ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ နှုတ်ယူလိုက်ခြင်း၊ လျော့သွားခြင်းဆိုတာ မရှိပါဘူး။ တိုးပွားခြင်း၊ ဆတိုးခြင်းတွေပဲရှိပါတယ်။ ဆိုလိုတာက (ကုသိုလ်ကံ) ကောင်းတာပဲ ဖြစ်ဖြစ်၊ (အကုသိုလ်ကံ) မကောင်းတာပဲဖြစ်ဖြစ် တစ်စုံတစ်ခုဖြစ်လိုက်တိုင်း / ပြုလိုက်တိုင်း စေတနာအပေါ်မူတည်ပြီး တိုးပွားလာတာ/ ပွားများလာတာ ပဲရှိပါတယ်။ လျော့မသွားပါဘူး။
Negative thoughts တွေကိုဖယ်ပြီး Positive thoughts တွေကိုပဲ တွေးပေးမယ်ဆိုရင် အကောင်းဆုံးပါ။ ဒါပေမယ့် အဲဒါကမဖြစ်နိုင်ပါဘူး။
Negative thoughts တွေကိုစိတ်ထဲကနေပြီး အတင်းဖယ်ရှားလို့မရပါဘူး။ မကောင်းတဲ့အကြောင်းအရာ တစ်ခုကို မတွေးမိအောင် အတင်းလုပ်ယူလို့မရပါဘူး။
စိတ်ရဲ့သဘောက မတွေးပါနဲ့ လို့ ထိန်းချုပ်လေလေ ပို,ပို တွေးချင်လေလေပါပဲ။ ဒါက စိတ်ရဲ့သဘာဝပါ။
ဘာသာရေးဆရာတွေ၊ ကိုယ်ကျင့် တရားပိုင်းဆိုင်ရာကို သင်ကြားနေတဲ့ ဆရာတွေက မကောင်းတဲ့အကြောင်းတွေကို မတွေးပါနဲ့လို့ပြောကြပါလိမ့်မယ်။ အဲဒီလိုပြောလိုက်တဲ့အခါမှပဲ အချိန်ပြည့်တွေးနေမိတဲ့သူတွေလည်းရှိပါတယ်။
ပြီးရင် စိတ်ထဲမှာတွေးနေတဲ့ အတွေးတွေကို ဒါက positive ဖြစ်တယ်၊ ဒါက negative ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖယ်ရှားဖို့မကြိုးစားပါနဲ့။ သင့်အနေနဲ့ နားလည်ဖို့လိုအပ်တာက သင့်ရဲ့ စိတ်နဲ့ကိုယ်ဟာ သင့်ကို ဝန်ဆောင်မှုပေးနေကြတာတွေပဲ ဖြစ်တယ်။ အဲဒီစိတ်နဲ့ကိုယ်ဟာ သင့်အတွက် တာဝန်ထမ်းဆောင်ရမယ့် ယာဥ်တွေပဲဖြစ်ပါတယ်။
သင့်ရဲ့စိတ်ဟာလည်း သင်မဟုတ်သလို သင့်ရဲ့ကိုယ်ဟာလည်းသင်မဟုတ်ဘူး။ ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းစဥ်နဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဥ် တွေကနေပြီး သင်ကိုယ်တိုင်ကို ခွဲခြားတတ်ဖို့တော့လိုအပ်ပါတယ်။
သင်ဟာ ပြတင်းပေါက်နေ တစ်နေရာရာကို လှမ်းကြည့်တယ်ဆိုကြပါစို့။ သင်မျက်စိမှိတ်လိုက်ထားလိုက်တဲ့အခါ အဲဒီမြင်ကွင်းပျောက်သွားမှာပါ။ သင့်စိတ်ထဲမှာ မြင်ကွင်းပျောက်သွာတာ သင်မရှိဘူးလို့ မဆိုလိုဘူး။ သင်ရှိနေတုန်းပဲ။ သင့်ရဲ့အတွေးတွေ၊ သင့်ရဲ့စိတ်ခံစားချက်တွေကို ကျော်လွန်ပြီး သင်ရှိနေတုန်းပဲ။ ဘဝဆိုတဲ့ သင်ဟာ သင့်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးရှိလာရတာပါ။
အတွေးတွေထက် အရေးအကြီးဆုံးအရာကတော့ အခုအချိန်မှာ အသက်ရှင်ခွင့်ရနေတာပဲ။ အသက်ရှင်နေသေးတာကို အာရုံစိုက်ဖို့အရေးကြီးပါတယ်။ "သင်" ဆိုတဲ့အရာနဲ့ သင့်အတွေးလုပ်ငန်းစဥ် တို့ ကြားက ကွာခြားမှုကို သဘာဝအတိုင်းမြင်တတ်ဖို့အရေးကြီးပါတယ်။
စိတ်ပိုင်းဆိုင်ရာလုပ်စန်းစဥ်နဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းစဥ်တို့ရဲ့ ကွာခြားမှုကို သိတဲ့အခါ ဆင်းရဲခြင်းက လွတ်မြေက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကြုံတွေ့ရတဲ့ ဆင်းရဲခြင်း နှစ်မျိုးရှိတယ်။ ကိုယ်ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်းပါပဲ။ သင်နဲ့ သင့်စိတ်ကြား၊ သင်နဲ့ သင့်ကိုယ်ကြား မှာ နေရာလပ်လေးတစ်ခုဖန်တီးနိုင်ရင် ဆင်းရဲခြင်းကလွတ်မြောက်နိုင်ပါတယ်။
Negative thoughts တွေကိုဖယ်ပြီး Positive thoughts တွေကိုပဲ တွေးပေးမယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ဘယ်သူကမှ ဖယ်ရှားလို့မရပါဘူး။ ဖယ်တယ်ဆိုတာက အချိန်အတိုင်းအတာတစ်ခုအတွင်း ခဏတာ ရှောင်လွှဲနေလိုက်တာပါ။ Negative thoughts တွေဝင်လာတဲ့အခါ ဘုရားစာတွေရွတ် တာပဲဖြစ်ဖြစ် သီချင်းဆိုတာပဲ ဖြစ်ဖြစ် သင်ကြိုက်ရာလုပ်ပါ။ ဒါကတော့ ရှောင်နေလိုက်တာပဲ။ ထွက်သွားတာမဟုတ်ပါဘူး။
ပထမဆုံးအနေနဲ့ သင်နားလည်ရမှာက သင်ထုတ်နေတဲ့/ သင့်ဆီကထွက်နေတဲ့ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ ဒေါသစိတ်တွေပဲဖြစ်ပါတယ်။ သင့်ရဲ့ ဒေါသက တစ်စုံတစ်ယောက်ကို ဦးတည်နေပြီဆိုရင် သင်ဟာ အဆိပ်ကို စားပြီး တစ်ခြားလူကို သေစေချင်နေတာနဲ့တူပါတယ်။ သင်အဆိပ်စားရင် သင်သေမယ်။ ကျွန်တော်အဆိပ်စားရင် ကျွန်တော်သေမယ်။ ဒါကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ ငါးမိနစ်ခန့် ဒေါသထွက်ပြီး သွေးစစ်လိုက်ရင် သွေးထဲမှာ Negative element များစွာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကို သင် အဆိပ်မဖြစ်ပါစေနဲံ့။
ဒီလိုဆိုရင် Negative thoughts တွေကို ဘယ်လိုဖယ်မလဲ ဆိုတဲ့မေးခွန်းကို ဆက်ကြရအောင်။ အတွေးကို ဖယ်တာတို့ ဘာမှလုပ်နေစရာမလိုပါဘူး။ ဖယ်လို့မရပါဘူး။ ဒီတော့ ဘာလုပ်ရမလဲဆိုတော့ -
အသာကလေးပြန်ထိုင်လိုက်ပါ။ ကိုယ့်ဘဝအကြောင်းကို စိတ်ငြိမ်ငြိမ်ထားပြီးစဥ်းစားပါ။ သင့်ရဲ့ ကိုထဲမှာ သိနေတယ်ဆိုတဲ့ နေရာတစ်နေရာကိုရှာပါ။ သင့်ရဲ့အမြင်၊ သင့်ရဲ့ အာရုံခံစားမှုတို့အပေါ်မူတည်ပြီး အဲဒီနေရာက သင်ရဲ့နှလုံးခုန်တာလည်းဖြစ်နိုင်တယ်။ သင်အသက်ရှူတာလည်းဖြစ်နိုင်တယ်။ သင်အသက်ရှိနေတယ်လို့ ခံစားရတဲ့အရာတစ်ခုပါ။ အဲဒီနေရာကို အချိန်အနည်းငယ် အာရုံစိုက်လိုက်ပါ။ တဖြည်းဖြည်းနဲ့ သင်ဆိုတဲ့အရာ နဲ့ သင်စုဆောင်းထားတဲ့အရာကြားမှာ ခြားနားမှုတစ်ခုကို တွေ့ပါလိမ့်မယ်။ သင်စုဆောင်းထားတဲ့ အရာတွေထဲမှာတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာတွေပါ ပါဝင်နေတာကိုတွေ့ပါလိမ့်မယ်။
Comments
Post a Comment