Skip to main content

Posts

Showing posts from January, 2020

Reseaarch Methods

၁၂။ သုတေသန နည်းလမ်းများ - Research Methods သုတေသန နည်းလမ်းများ Research Methods ဆိုသည်မှာ သုတေသနပြုလုပ်ရန်အတွက် အသုံးပြုသော နည်းလမ်းများ (methods)/နည်းပညာများ (techniques) အားလုံးဖြစ်သည်။  သုတေသန နည်းလမ်းများ (methods) သို့မဟုတ် နည်းပညာများ (techniques) ကို သုတေသီမှ သုတေသနပြုလုပ်ခြင်းတွင် လုပ်ဆောင်သော နည်းလမ်းများဖြစ်သည်။  တနည်းအားဖြင့် သုတေသီမှ သူ၏ သုတေသနဆိုင်ရာ ပြဿနာကို လေ့လာသည့်လမ်းကြောင်းများတွင် အသုံးပြုသော နည်းလမ်းများ/ နည်းစနစ်များ အားလုံးကို Research Methods ဟုခေါ်သည်။  အထူးသဖြင့် Applied Research တွင် သုတေသန၏ ရည်ရွယ်ချက်သည် ပေးထားသော ပြဿနာ၏ ဖြေရှင်းချက်ကို ရရှိရန်ဖြစ်သောကြောင့် ရရှိနိုင်သော data နှင့် ပြဿနာ၏ မသိနိုင်သေးသော ကဏ္ဍများသည် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက် သို့မဟုတ် အဖြေကိုရရှိရန် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုရှိနေရမည်။   ဤရှုဒေါင့်မှ ကြည့်လျက် သုတေသနနည်းလမ်း Research Methods များကို အုပ်စု သုံးစုဖွဲ့နိုင်သည်။ ၁။ Data ကောက်ယူစုဆောင်းခြင်းနှင့် သက်ဆိုင်သော နည်းစနစ်များ သို့မဟုတ် နည်းလမ်းများ။  (ရရှိပြီးသော data များသည် လိုအပ်သော ဖြေရှင်းချက် သို့မဟုတ် အဖြေများက

About Research Problem

 About Research Problem Unicode သုတေသန ပြဿနာနှစ်မျိုးရှိသည်။  တစ်မျိုးမှာ သဘာဝ၏ အခြေအနေနှင့် သက်ဆိုင်သော ပြဿနာဖြစ်ပြီး နောက်တစ်မျိုးမှာ ပြောင်းလဲကိန်း (ကိန်းရှင်) များကြား ဆက်စပ်မှုများနှင့် သက်ဆိုင်သော ပြဿနာများဖြစ်ကြသည်။  အစဦးတွင် သုတေသီသည် သူလေ့လာ လိုသော ပြဿနာတစ်ခုတည်းကိုသာ အာရုံစူးစိုက်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ သုတေသီသည် သူစံစမ်း မေးမြန်းလိုသော ဘာသာရပ်/အကြောင်းအရာ ရှုထောင့် သို့မဟုတ် စိတ်ဝင်စားမှု ဆိုင်ရာနယ်ပယ်ကို ဆုံးဖြတ်ချက်ချရမည်။ ဆုံးဖြတ်ချက်ချရမည်။  အစပိုင်းတွင် ပြဿနာကို ယေဘုယျနည်းလမ်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်သည်။  ထို့နောက်ပြဿနာနှင့် သက်ဆိုင်သော အရှုပ်အထွေးများကို ဖြေရှင်းရမည်။  ပြဿနာပြုလုပ်ခြင်းကို မဖော်ပြမီ ဖြစ်နိုင်ခြေရှိသော အဖြေကို စဉ်းစားထားရမည်။ ထို့ကြောင့် တိကျသေချာသော သုတေသနပြဿနာအတွက် ယေဘုယျခေါင်းစဉ်သည် သိပ္ပံနည်းကျစုံစမ်းမေးမြန်းမှု၏ ပထမခြေလှမ်းဖြစ်သည်။   သုတေသန ပြဿနာကို ပြုလုပ်ရာတွင် အဆင့် နှစ်ဆင့် ပါဝင်သည်။ ပထမအဆင့်တွင် ပြဿနာကို နှိုက်နှိုက်ချွတ်ချွတ် နားလည်မှုနှင့် ဒုတိယအဆင့်တွင် ခွဲခြမ်းစိတ်ဖြာမှုရှုထောင့်မှနေ၍ ပြဿနာကို အဓိပ္ပါယ်ရှိသ