Skip to main content

Defining the Research Problem

Unicode

၄။  သုတေသနပြဿနာသတ်မှတ်ဖော်ပြရန်လိုအပ်ခြင်း

 သုတေသနပြဿနာကို ရှင်းလင်းစွာ သတ်မှတ်ဖော်ပြခြင်းသည် ၎င်းပြဿနာတစ်ဝက်ကို ဖြေရှင်းပြီးဖြစ်သည်။  ထို့ကြောင့် သုတေသနပြဿနာကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်အရေးကြီးသည်။
 စုံစမ်းမေးမြန်းရမည့်ပြဿနာကို ရှင်းလင်းစွာ သတ်မှတ်ဖော်ပြခြင်းသည် ဆက်စပ်သက်ဆိုင်မှုရှိသော data အချက်အလက်များကို မသက်ဆိုင် မသင့်တော်သော data အချက်အလက်များစွာထဲမှ ခွဲခြားနိုင်ရန် အထောက်အကူပြုသည်။ ရှင်းလင်းတိကျစွာ ဖော်ပြမထားသော သုတေသနပြဿနာသည် သုတေသီကို အခက်အခဲအကျပ်အတည်းဖြစ်စေသည်။ သို့သော် ကောင်းမွန်ရှင်းလင်းစွာဖော်ပြထားသော သုတေသနပြဿနာမှာ  သုတေသီကို အဖြေရရှိနိုင်သော လမ်းကြောင်းပေါ်သို့တည့်မတ်ပေးသည်။

 သုတေသနပြဿနာကို ကောင်းမွန်ရှင်းလင်းစွာ သတ်မှတ်ပြီးသောအခါမှသာလျှင် -
၁။ ဘယ် data တွေကို စုဆောင်းမှာလဲ။
၂။ ဘယ်အချက်အလက်တွေပါတဲ့ data များက သင့်တော်သလဲ။
၃။ ဘယ် data တွေကို လေ့လာရန်လိုအပ်သလဲ။
၄။ ဘယ်ဆက်စပ်မှုတွေကို ရှာဖွေဖော်ထုတ်ရမှာလဲ။
၅။ မိမိရည်ရွယ်ချက်အတွက် ဘယ်နည်းစနစ်တွေ၊ နည်းပညာတွေကို သုံးရမှာလဲ။

စသည်တို့ကဲ့သော မေးခွန်းများ၏ အဖြေများမှာ သုတေသီ၏ စိတ်ထဲတွင်ပေါ်ပေါက်လာမည်။ ထို့ကြောင့် သုတေသနပြဿကို သင့်တော်စွာသတ်မှတ်ခြင်းသည် လေ့လာမှုပြုလုပ်ရန် အတွက်  ကြိုတင်လိုအပ်ချက်ဖြစ်ပြီး အရေးအကြီးဆုံးအဆင့်တစ်ဆင့်လည်းဖြစ်သည်။


 သုတေသနပြဿနာသတ်မှတ်ခြင်းသည် တစ်ခါတစ်ရံ ၎င်း၏အဖြေထက် ပိုမို၍ အဓိကကျနေသည်။
ဂရုတစိုက် ရှင်းလင်းစွာ အသေးစိတ်ထားသော သုတေသနပြဿနာရှိမှသာလျှင် သုတေသနဒီဇိုင်းကို ပြုလုပ်ရေးဆွဲနိုင်မည်ဖြစ်ပြီး သုတေသနပြုလုပ်ရာတွင်ပါဝင်သော နောက်ထပ်အဆင့်များကို အဆင်ပြေချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

Zawgyi

 ၄။  သုေတသနျပႆနာသတ္မွတ္ေဖာ္ျပရန္လိုအပ္ျခင္း

သုေတသနျပႆနာကို ရွင္းလင္းစြာ သတ္မွတ္ေဖာ္ျပျခင္းသည္ ၄င္းျပႆနာတစ္ဝက္ကို ေျဖရွင္းျပီးျဖစ္သည္။  ထို႕ေၾကာင့္ သုေတသနျပႆနာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပရန္အေရးၾကီးသည္။ 
 စံုစမ္းေမးျမန္းရမည့္ျပႆနာကို ရွင္းလင္းစြာ သတ္မွတ္ေဖာ္ျပျခင္းသည္ ဆက္စပ္သက္ဆိုင္မွဳရွိေသာ data အခ်က္အလက္မ်ားကို မသက္ဆိုင္ မသင့္ေတာ္ေသာ data အခ်က္အလက္မ်ားစြာထဲမွ ခြဲျခားႏိုင္ရန္ အေထာက္အကူျပဳသည္။ ရွင္းလင္းတိက်စြာ ေဖာ္ျပမထားေသာ သုေတသနျပႆနာသည္ သုေတသီကို အခက္အခဲအက်ပ္အတည္းျဖစ္ေစသည္။ သို႕ေသာ္ ေကာင္းမြန္ရွင္းလင္းစြာေဖာ္ျပထားေသာ သုေတသနျပႆနာမွာ  သုေတသီကို အေျဖရရွိႏိုင္ေသာ လမ္းေၾကာင္းေပၚသို႕တည့္မတ္ေပးသည္။
သုေတသနျပႆနာကို ေကာင္းမြန္ရွင္းလင္းစြာ သတ္မွတ္ျပီးေသာအခါမွသာလွ်င္ -
၁။ ဘယ္ data ေတြကို စုေဆာင္းမွာလဲ။
၂။ ဘယ္အခ်က္အလက္ေတြပါတဲ့ data မ်ားက သင့္ေတာ္သလဲ။
၃။ ဘယ္ data ေတြကို ေလ့လာရန္လိုအပ္သလဲ။
၄။ ဘယ္ဆက္စပ္မွဳေတြကို ရွာေဖြေဖာ္ထုတ္ရမွာလဲ။
၅။ မိမိရည္ရြယ္ခ်က္အတြက္ ဘယ္နည္းစနစ္ေတြ၊ နည္းပညာေတြကို သံုးရမွာလဲ။


စသည္တို႕ကဲ့ေသာ ေမးခြန္းမ်ား၏ အေျဖမ်ားမွာ သုေတသီ၏ စိတ္ထဲတြင္ေပၚေပါက္လာမည္။ ထို႕ေၾကာင့္ သုေတသနျပႆကို သင့္ေတာ္စြာသတ္မွတ္ျခင္းသည္ ေလ့လာမွဳျပဳလုပ္ရန္ အတြက္  ၾကိဳတင္လိုအပ္ခ်က္ျဖစ္ျပီး အေရးအၾကီးဆံုးအဆင့္တစ္ဆင့္လည္းျဖစ္သည္။

သုေတသနျပႆနာသတ္မွတ္ျခင္းသည္ တစ္ခါတစ္ရံ ၄င္း၏အေျဖထက္ ပိုမို၍ အဓိကက်ေနသည္။
ဂရုတစိုက္ ရွင္းလင္းစြာ အေသးစိတ္ထားေသာ သုေတသနျပႆနာရွိမွသာလွ်င္ သုေတသနဒီဇိုင္းကို ျပဳလုပ္ေရးဆြဲႏိုင္မည္ျဖစ္ျပီး သုေတသနျပဳလုပ္ရာတြင္ပါဝင္ေသာ ေနာက္ထပ္အဆင့္မ်ားကို အဆင္ေျပေခ်ာေမြ႕စြာ ဆက္လက္လုပ္ေဆာင္ႏိုင္မည္ျဖစ္ပါသည္။

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ