Skip to main content

Law of Attraction အ‌ကြောင်းအနည်းငယ်

 

Law of Attraction ကို သင်သိသည် ဖြစ်စေ မသိသည်ဖြစ်စေ Law of Attraction သည် သင်၏ဘဝတွင် အလုပ်လုပ်ဆောင်နေပေသည်။  Law of Attraction မှပြောသည်မှာ သင်ပြုလုပ်သည့်အတိုင်းသင်သည် အရာဝတ္ထုများကို ဆွဲဆောင်နေသည်။  အောက်ပါတို့မှာ Law of Attraction နှင့်ပတ်သက်ပြီး သင်သိသင့်သည့်အရာများဖြစ်သည်။

Law of Attraction ၏နောက်‌ခံသမိုင်း

ယခုခေတ်တွင် Law of Attraction အကြောင်းကို အနည်းငယ်ရေးသားပြောဆိုနေကြသော်လည်း ဤအယူအဆကို ရာစုနှစ်များစွာကပင် သိရှိပြီး အောင်မြင်စွာ ကျင့်သုံးနေခဲ့ကြပြီးပြီ။  The Secret ဆိုတဲ့စာအုပ်အရဆိုရင် Beethoven, နှင့် Einstein  တို့အပြင် Jesus တောင်မှ Law of Attraction ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။  သင်သည် Law of Attraction ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သင်သည်လည်း သင်၏ ကိုယ်ပိုင်ဘဝ အတွက် Law of Attraction ကို အသုံးပြုထားပြီးဖြစ်သည်။  ဤသည်မှာ Law of Attraction သည် ၄င်းကို သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။  ယခုအဓိက focus ထားပြီး ပြောလိုသည်မှာ သင်သည် Law of Attraction ကို အသုံးပြုနေ‌ကြောင်းသိလာလျှင် သင်ဘဝတွင် သင်ဆွဲဆောင်နေသော အရာများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ 

Law of Attraction အလုပ်လုပ်ပုံ

အခြေခံအားဖြင့် Law of Attraction သည် ဤကဲ့သို့ အလုပ် လုပ်ပါသည်။ သင်သည် သင်၏ ကိုယ်ပိုင် အဖြစ်မှန် (reality) ကို ဖန်တီးသည်။  သင်အာရုံစိုက်သော (focus on) အရာ၊ သင်ခံစားသော (emote) အရာများသည် သင်၏ဘဝအတွင်းသို့ သင်ဆွဲခေါ်နေသောအရာများဖြစ်သည်။  သင်၏ ဘဝတွင် ဖြစ်ပျက်လိမ့်မည်ဟု သင်ယုံကြည်သော အရာသည် သင်၏ဘဝတွင် ဖြစ်ပျက်သော အရာဖြစ်သည်။ 

ထိုအရာကို သိမြင်ရန် မလွယ်ကူပါ။  သို့သော် လူတိုင်းလူတိုင်းသည် သူတို့ သဘာဝအလျောက်လိုချင်သည့်အတိုင်း သူတို့နေကြရသည်။ ဥပမာ - အကြွေးရှိနေသောသူများကို စဥ်းစားရအောင်။  သူတို့ကိုယ်တိုင်က ငါငွေတွေလိုနေတယ်၊ ငါငွေမရဘူးဟုဆက်တိုက်ပြောနေလျှင် သူတို့သည် ငွေလိုအပ်နေသည်ကို သူတို့ဘဝတွင်းသို့ ဆက်လက်ဆွဲဆောင်နေမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အဖြစ်မှန် (reality) ကို သူတို့ဖန်တီးခြင်းဖြစ်သည်။ 

‌ဒေစီ (၁.၉.၂၀၂၀)

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ