီမံခန္႕ခြဲမွဳတြင္ သင္တန္းတက္ထားေသာ ဝန္ထမ္းမ်ားသည္ ေျပာင္းလဲျခင္းဆိုင္ရာစီမံခန္႕ခြဲမွဳတြင္ သင္တန္းမတက္ထားေသာ ဝန္ထမ္းမ်ားထက္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားအတြင္း ေျပာင္းလဲမွဳကို ပိုမိုလြယ္ကူစြာ လုပ္ေဆာင္ႏိုင္သည္” ဟု ၾကိဳတင္ခန္႕မွန္းသည္။

အဆိုၾကမ္းကို ျပဳလုပ္ခ်မွတ္ရာတြင္ -
(က) သုေတသနျပႆနာအေၾကာင္း၊ ၄င္းျပႆနာ၏ မူလအစ၊ အေျဖရွာရျခင္း၏ ရည္ရြယ္ခ်က္မ်ားကို မိတ္ေဆြမ်ား၊ ကၽြမ္းက်င္သူမ်ားႏွင့္ ေဆြးေႏြးပါ။ 
(ခ) ဦးတည္ခ်က္မ်ား၊ ထူးျခားမွဳမ်ားႏွင့္ တျခား အရိပ္အျမြက္မ်ားရရန္ သုေတသနျပႆနာႏွင့္ ဆက္စပ္ေနေသာ ေဒတာမ်ား မွတ္တမ္းမ်ားကို စစ္ေဆးပါ။
(ဂ) အလားတူ သုေတသနျပႆနာမ်ားကို ျပန္လည္သံုးသပ္ပါ။
(ဃ) မိမိသုေတသနျပဳလုပ္မည့္ နယ္ပယ္အတြင္း ကန္႕သတ္ခ်က္တစ္ခုျဖင့္ ကြင္းဆင္းအင္တာဗ်ဴးမ်ားပါဝင္ေသာ စံုစမ္းေမးျမန္းျခင္းမ်ားျပဳလုပ္ပါ။  

အဆိုၾကမ္းျပဳတစ္ခု ျပဳလုပ္ႏိုင္ျခင္းသည္ အေၾကာင္းအရာအား ၾကိဳတင္ေတြးေတာမွဳ၊ အေၾကာင္း အရာႏွင့္ သက္ဆိုင္ေသာ ေဒတာမ်ားကို စစ္ေဆးမွဳ၊ အေၾကာင္းအရာကို ကၽြမ္းက်င္သူမ်ားႏွင့္ စိတ္ဝင္စားသူမ်ား၏ အၾကံျပဳ ေဆြးေႏြးခ်က္တို႕၏ ရလာဒ္မ်ားျဖစ္သည္။ အဆိုၾကမ္း ျပဳလုပ္ျခင္းသည္ သတ္မွတ္ထားေသာ အသံုးအႏွဳန္းမ်ားကို တိက်မွန္ကန္စြာ ေဖာ္ျပရာတြင္ အလြန္အသံုးဝင္သည္။  ထို႕ေၾကာင့္ အဆိုၾကမ္းျပဳလုပ္ျခင္းသည္ သုေတသနလုပ္ငန္းစဥ္၏ အေျခခံအဆင့္တစ္ခု ျဖစ္ပါသည္။
 အဆိုၾကမ္း (Hypothesis)

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ