Unicode
သုတေသနနှင့် သိပ္ပံနည်းကျ နည်းလမ်း တို့မှာ တစ်ခုနှင့် တစ်ခု နီးကပ်စွာ ဆက်စပ်နေသည်။
သုတေသနဆိုသည်မှာ မည်သည့် အဖြစ်အပျက်အခြေအနေတစ်ခုအတွက်မဆို ၎င်းတို့၏ အကျိုးဆက်များ၊ အကြောင်းပြချက်များ၊ သဘာဝဖြစ်ရပ်များကို စုံစမ်းမေးမြန်းခြင်းဖြစ်သည်။
သုတေသီသည် ရလာဒ်များ ထပ်တလဲလဲ ဖြစ်ပွားမှု၊ ၎င်းတို့ရှုပ်ထွေးမှုနှင့် ယေဘုယျအခြေအနေများကို စိတ်ဝင်စားသည်။ အတွေးအခေါ် ပညာရှင်များက research methods နှင့် research techniques များအားလုံးကို သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ် ဟုပြောကြသည်။ သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ်သည် ကြောင်းကျိုးဆက်စပ် ယူဆချက်များမှ သတ်မှတ်ထားသော အမှန်တရားများကို ရရှိအောင်ပြုလုပ်ခြင်း ဖြစ်သည်။
သိပ္ပံဆိုသည်မှာ အချက်အလက်များ စနစ်တကျ အပြန်အလှန်ချိတ်ဆက်မှုကို ရရှိရန် ဖြစ်သည်။
သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ်သည် အထာက်အထားမရှိဘဲ လက်ခံထားသော ယူဆချက်မှ ကြောင်းကျိုး ဆက်စပ် လျှောက်လဲချက်များ၊ လေ့လာစောင့်ကြည့်မှု၊ လက်တွေ့စမ်းသပ်မှု များနှင့် ဤသုံးခုပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ideal စိတ်ကူးကို ရရှိအောင်ကြိုးပမ်းသည်။
သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ် တွင် ကြောင်းကျိုးဆက်စပ်ဆင်ခြင်မှု logic သည် တင်ပြအဆိုပြုချက်များကို တိကျစွာ၊ မှန်ကန်စွာ ဖော်ပြနိုင်ရန် ကူညီသည်။ လက်တွေ့စမ်းသပ်ချက်များ၊ စုံစမ်းစစ်ဆေးမှုများသည် သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ်များဖြင့် ဖွဲ့စည်းထားသည်။ အဆိုကြမ်း Hypothesis များကို စမ်းသပ်စစ်ဆေးရန်နှင့် ဆက်သွယ်ချက် အသစ်များကို ရှာဖွေတွေ့ရှိရန် ပြောင်းလဲကိန်း (ကိန်းရှင်) များကြား လက်တွေ့စမ်းသပ်ချက်များကို ပြုလုပ်ရသည်။
ထို့ကြောင့်သုတေသီသည် လက်တွေ့စမ်းသပ်မှုပြုလုပ်ရန် စီစဉ်သောအခါ ဖြစ်နိုင်သမျှ အကောင်းဆုံး အာရုံစူးစိုက်မှု ရှိနေရမည်။ ဖြစ်နိုင်ခြေရှိသော ဆင်ခြင်သုံးသပ်မှုကိုသာ ဖော်ပြရမည်။ စစ်တမ်းကောက် စုံစမ်းစစ်ဆေးမှု၏ ရည်ရွယ်ချက်မှာ သုတေသီများအတွက် သုတေသနအဖြေတစ်ခုရရှိရန် သိပ္ပံနည်းကျကျ စုဆောင်းထားသော data များ၊ အချက်အလက်များကို ဖြည့်စွက်ရန်ဖြစ်သည်။
ထို့ကြောင့် သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ်သည် အောက်ပါ ယူဆချက်များပေါ်တွင် အခြေခံသည်။
(၁) လက်တွေ့မျက်မြင်အထောက်အထား
(၂) ဆက်စပ်နှီးနွယ်သော ယူဆချက်များ
(၃) ရည်ရွယ်ချက်ရှိရှိ စဉ်စားဆင်ခြင်မှုများ
(၄) လုံလောက်မှန်ကန်သော ဖော်ပြချက်များ
(၅) ဖြစ်နိုင်ခြေရှိ ကြိုတင်ခန့်မှန်းချက်များ
(၆) စေ့စပ်သေချာစွာစစ်ဆေးခြင်း
(၇) မှန်ကန်သောသီဟိုရမ်များ တို့ဖြစ်ကြသည်။
သိပ္ပံနည်းကျ နည်းလမ်း/နည်းစနစ်သည် မျှတသော ကျိုးကြောင်းဆက်စပ်သော စနစ်ကျသော နည်းလမ်းဖြစ်သည်။ ဆိုလိုသည်မှာ ပုဂ္ဂိုလ်ရေးဘက်လိုက်မှုကင်းပြီး သက်သေ အထောက်အထားရှိသော ဖြစ်ရပ်များအတွက် သေချာစွာ စုံစမ်းစစ်ဆေးနိုင်သော နည်းလမ်းဖြစ်သည်။ စနစ်တကျ သင်ယူလေ့လာ ထားသော သုတေသီ၏ နည်းလမ်းများလည်းဖြစ်ရမည်။
သုတေသနဆိုသည်မှာ မည်သည့် အဖြစ်အပျက်အခြေအနေတစ်ခုအတွက်မဆို ၄င်းတို့၏ အကျိုးဆက်များ၊ အကြောင်းပြချက်များ၊ သဘာဝဖြစ်ရပ်များကို စုံစမ်းမေးမြန်းခြင်းဖြစ်သည်။