Skip to main content

၂။ သုေတသနျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မ်ား ႏွင့္ အေၾကာင္းရင္းမ်ား

Unicode

၂။ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် အကြောင်းရင်းများ



သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သိပ္ပံနည်းကျသော၊ လက်တွေ့ကျသော၊ အကြောင်းအကျိုး ညီညွတ်သော နည်းလမ်းများကို အသုံးပြုလျက် လိုအပ်သော မေးခွန်းများ၏ အဖြေများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ သုတေသနပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မရှာဖွေမလေ့လာရသေးသော၊ တိမ်မြုပ်ဖုံးကွယ်နေသော အမှန်တရားများကို တွေ့ရှိရန်ဖြစ်သည်။  သုတေသနတစ်ခုစီတွင် မတူညီသော ကိုယ်ပိုင် ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသော်လည်း သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း အုပ်စုများခွဲခြားနိုင်သည်၊
    ဖြစ်ရပ်တစ်စုံတစ်ရာနှင့် ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် နားလည်သိရှိရန် သို့မဟုတ် ထိုဖြစ်ရပ်နှင့် သက်ဆိုင်သော အမြင်သစ်များရရှိနိုင်ရန်၊
    အုပ်စုတစ်စု သို့မဟုတ် အခြေအနေတစ်ရပ် သို့မဟုတ် တစ်ဦးချင်းစီ၏ ဝိသေသလက္ခဏာများကို တိတိကျကျ မှန်မှန်ကန်ကန် သရုပ်ဖော်ပြသရန်၊
    တစ်စုံတစ်ရာဖြစ်ပေါ်ခြင်း သို့မဟုတ် ၎င်းနှင့်ဆက်စပ်သောအရာအချို့၏ ကြိမ်နှုမ်း (အကြိမ်အရေအတွက်) ကို သတ်မှတ်ရန်၊
    ပြောင်းလဲကိန်း (variables)များ ကြားရှိ ဆက်စပ်မှုများ သို့မဟုတ် အယူကြမ်း (hypothesis) များ ကို စစ်ဆေးရန် တို့ဖြစ်ပါသည်။
သုတေသနပြုလုပ်ရသည့် အကြောင်းရင်းများကို ထပ်မံစဉ်းစားလျှင် "ဘယ်အရာတွေက လူတွေကို သုတေသန ပြုလုပ်စေသလဲ" ဟူသောမေးခွန်းသည် အခြေခံကျပြီး အရေး ပါသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ အောက်ပါ အချက်များသည် သုတေသနပြုလုပ်စေရန် ဖြစ်နိုင်ခြေ ရှိသော အကြောင်းရင်းများ ဖြစ်ပါသည်။
    သုတေသနဘွဲ့ ရရှိရန်၊
    မဖြေရှင်းရသေးသော ပြဿနာများကို ဖြေရှင်းရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊
    ဖန်တီးတီထွင်ရသော အလုပ်များကို လုပ်ဆောင်ခြင်းအတွက် အသိဉာဏ်ပညာများ ရရှိရန်၊
    လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊
    ဂုဏ်သတင်းကောင်းရရှိရန် တို့ဖြစ်ကြသည်။
ထို့အပြင် သုတေသနပြုလုပ်ရသည့် အကြောင်းရင်းများထဲတွင် စူးစမ်းလေ့လာ ဖော်ထုတ်လိုသည့် အချက်လည်း ပါဝင်နေသည်။  သုတေသနဆိုင်ရာ စူးစမ်းလေ့လာ ဖော်ထုတ်လိုသည့် အကြောင်းရင်း လေးမျိုးရှိသည်။  ၎င်းတို့မှာ -
    ယခင်ကမရှိသေးသည့် အကြောင်းအရာ၊ အချက်အလက်များကို စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
    ယခင်ကရှိပြီးသော်လည်းမပြည့်စုံသေးသဖြင့် ပြည့်စုံအောင်စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
    ယခင်ကရှိပြီးသော်လည်း အမြင်သစ်ဖြင့် စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
    ယခင်ကရှိပြီးသော်လည်း မှားယွင်းနေကြောင်းပြင်ဆင်လို၍ လေ့လာဖော်ထုတ်ခြင်း တို့ဖြစ်ကြသည်။
သို့သော်လည်း ဖော်ပြပါ အချက်များသည် လူများကို သုတေသနပြုလုပ်စေရန် ပြည့်စုံသော အကြောင်းရင်းများမဟုတ်သေးပါ။  အစိုးရ၏ ညွှန်ကြားချက်များ၊ အလုပ်တာဝန်များ ထမ်းဆောင်ခြင်းနှင့် ဆိုင်သော အခြေအနေရပ်များ၊ အသစ်အသစ်သော အကြောင်းအရာများအပေါ်တွင် စူးစမ်းသိလိုခြင်း၊ ပြောင်းလဲကိန်း (variables) များ၏ ဆက်စပ်မှုများကို နားလည်သိရှိလိုခြင်း၊ လူမှုရေးဆိုင်ရာ အသိ၊ သတိများနိုးကြားလာခြင်း တို့ကဲ့သို့သော များစွာသော အချက်များသည် လူများကို သုတေသန ပြုလုပ်စေရန် အရင်းခံအကြောင်းရင်း ဖြစ်ပါသည်။


Zawgyi

၂။ သုေတသနျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မ်ား ႏွင့္ အေၾကာင္းရင္းမ်ား


သုေတသနျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မွာ သိပၸံနည္းက်ေသာ၊ လက္ေတြ႕က်ေသာ၊ အေၾကာင္းအက်ိဳး ညီညြတ္ေသာ နည္းလမ္းမ်ားကို အသံုးျပဳလ်က္ လိုအပ္ေသာ ေမးခြန္းမ်ား၏ အေျဖမ်ားကို ရွာေဖြေတြ႕ရွိရန္ျဖစ္သည္။ သုေတသနျပဳလုပ္ရျခင္း၏ အဓိကရည္ရြယ္ခ်က္မွာ မရွာေဖြမေလ့လာရေသးေသာ၊ တိမ္ျမဳပ္ဖံုးကြယ္ေနေသာ အမွန္တရားမ်ားကို ေတြ႕ရွိရန္ျဖစ္သည္။  သုေတသနတစ္ခုစီတြင္ မတူညီေသာ ကိုယ္ပိုင္ ရည္ရြယ္ခ်က္ အမ်ိဳးမ်ိဳး ရွိၾကေသာ္လည္း သုေတသနျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္မ်ားကို ေယဘုယ်အားျဖင့္ ေအာက္ပါအတိုင္း အုပ္စုမ်ားခြဲျခားႏိုင္သည္၊
    ျဖစ္ရပ္တစ္စံုတစ္ရာႏွင့္ ပတ္သက္၍ ႏွိဳက္ႏွိဳက္ခၽြတ္ခၽြတ္ နားလည္သိရွိရန္ သို႕မဟုတ္ ထိုျဖစ္ရပ္ႏွင့္ သက္ဆိုင္ေသာ အျမင္သစ္မ်ားရရွိႏိုင္ရန္၊
    အုပ္စုတစ္စု သို႕မဟုတ္ အေျခအေနတစ္ရပ္ သို႕မဟုတ္ တစ္ဦးခ်င္းစီ၏ ဝိေသသလကၡဏာမ်ားကို တိတိက်က် မွန္မွန္ကန္ကန္ သရုပ္ေဖာ္ျပသရန္၊
    တစ္စံုတစ္ရာျဖစ္ေပၚျခင္း သို႕မဟုတ္ ၄င္းႏွင့္ဆက္စပ္ေသာအရာအခ်ိဳ႕၏ ၾကိမ္ႏွဳမ္း (အၾကိမ္အေရအတြက္) ကို သတ္မွတ္ရန္၊
    ေျပာင္းလဲကိန္း (variables)မ်ား ၾကားရွိ ဆက္စပ္မွဳမ်ား သို႕မဟုတ္ အယူၾကမ္း (hypothesis) မ်ား ကို စစ္ေဆးရန္ တို႕ျဖစ္ပါသည္။
သုေတသနျပဳလုပ္ရသည့္ အေၾကာင္းရင္းမ်ားကို ထပ္မံစဥ္းစားလွ်င္ "ဘယ္အရာေတြက လူေတြကို သုေတသန ျပဳလုပ္ေစသလဲ" ဟူေသာေမးခြန္းသည္ အေျခခံက်ျပီး အေရး ပါေသာ ေမးခြန္းတစ္ခု ျဖစ္ပါသည္။ ေအာက္ပါ အခ်က္မ်ားသည္ သုေတသနျပဳလုပ္ေစရန္ ျဖစ္ႏိုင္ေျခ ရွိေသာ အေၾကာင္းရင္းမ်ား ျဖစ္ပါသည္။
    သုေတသနဘြဲ႕ ရရွိရန္၊
    မေျဖရွင္းရေသးေသာ ျပႆနာမ်ားကို ေျဖရွင္းရာတြင္ စိန္ေခၚမွဳမ်ားကို ရင္ဆိုင္ရန္၊
    ဖန္တီးတီထြင္ရေသာ အလုပ္မ်ားကို လုပ္ေဆာင္ျခင္းအတြက္ အသိဥာဏ္ပညာမ်ား ရရွိရန္၊
    လူ႕အဖြဲ႕အစည္းအတြက္ ဝန္ေဆာင္မွဳလုပ္ငန္းမ်ားေဆာင္ရြက္ရန္၊
    ဂုဏ္သတင္းေကာင္းရရွိရန္ တို႕ျဖစ္ၾကသည္။
ထို႕အျပင္ သုေတသနျပဳလုပ္ရသည့္ အေၾကာင္းရင္းမ်ားထဲတြင္ စူးစမ္းေလ့လာ ေဖာ္ထုတ္လိုသည့္ အခ်က္လည္း ပါဝင္ေနသည္။  သုေတသနဆိုင္ရာ စူးစမ္းေလ့လာ ေဖာ္ထုတ္လိုသည့္ အေၾကာင္းရင္း ေလးမ်ိဳးရွိသည္။  ၄င္းတို႕မွာ -
    ယခင္ကမရွိေသးသည့္ အေၾကာင္းအရာ၊ အခ်က္အလက္မ်ားကို စူးစမ္းေလ့လာေဖာ္ထုတ္ျခင္း၊
    ယခင္ကရွိျပီးေသာ္လည္းမျပည့္စံုေသးသျဖင့္ ျပည့္စံုေအာင္စူးစမ္းေလ့လာေဖာ္ထုတ္ျခင္း၊
    ယခင္ကရွိျပီးေသာ္လည္း အျမင္သစ္ျဖင့္ စူးစမ္းေလ့လာေဖာ္ထုတ္ျခင္း၊
    ယခင္ကရွိျပီးေသာ္လည္း မွားယြင္းေနေၾကာင္းျပင္ဆင္လို၍ ေလ့လာေဖာ္ထုတ္ျခင္း တို႕ျဖစ္ၾကသည္။
သို႕ေသာ္လည္း ေဖာ္ျပပါ အခ်က္မ်ားသည္ လူမ်ားကို သုေတသနျပဳလုပ္ေစရန္ ျပည့္စံုေသာ အေၾကာင္းရင္းမ်ားမဟုတ္ေသးပါ။  အစိုးရ၏ ညႊန္ၾကားခ်က္မ်ား၊ အလုပ္တာဝန္မ်ား ထမ္းေဆာင္ျခင္းႏွင့္ ဆိုင္ေသာ အေျခအေနရပ္မ်ား၊ အသစ္အသစ္ေသာ အေၾကာင္းအရာမ်ားအေပၚတြင္ စူးစမ္းသိလိုျခင္း၊ ေျပာင္းလဲကိန္း (variables) မ်ား၏ ဆက္စပ္မွဳမ်ားကို နားလည္သိရွိလိုျခင္း၊ လူမွဳေရးဆိုင္ရာ အသိ၊ သတိမ်ားႏိုးၾကားလာျခင္း တို႕ကဲ့သို႕ေသာ မ်ားစြာေသာ အခ်က္မ်ားသည္ လူမ်ားကို သုေတသန ျပဳလုပ္ေစရန္ အရင္းခံအေၾကာင္းရင္း ျဖစ္ပါသည္။

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ