Skip to main content
Choosing The Research Problem
Unicode
လေ့လာမှုပြုလုပ်ရန်အတွက် သုတေသနပြဿကို ဂရုတစိုက်ရွေးချယ်ရမည်ဖြစ်သည်။ သုတေသနပြဿနာကို ရွေးချယ်နိုင်ရန်အတွက် Research Guide တစ်ခုမှ အကူအညီရယူနိုင်သည်။ သို့သော် သုတေသီတိုင်းသည် သုတေသနပြဿနာ အတွက် မိမိကိုယ်ပိုင်အရာကို ရှာဖွေလုပ်ဆောင်ရမည်။ 
ဆိုလိုသည်မှာ အပင်တစ်ပင်သည် မိမိ၏ ကိုယ်ပိုင်မျိုးစေ့မှ ထွက်လာသကဲ့သို့ ပြဿနာသည် သုတေသီ၏ စိတ်ထဲမှ ပေါက်ဖွားလာခြင်းဖြစ်ရမည်။
သုတေသီမှ သုတေသနပြဿနာကို ရွေးချယ်သောအခါ Research Guide သည် သူ့အား အကူအညီအရဆုံးအရာတစ်ခုဖြစ်သော်လည်း အောက်ပါအချက်များကို ဂရုစိုက်လုပ်ဆောင်ရမည်။
(၁) အလွန်အကျွံပြုလုပ်ထားပြီးသော အကြောင်းအရာများကို ရှောင်ကြဉ်ရမည်။
(၂) ကျဉ်းလွန်းသော သို့မဟုတ် ကျယ်လွန်းသော ပြဿကိုရှောင်ကြဉ်ရမည်။
(၃) ရွေးချယ်လိုက်သော ပြဿနာသည် ရင်းနှီးကွမ်းဝင်မှုရှိပြီး ဖြစ်နိုင်ခြေရှိရမည်။ 
အဘယ့်ကြောင့်ဆိုသော် သက်ဆိုင်ရာ သုတေသန အရင်းအမြစ်များကို လက်လှမ်းမှီစေရန်ဖြစ်သည်။ ဤရည်ရွယ်ချက်အတွက် သုတေသီသည် သက်ဆိုင်ရာ အကြောင်းအရာနှင့် ပတ်သက်၍ ကွမ်းကျင်သူ သို့မဟုတ် ယခင်က ၎င်းအကြောင်းအရာကို သုတေသနပြုလုပ်ဖူးသော တက္ကသိုလ်ပါမောက္ခ တစ်ဦးတစ်ယောက်နှင့် အဆက်အသွယ်ပြုလုပ်ရမည်။ သက်ဆိုင်ရာပြဿနာနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေထားသော ဆောင်းပါးများကို ဖတ်ရမည်။ သုတေသီသည် မိမိ၏ စိတ်ထဲတွင်ရှိနေသော ပြဿနာကို တစ်ခြားသော မိတ်ဆွေအပေါင်းအသင်းများနှင့် ဆွေးနွေးသင့်သည်။ ဤနည်းအားဖြင့် သုတေသနပြဿနာကို ရွေးချယ်ရာတွင် အတတ်နိုင်ဆုံးကြိုးစားအားထုတ်သင့်သည်။
(၄) အကြောင်းအရာ၏ အရေးပါမှု၊ သုတေသီ၏ အရည်အသွေး၊ သုံးစွဲနိုင်သော ကုန်ကျစရိတ်၊ ရနိုင်သော အချိန်အတိုင်းအတာ တို့မှာလည်း သုတေသနပြဿနာရွေးချယ်ရာတွင် စဉ်းစားသင့်သော အချက်များဖြစ်သည်။ တနည်းအားဖြင့် နောက်ဆုံးအနေဖြင့် သုတေသနပြဿနာကို မရွေးချယ်မီ သုတေသီသည် အောက်ပါမေးခွန်းများကို မိမိကိုယ်တိုင်မေးသင့်သည်။
--- (က) သုတေသနပြုလုပ်ရန် မိမိရရှိထားသော အရင်းအမြစ်ဖြင့် အဆင်ပြေနိုင်မှာလား။
--- (ခ) မိမိတွင် ရှိနေသော ဘတ်ဂျက်ငွေဖြင့် လုံလောက်စွာလေ့လာမှုပြုလုပ်နိုင်မှာလား။
--- (ဂ) သုတေသနပြုလုပ်ရာတွင် ပါဝင်ဆောင်ရွက်နေကြသောသူများထံမှ လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုကို ရနိုင်မှာလား။
ဤမေးခွန်းများမှာ အဆင်ပြေလျှင် သုတေသနအတွက် လေ့လာမှုပြုလုပ်နိုင်ပါပြီ။
(၅) ကြိုတင်လေ့လာခြင်းအားဖြင့် သုတေသနပြဿနာရွေးချယ် ပြုလုပ်နိုင်သည်။ မိမိရွေးချယ်လိုက်သော သုတေသနပြဿနာသည် ရှေ့က လုပ်နှင့်ပြီးသော သုတေသနတစ်ခုနှင့် အလွန်နီးကပ်သော သုတေသနမျိုးပြုလုပ်ရန် လိုအပ်သောအခါ ထိုသုတေသနကို ကြိတင်လေ့လာရန်မလိုအပ်ပါ။ သို့သော် ကွင်းဆင်းလေ့လာမှုဖြင့် အချက်အလက်သစ်များရရှိပြီး နည်းပညာသစ်များမရနိုင်လျှင် ဖြစ်နိုင်ခြေရှိသော လေ့လာမှု အကျဉ်းကို ဆောင်ရွက်ပြုလုပ်ရမည်။
အထက်ပါအချက်များအရ အကြောင်းအရာ တစ်စုံတစ်ခုကိုရွေးချယ်လိုက်လျှင် သုတေသနသည် ပျင်းရိငြီးငွေ့ဖွယ်ရာ မဟုတ်ဘဲ နှစ်သက်ဖွယ်ရာ အလုပ်တစ်ခုဖြစ်ပါလိမ့်မည်။ တစ်နည်းအားဖြင့် သုတေသနသည် စိတ်အားထက်သန်စေသောအရာ ဖြစ်လာပါလိမ့်မည်။
Zawgyi
Comments
Popular posts from this blog
How to write a research proposal? (part - 1)
Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc
How to write a research proposal? (part-2)
Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R
Research Processes
Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ