Skip to main content

Research Process Step - 7 - Execution of Research Project

Unicode
 စီမံကိန်းပြီးမြောက်အောင်ဆောင်ရွက်ပြုလုပ်ခြင်း
စီမံကိန်း ပြီးမြောက်အောင် ဆောင်ရွက်ပြုလုပ်ခြင်းသည် သုတေသန လုပ်ငန်းစဉ်တွင် အလွန် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။  သင့်တော်မှန်ကန်သော အခြေအနေများအတွင်း သုတေသန စီမံကိန်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့လျှင် စုဆောင်ရမည့် data အချက်အလက်များမှာလည်း ပြည့်စုံ လုံလောက်ပြီး အားကိုးအားထားပြုနိုင်သည်။ 

သုတေသီသည် စနစ်ကျသော နည်းလမ်းများဖြင့် သတ်မှတ်ထားသော အချိန်အတွင်း သုတေသနစီမံကိန်းကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။  မေးခွန်းလွှာကို စနစ်တကျပြင်ဆင်ပြီး စစ်တမ်းကောက်မည်ဆိုလျှင် data များကို အလွယ်တကူကောက်ယူ စုဆောင်းနိုင်ပါသည်။  ဤအခြေအနေတွင် မေးခွန်းများအတွက် ဖြစ်နိုင်သော အဖြေများကို ကုဒ် (code) များဖြင့် ပြုလုပ်ထားရမည်။  အကယ်၍ အင်တာဗျူးမေးလျက် data ကောက်ယူစုဆောင်းမည်ဆိုပါက သင့်တော်သော ရွေးချယ်မှုများပြုလုပ်ပြီး အင်တာဗျူးမေးမည့်သူများကို လေ့ကျင့်သင်ကြားပေးရမည်။ 

အင်တာဗျူးမေးမည့်သူများအား လုပ်ဆောင်ရမည့် အဆင့်တစ်ဆင့်စီကို ရှင်းလင်းစွာ ညွှန်ကြားပြသရမည်။   အင်တာဗျူးမေးသူများသည် လုပ်ငန်းတွင် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ပြုလုပ်နိုင်ရန် ကွင်းဆင်းစစ်ဆေးမှုများကို ရံဖန်ရံခါ ပြုလုပ်သင့်သည်။  စစ်တမ်းကို အဖြစ်နိုင်ဆုံး လက်တွေ့ကျစေရန် အလို့ငှာ ဂရုတစိုက်စောင့်ကြပ်ကြည့်ရှုရမည်။

 တနည်းအားဖြင့် စုဆောင်းရရှိလာသော သတင်းအချက်အလက်များသည် ကြိုတင်သတ်မှတ်ထားသော တိကျမှု စံချိန် စံညွှန်းများဖြင့် ကိုက်ညီစေရန် အလို့ငှာ အဆင့်တိုင်းကို သေသေချာချာ ဂရုတစိုက် ဆောင်ရွက်ရမည်ဖြစ်သည်။  အကယ်၍ ဖြေကြားသူတချို့ မှ ပူးပေါင်းပါဝင်မှုမရှိခဲ့လျှင် ဤပြဿနာကိုဖြေရှင်းရန် တခြားသင့်တော်သော နည်းလမ်းအချို့ကို ပြုလုပ်သင့်သည်။ 

မဖြေကြားသူများ၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတစ်ခုမှာ မဖြေကြားသူများကို စာရင်းမှတ်ပြီး ၎င်းတို့အစား နောက်ထပ် နမူနာငယ်တစ်ခုပြုလုပ်သင့်သည်။  ထို့နောက် စိတ်ချ ယုံကြည်ရလောက်သော အဖြေများရရှိရန် ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အားစိုက် ကြိုးပမ်းဆောင်ရွက်သင့်သည်။


Zawgyi

စီမံကိန္းျပီးေျမာက္ေအာင္ေဆာင္ရြက္ျပဳလုပ္ျခင္း

စီမံကိန္း ျပီးေျမာက္ေအာင္ ေဆာင္ရြက္ျပဳလုပ္ျခင္းသည္ သုေတသန လုပ္ငန္းစဥ္တြင္ အလြန္ အေရးပါေသာ အဆင့္တစ္ခုျဖစ္သည္။ 

သင့္ေတာ္မွန္ကန္ေသာ အေျခအေနမ်ားအတြင္း သုေတသန စီမံကိန္းကို ျပီးေျမာက္ေအာင္ ေဆာင္ရြက္ႏိုင္ခဲ့လွ်င္ စုေဆာင္ရမည့္ data အခ်က္အလက္မ်ားမွာလည္း ျပည့္စံု လံုေလာက္ျပီး အားကိုးအားထားျပဳႏိုင္သည္။ 

သုေတသီသည္ စနစ္က်ေသာ နည္းလမ္းမ်ားျဖင့္ သတ္မွတ္ထားေသာ အခ်ိန္အတြင္း သုေတသနစီမံကိန္းကို ျပီးေျမာက္ေအာင္ ေဆာင္ရြက္ရမည္။  ေမးခြန္းလႊာကို စနစ္တက်ျပင္ဆင္ျပီး စစ္တမ္းေကာက္မည္ဆိုလွ်င္ data မ်ားကို အလြယ္တကူေကာက္ယူ စုေဆာင္းႏိုင္ပါသည္။

 ဤအေျခအေနတြင္ ေမးခြန္းမ်ားအတြက္ ျဖစ္ႏိုင္ေသာ အေျဖမ်ားကို ကုဒ္ (code) မ်ားျဖင့္ ျပဳလုပ္ထားရမည္။  အကယ္၍ အင္တာဗ်ဴးေမးလ်က္ data ေကာက္ယူစုေဆာင္းမည္ဆိုပါက သင့္ေတာ္ေသာ ေရြးခ်ယ္မွဳမ်ားျပဳလုပ္ျပီး အင္တာဗ်ဴးေမးမည့္သူမ်ားကို ေလ့က်င့္သင္ၾကားေပးရမည္။  အင္တာဗ်ဴးေမးမည့္သူမ်ားအား လုပ္ေဆာင္ရမည့္ အဆင့္တစ္ဆင့္စီကို ရွင္းလင္းစြာ ညႊန္ၾကားျပသရမည္။  

အင္တာဗ်ဴးေမးသူမ်ားသည္ လုပ္ငန္းတြင္ ထိထိေရာက္ေရာက္ မွန္မွန္ကန္ကန္ ျပဳလုပ္ႏိုင္ရန္ ကြင္းဆင္းစစ္ေဆးမွဳမ်ားကို ရံဖန္ရံခါ ျပဳလုပ္သင့္သည္။  စစ္တမ္းကို အျဖစ္ႏိုင္ဆံုး လက္ေတြ႕က်ေစရန္ အလို႕ငွာ ဂရုတစိုက္ေစာင့္ၾကပ္ၾကည့္ရွဳရမည္။  တနည္းအားျဖင့္ စုေဆာင္းရရွိလာေသာ သတင္းအခ်က္အလက္မ်ားသည္ ၾကိဳတင္သတ္မွတ္ထားေသာ တိက်မွဳ စံခ်ိန္ စံညႊန္းမ်ားျဖင့္ ကိုက္ညီေစရန္ အလို႕ငွာ အဆင့္တိုင္းကို ေသေသခ်ာခ်ာ ဂရုတစိုက္ ေဆာင္ရြက္ရမည္ျဖစ္သည္။ 

အကယ္၍ ေျဖၾကားသူတခ်ိဳ႕ မွ ပူးေပါင္းပါဝင္မွဳမရွိခဲ့လွ်င္ ဤျပႆနာကိုေျဖရွင္းရန္ တျခားသင့္ေတာ္ေသာ နည္းလမ္းအခ်ိဳ႕ကို ျပဳလုပ္သင့္သည္။ 

မေျဖၾကားသူမ်ား၏ ျပႆနာကို ကိုင္တြယ္ေျဖရွင္းသည့္ နည္းလမ္းတစ္ခုမွာ မေျဖၾကားသူမ်ားကို စာရင္းမွတ္ျပီး ၄င္းတို႕အစား ေနာက္ထပ္ နမူနာငယ္တစ္ခုျပဳလုပ္သင့္သည္။  ထို႕ေနာက္ စိတ္ခ် ယံုၾကည္ရေလာက္ေသာ အေျဖမ်ားရရွိရန္ ကၽြမ္းက်င္သူမ်ား၏ အကူအညီျဖင့္ အားစိုက္ ၾကိဳးပမ္းေဆာင္ရြက္သင့္သည္။

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ