Skip to main content

Posts

Negative thoughts ​တွေဝင်လာခဲ့ရင်

ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ နှုတ်ယူလိုက်ခြင်း၊ လျော့သွားခြင်းဆိုတာ မရှိပါဘူး။  တိုးပွားခြင်း၊ ဆတိုးခြင်းတွေပဲရှိပါတယ်။  ဆိုလိုတာက (ကုသိုလ်ကံ) ကောင်းတာပဲ ဖြစ်ဖြစ်၊ (အကုသိုလ်ကံ) မကောင်းတာပဲဖြစ်ဖြစ် တစ်စုံတစ်ခုဖြစ်လိုက်တိုင်း / ပြုလိုက်တိုင်း စေတနာအပေါ်မူတည်ပြီး တိုးပွားလာတာ/ ပွားများလာတာ ပဲရှိပါတယ်။  လျော့မသွားပါဘူး။    Negative thoughts တွေကိုဖယ်ပြီး Positive thoughts တွေကိုပဲ တွေးပေးမယ်ဆိုရင် အကောင်းဆုံးပါ။  ဒါပေမယ့် အဲဒါကမဖြစ်နိုင်ပါဘူး။ Negative thoughts တွေကိုစိတ်ထဲကနေပြီး အတင်းဖယ်ရှားလို့မရပါဘူး။  မကောင်းတဲ့အကြောင်းအရာ တစ်ခုကို မတွေးမိအောင် အတင်းလုပ်ယူလို့မရပါဘူး။   စိတ်ရဲ့သဘောက မတွေးပါနဲ့ လို့ ထိန်းချုပ်လေလေ ပို,ပို တွေးချင်လေလေပါပဲ။  ဒါက စိတ်ရဲ့သဘာဝပါ။      ဘာသာရေးဆရာတွေ၊ ကိုယ်ကျင့် တရားပိုင်းဆိုင်ရာကို သင်ကြားနေတဲ့ ဆရာတွေက မကောင်းတဲ့အကြောင်းတွေကို မတွေးပါနဲ့လို့ပြောကြပါလိမ့်မယ်။  အဲဒီလိုပြောလိုက်တဲ့အခါမှပဲ အချိန်ပြည့်တွေးနေမိတဲ့သူတွေလည်းရှိပါတယ်။   ပြီးရင် စိတ်ထဲမှာတွေးနေတဲ့ အတွေးတွေကို ဒါက positive ဖြစ်တယ်၊ ဒါက negative ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖယ်ရှားဖို့မကြိုးစားပါနဲ့။  သင့်အနေ
Recent posts

Law of Attraction အ‌ကြောင်းအနည်းငယ်

  Law of Attraction ကို သင်သိသည် ဖြစ်စေ မသိသည်ဖြစ်စေ Law of Attraction သည် သင်၏ဘဝတွင် အလုပ်လုပ်ဆောင်နေပေသည်။   Law of Attraction မှပြောသည်မှာ သင်ပြုလုပ်သည့်အတိုင်းသင်သည် အရာဝတ္ထုများကို ဆွဲဆောင်နေသည်။   အောက်ပါတို့မှာ Law of Attraction နှင့်ပတ်သက်ပြီး သင်သိသင့်သည့်အရာများဖြစ်သည်။ Law of Attraction ၏နောက်‌ခံသမိုင်း ယခုခေတ်တွင် Law of Attraction အကြောင်းကို အနည်းငယ်ရေးသားပြောဆိုနေကြသော်လည်း ဤအယူအဆကို ရာစုနှစ်များစွာကပင် သိရှိပြီး အောင်မြင်စွာ ကျင့်သုံးနေခဲ့ကြပြီးပြီ။   The Secret ဆိုတဲ့စာအုပ်အရဆိုရင် Beethoven, နှင့် Einstein   တို့အပြင် Jesus တောင်မှ Law of Attraction ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။   သင်သည် Law of Attraction ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သင်သည်လည်း သင်၏ ကိုယ်ပိုင်ဘဝ အတွက် Law of Attraction ကို အသုံးပြုထားပြီးဖြစ်သည်။   ဤသည်မှာ Law of Attraction သည် ၄င်းကို သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။   ယခုအဓိက focus ထားပြီး ပြောလိုသည်မှာ သင်သည် Law of Attraction ကို အသုံးပြုနေ‌ကြောင်းသိလာလျှင် သင်ဘဝတွင် သင်ဆွဲဆောင်နေသော အရာများကို ထိန်းခ

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

Research Process Step - 8 - Data Analysis

Unicode  Data များကို စုဆောင်းပြီးနောက် သုတေသီသည် ယင်း data များကို ခွဲခြမ်းစိတ်ဖြာရန် (analysis လုပ်ရန်) ဖြစ်သည်။ Data analysis ပြုလုပ်ရာတွင် data များကို အမျိုးအစား၊ အဆင့်အတန်းခွဲခြားသတ်မှတ်ခြင်း၊ ကုဒ် (code) များဖြင့် ပြုလုပ်ထားသော raw data များကို အသုံးချခြင်း၊ စာရင်းဇယားပြုလုပ်ခြင်းနှင့် နောက်ဆုံးတွင် စာရင်းအင်းပညာအရ ကောက်ချက်ချခြင်းတို့ကို ပြုလုပ်ရသည်။   ကိုင်တွယ်ရန် ခက်ခဲသော data များကို နောက်ထပ် analysis ပြုလုပ်နိုင်ရန် ပြုလုပ်ဆောင်ရွက်နိုင်သော အုပ်စုများ၊ ဇယားများထဲသို့ ထည့်သွင်း၍ အကျဉ်းချုံ့ထားရန် လိုအပ်သည်။  ထို့ကြောင့် raw data များကို အမျိုးအစားများခွဲခြားထားသင့်သည်။ ဤအဆင့်တွင် ထို data များကို အလွယ်တကူ စာရင်းပြုစုနိုင်ရန်နှင့် ရေတွက်နိုင်ရန် အမျိုးအစားခွဲခြားထားသော data များကို သင်္ကေတ များပြုလုပ်ကာ ကုဒ် (code) များဖြင့် မှတ်သားထားရမည်။  ကုဒ် (code) များပြုလုပ်ခြင်းအတွက် data များကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်သည့် လုပ်ငန်းစဉ်မှာ တည်းဖြတ်ခြင်းဖြစ်သည်။  ကုဒ် (code) ပြုလုပ်ပြီးသော အဆင့်တွင် စာရင်းဇယားများြ့ပုလုပ်ရန် အလိုက်သင့် ဖြစ်လာသည်။ စာရင်းဇယားပြုလုပ်ခြင်

Research Process Step - 7 - Execution of Research Project

Unicode  စီမံကိန်းပြီးမြောက်အောင်ဆောင်ရွက်ပြုလုပ်ခြင်း စီမံကိန်း ပြီးမြောက်အောင် ဆောင်ရွက်ပြုလုပ်ခြင်းသည် သုတေသန လုပ်ငန်းစဉ်တွင် အလွန် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။  သင့်တော်မှန်ကန်သော အခြေအနေများအတွင်း သုတေသန စီမံကိန်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့လျှင် စုဆောင်ရမည့် data အချက်အလက်များမှာလည်း ပြည့်စုံ လုံလောက်ပြီး အားကိုးအားထားပြုနိုင်သည်။  သုတေသီသည် စနစ်ကျသော နည်းလမ်းများဖြင့် သတ်မှတ်ထားသော အချိန်အတွင်း သုတေသနစီမံကိန်းကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။  မေးခွန်းလွှာကို စနစ်တကျပြင်ဆင်ပြီး စစ်တမ်းကောက်မည်ဆိုလျှင် data များကို အလွယ်တကူကောက်ယူ စုဆောင်းနိုင်ပါသည်။  ဤအခြေအနေတွင် မေးခွန်းများအတွက် ဖြစ်နိုင်သော အဖြေများကို ကုဒ် (code) များဖြင့် ပြုလုပ်ထားရမည်။  အကယ်၍ အင်တာဗျူးမေးလျက် data ကောက်ယူစုဆောင်းမည်ဆိုပါက သင့်တော်သော ရွေးချယ်မှုများပြုလုပ်ပြီး အင်တာဗျူးမေးမည့်သူများကို လေ့ကျင့်သင်ကြားပေးရမည်။  အင်တာဗျူးမေးမည့်သူများအား လုပ်ဆောင်ရမည့် အဆင့်တစ်ဆင့်စီကို ရှင်းလင်းစွာ ညွှန်ကြားပြသရမည်။   အင်တာဗျူးမေးသူများသည် လုပ်ငန်းတွင် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ပြုလုပ်နိုင်ရန် ကွင်းဆင

Research Process Step - 6- Data Collection

Unicode ဒေတာ စုဆောင်းခြင်း (Data Collection) မိမိတွင် ရှိနေသော data များဖြင့် တကယ့်လက်တွေ့ ပြဿနာများကို ဖြေရှင်းရာတွင် လုံလောက်မှုမရှိသည်ကို တွေ့ရသောအခါ သင့်တော်သော data များကို စုဆောင်းရန်လိုအပ်လာသည်။ သုတေသီမှ သုံးစွဲရမည့် ငွေ၊ အချိန် နှင့် တခြားအရင်းအမြစ်ပေါ်မူတည်၍ data စုဆောင်းသည့် နည်းလမ်းများစွာ ရှိပါသည်။  လက်တွေ့စမ်းသပ်မှုနှင့် စစ်တမ်းများ (survey) မှ primary data ကိုရယူနိုင်သည်။ သုတေသီသည် လက်တွေ့စမ်းသပ်မှုပြုလုပ်လိုလျှင် data သို့မဟုတ် အရေအတွက် ချဉ်းကပ်မှုဆိုင်ရာ တိုင်းတာမှုကို လေ့လာစောင့်ကြည့်မှုပြုလျက် သူ၏ အဆိုကြမ်းတွင်ပါဝင်သော မှန်ကန်မှုကို စစ်ဆေးနိုင်သည်။  သို့သော် စစ်တမ်းကောက်ယူသောအခါ data များကို အောက်ပါနည်းစနစ်များဖြင့် စုဆောင်းနိုင်သည်။  (၁) စောင့်ကြည့်လေ့လာခြင်း (By observation) ဤနည်းသည် အင်တာဗျူး မပြုလုပ်ဘဲ စုံစမ်းလေ့လာသူမှ သတင်းအချက်အလက်များကို ကိုယ်တိုင်စောင့်ကြည့်လေ့လာခြင်းဖြစ်သည်။  ရရှိလာသော သတင်းအချက်အလက်များမှာ အတိတ်၊ အနာဂတ်တို့ နှင့် မပတ်သက်ဘဲ လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများဖြစ်သည်။  ဤနည်းလမ်းသည် ကုန်ကျစရိတ်များသော နည်းလမ်းဖြစ်ပြီး သတင်းအချက်အလက်မ