Skip to main content

Importance of Research


Unicode

၁၀။ သုတေသန၏ အရေးပါပုံ

ယခုခေတ်တွင် လူမှုရေး၊ စီးပွားရေး နှင့် အစိုးရလုပ်ငန်းဆိုင်ရာ နယ်ပယ်များတွင် သုတေသနကို အသုံးပြုမှု များပြားလာကြသည်။  ရှုပ်ထွေးပွေလီသော သဘာဝရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကဏ္ဍများတွင်  လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် သုတေသနပြုလုပ်ရန် ဦးတည်လာကြသည်။  စီးပွားရေးမူဝါဒ၏ အကူအညီအဖြစ် သုတေသနသည် စီးပွားရေးလုပ်ငန်းများနှင့် အစိုရဆိုင်ရာ ကဏ္ဍများတွင် ပိုမိုအရေးပါလာသည်ကို တွေ့ရသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကဏ္ဍများတွင် သုတေသနသည် အစိုးရ၏မူဝါဒအားလုံးနီးပါး၏ အခြေခံဖြစ်သည်။   ဥပမာအားဖြင့် အစိုးရ၏ ဘဏ္ဍာငွေနှစ်ချုပ်အစီရင်ခံချက်သည် လူများ၏ လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ၏ ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်းဆိုင်ရာ အစိတ်အပိုင်းဖြစ်ရှိနေပြီး ထိုလိုအပ်ချက်များကို ပြည့်မှီရန် အခွန်ဘဏ္ဍာ အသုံးပြုနိုင်မှု၏ အစိတ်အပိုင်းလည်းဖြစ်သည်။  လိုအပ်ချက်များ၏ ကုန်ကျစရိတ်သည် ဖြစ်နိုင်ခြေရှိသော အခွန်ဘဏ္ဍာနှင့် ညီမျှရမည်ဖြစ်ပြီး ဤနေရာတွင် သုတေသနပြုလုပ်ရန် အလိုအပ်ဆုံးသောနေရာလည်းဖြစ်သည်။  ကျွန်ုပ်တို့သည် မူဝါဒများကို တစ်လှည့်စီ တီထွင်ကြံဖန်နိုင်သော်ငြားလည်း သုတေသနသည် ဤမူဝါဒများမှ တစ်ခုစီ၏ အကျိုးဆက်များကို စစ်ဆေးနိုင်သည်။

ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် သုတေသန၏ အစိတ်အပိုင်းတစ်ခု မဟုတ်သော်လည်း မူဝါဒချမှတ်သူ၏ ဆုံးဖြတ်ချက်များကို အဆင်ပြေချောမွေ့စွာဖြစ်မြောက်အောင် ပံ့ပိုးပေးနိုင်သော အရာဖြစ်သည်။  အစိုးရသည် တိုင်းပြည်အတွင်းရှိ အခြေအနေ အချက်လက်များနှင့် ဆက်စပ်နေသော အစီအစဉ်များအားလုံးကို စစ်ဆေးရပြီး အများစုမှာ စီးပွားရေးအခြေအနေများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆက်စပ်နေသည်။  စိုက်ပျိုးထုတ်လုပ်သူများ၏ အကျပ်အတည်းများ၊ လုပ်ငန်းကြီး/သေး များ၏ ပြဿနာများ၊ လုပ်ငန်းခွင်အခြေအနေများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ကာကွယ်ရေးလုပ်ငန်းများ အားလုံးတွင် သုတေသနကို လိုအပ်သည်။  ထို့ကြောင့် သုတေသနကို နိုင်ငံ့သယံဇာတ ခွဲဝေမှုအတွက် လိုအပ်ချက်ဟု သတ်မှတ်ထားသည်။  အစိုးရလုပ်ငန်းများတွင် နိုင်ငံ၏ လူနေမှုရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းခြင်းတွင် သုတေသနကို လိုအပ်သည်။  ဤသတင်းအချက်အလက်များသည် နိုင်ငံ၏ စီးပွားရေး ကဏ္ဍများတွင်ဖြစ်ပျက်နေသော အရာများနှင့် ပြောင်းလဲမှုများကို ညွှန်ပြနေသေည်။  စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်များစုဆောင်းခြင်းသည် လုပ်ငန်းတာဝန်တစ်ရပ် မဟုတ်နိုင်သော်လည်း သုတေသနပြဿနာ အမျိုအစားများထဲတွင် ပါဝင်သည်။  ယခုခေတ်တွင် အစိုးရအားလုံးနီးပါးသည် ဤအလုပ်များကို ဆောင်ရွက်ရန် သုတေသီများကို မွေးထုတ်စုဆောင်းလျက်ရှိသည်။  စီးပွားရေးမူဝါဒ၏ လက်နက်ကိရိယာဖြစ်သော သုတေသနတွင် မတူညီကွဲပြားသော လုပ်ဆောင်ချက်သုံးရပ်ရှိသည်။  ၎င်းတို့မှာ
(၁) အချက်အလက်များကို စုဆောင်းလျက် economic structure ကို စူးစမ်းရှာဖွေခြင်း။
(၂) လက်ရှိဖြစ်ရပ်များကို ဆုံးဖြတ်သတ်မှတ်ခြင်းနှင့် ၎င်းတို့၏ အခြေခံအကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာခြင်း။
(၃) အနာဂတ်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်းခြင်း တို့ဖြစ်ကြသည်။

ဆက်လက်၍ သုတေသနသည် စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းစဉ်များ၏ ပြဿနာအမျိုးမျိုးကို ဖြေရှင်းရာတွင် အထူးအရေးပါသည်။  Operation Research နှင့် Market Research တို့၏ ရလဒ်များသည် စီးပွားရေးလုပ်ငန်းများ၏ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူ ဖြစ်ပြီး အရေးကြီးသော အရာများလည်းဖြစ်သည်။  Market Research သည် ဝယ်ယူမှု၊ ရောင်းချမှုနှင့် ထုတ်လုပ်မှုတို့အတွက် အကျိုးရှိသော မူဝါဒများကို ပြုလုပ်ဖန်တီးရန်အတွက် ဈေးကွက်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွဲ့စည်းပုံ တို့ကို စုံစမ်းထောက်လှမ်းခြင်းဖြစ်သည်။  Operation Research သည် အကောင်းဆုံးကိုရှာဖွေခြင်း သို့မဟုတ် ကုန်ကျစရိတ် အနည်းဆုံးပြုလုပ်ခြင်း သို့မဟုတ် အမြတ် အများဆုံးရရှိအောင်ပြုလုပ်ခြင်း စသော စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြဿနာများ၏ ဖြေရှင်းချက်များကိုရရှိရန် mathematical, logical and analytical techniques များကို အသုံးပြုသည်။  လူတို့သည် အဘယ့်ကြောင့်ဤကဲ့သို့ ပြုမူရသည်ကို သတ်မှတ်သည့် Motivational Research သည် အဓိကအားဖြင့် ဈေးကွက်၏ ဝိသေသလက္ခဏာများနှင့် သက်ဆိုင်သည်။  တနည်းအားဖြင့် ၎င်းသည် စားသုံးသူတို့၏ အပြုအမူကို အခြေခံလျက် အရင်းခံအကြောင်းများ၏ သတ်မှတ်ချက်များနှင့် သက်ဆိုင်သည်။  ဤအရာများအားလုံးသည် စီးပွားရေးလုပ်ငန်းများတွင် ဆုံးဖြတ်ချက်များချမှတ်ရန် တာဝန်ရှိသူများအတွက် အလွန်အကူအညီရစေသည်။  Market analysis သည် ယနေ့ခေတ်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာမူဝါဒ အတွက် ပြည့်ဝစုံလင်သော ကိရိယာတစ်ခုဖြစ်သည်။  စီးပွားရေးလုပ်ငန်း၏ ဘတ်ဂျက်သည် Business Research ပေါ်တွင် မူတည်လျက် ခန့်မှန်းရောင်းချရမှုကို အဓိကအားဖြင့် အခြေခံထားသည်။  ရောင်းချရမှုကို ခန့်မှန်းပြီးသောအခါ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှပ်နှံမှုတို့ကို ပြုလုပ်နိုင်သည်။  သုတေသနသည် ယုတ္တိကျကျ (logical) နှင့် သိပ္ပံနည်းကျကျ (scientific) ဆုံးဖြတ်ချက်များကို ပိုမိုပြုလုပ်လျက် ထင်ရှားသိသာသော လုပ်ငန်းဆုံးဖြတ်ချက်များကို ဆောင်ရွက်သည်။ 
ထို့အပြင် သုတေသနသည် လူမှုရေးဆိုင်ရာပြသနာများ၏ အဖြေများကို ရှာဖွေခြင်းနှင့် လူမှုရေးဆိုင်ရာ ဆက်သွယ်ချက်များကိုလေ့လာရာတွင် လူမှုရေးသိပ္ပံအတွက် အရေးပါသည်။  ၎င်းသည် အသိဉာဏ် ဗဟုသုတရရှိစေရန် ဖြည့်စွက်ပေးသည့်အပြင် လူမှုရေးသိပ္ပံတွင် ပိုမိုကောင်းမွန်ပြည့်ဝစွာသိရှိမှု ရရှိစေရန် လက်တွေ့ကျကျ အသုံးဝင်သည်။  လူမှုရေးသိပ္ပံတွင် သုတေသနသည် အသိပညာ ဗဟုသုတ ရရှိမှုနှင့် ထိုအသိပညာ ဗဟုသုတကို လက်တွေ့ကျကျဖြန့်ဝေခြင်း တို့နှင့်လည်းသက်ဆိုင်သည်။  ထို့အပြင် ၎င်းသည် လူသားတို့ အပြန်အလှန်ဆက်သွယ် တုန့်ပြန်မှုဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်းနှင့် နားလည်သဘောပေါက်နိုင်ခြေများကို ပြုလုပ်သည့် မူဝါဒကို တိုးတက်ဖွံ့ဖြိုးစေသည့် သိပ္ပံတစ်ရပ်ဖြစ်သည်။  ထို့နောက် လူတို့ဆက်သွယ်မှုဆိုင်ရာ ရုတ်တရက်ပြဿနာများကို ဖြေရှင်းရာတွင် လက်တွေ့ကျသော လမ်းညွှန်မှုဖြစ်သည်။ 
အထက်ဖော်ပြချက်များအပြင် သုတေသနသည် အောက်ပါအချက်များတွင်လည်းအရေးပါသည်။
(၁) Master သို့မဟုတ် Ph.D thesis ရေးနေသူများအတွက် သုတေသနသည် လူမှုအဖွဲ့အစည်းတွင် ပိုမိုဂုဏ်သိက္ခာရှိသော အနေအထားတစ်ရပ်ကို ရရှိစေသည့်နည်းလမ်းတစ်ခုဖြစ်သည်။
(၂) Research Methodology ကို အသက်မွေးဝမ်းကျောင်းပြုသူများအတွက် သုတေသနသည် အသက်မွေးမှု အရင်းအမြစ်တစ်ရပ်ဖြစ်သည်။
(၃) အတွေးအခေါ်ပညာရှင်များအတွက် သုတေသနသည် စိတ်ကူးသစ်များ သို့မဟုတ် အမြင်သစ်များအတွက် ထွက်ပေါက်တစ်ရပ်ဖြစ်သည်။
(၄) ပညာတတ်ပုဂ္ဂိုလ်များအတွက် သုတေသနသည် တီထွင်ဖန်တီးမှုများနှင့် ပုံစံသစ်များကို ပိုမိုတိုးတက်ကောင်းမွန်စေသည်။
(၅) လေ့လာဆန်းစစ်သူ ဉာဏ်ပညာရှင်များအတွက် သုတေသနသည် သီဟိုရမ်အသစ်များကို ထုတ်ပေးသည်။
ထို့ကြောင့် သုတေသနသည် ဗဟုသုတ ပန်းခြံဥယာဉ် တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ အစိုးရလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများ၏ ပြဿနာ အမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းရာတွင် လမ်းညွှန်ဆောင်ရွက်ပေးသည့် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်သည်။  ထို့ကြောင့် သုတေသနသည် နယ်ပယ်တစ်ခုအတွက် ပိုမိုကောင်းမွန်သောနည်းလမ်းဖြင့် တိုးတက်ဖွံ့ဖြိုးမှုအသစ်များရရှိစေရန် ဆောင်ရွက်ပေးနိုင်သော စနစ်တကျသင်ကြားခြင်း တစ်ရပ်ဖြစ်ပါသည်။


Zawgyi

 ၁၀။ သုေတသန၏ အေရးပါပံု

ယခုေခတ္တြင္ လူမွဳေရး၊ စီးပြားေရး ႏွင့္ အစိုးရလုပ္ငန္းဆိုင္ရာ နယ္ပယ္မ်ားတြင္ သုေတသနကို အသံုးျပဳမွဳ မ်ားျပားလာၾကသည္။  ရွဳပ္ေထြးေပြလီေသာ သဘာဝရွိသည့္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အစိုးရက႑မ်ားတြင္  လုပ္ငန္းပိုင္းဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ သုေတသနျပဳလုပ္ရန္ ဦးတည္လာၾကသည္။  စီးပြားေရးမူဝါဒ၏ အကူအညီအျဖစ္ သုေတသနသည္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အစိုရဆိုင္ရာ က႑မ်ားတြင္ ပိုမိုအေရးပါလာသည္ကို ေတြ႕ရသည္။

ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရးဆိုင္ရာ က႑မ်ားတြင္ သုေတသနသည္ အစိုးရ၏မူဝါဒအားလံုးနီးပါး၏ အေျခခံျဖစ္သည္။   ဥပမာအားျဖင့္ အစိုးရ၏ ဘ႑ာေငြႏွစ္ခ်ဳပ္အစီရင္ခံခ်က္သည္ လူမ်ား၏ လိုအင္ဆႏၵမ်ားႏွင့္ လိုအပ္ခ်က္မ်ား၏ ခြဲျခမ္းစိတ္ျဖာစစ္ေဆးျခင္းဆိုင္ရာ အစိတ္အပိုင္းျဖစ္ရွိေနျပီး ထိုလိုအပ္ခ်က္မ်ားကို ျပည့္မီွရန္ အခြန္ဘ႑ာ အသံုးျပဳႏိုင္မွဳ၏ အစိတ္အပိုင္းလည္းျဖစ္သည္။  လိုအပ္ခ်က္မ်ား၏ ကုန္က်စရိတ္သည္ ျဖစ္ႏိုင္ေျခရွိေသာ အခြန္ဘ႑ာႏွင့္ ညီမွ်ရမည္ျဖစ္ျပီး ဤေနရာတြင္ သုေတသနျပဳလုပ္ရန္ အလိုအပ္ဆံုးေသာေနရာလည္းျဖစ္သည္။  ကၽြန္ုပ္တို႕သည္ မူဝါဒမ်ားကို တစ္လွည့္စီ တီထြင္ၾကံဖန္ႏိုင္ေသာ္ျငားလည္း သုေတသနသည္ ဤမူဝါဒမ်ားမွ တစ္ခုစီ၏ အက်ိဳးဆက္မ်ားကို စစ္ေဆးႏိုင္သည္။ 

ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္းသည္ သုေတသန၏ အစိတ္အပိုင္းတစ္ခု မဟုတ္ေသာ္လည္း မူဝါဒခ်မွတ္သူ၏ ဆံုးျဖတ္ခ်က္မ်ားကို အဆင္ေျပေခ်ာေမြ႕စြာျဖစ္ေျမာက္ေအာင္ ပံ့ပိုးေပးႏိုင္ေသာ အရာျဖစ္သည္။  အစိုးရသည္ တိုင္းျပည္အတြင္းရွိ အေျခအေန အခ်က္လက္မ်ားႏွင့္ ဆက္စပ္ေနေသာ အစီအစဥ္မ်ားအားလံုးကို စစ္ေဆးရျပီး အမ်ားစုမွာ စီးပြားေရးအေျခအေနမ်ားႏွင့္ တိုက္ရိုက္ သို႕မဟုတ္ သြယ္ဝိုက္၍ ဆက္စပ္ေနသည္။  စိုက္ပ်ိဳးထုတ္လုပ္သူမ်ား၏ အက်ပ္အတည္းမ်ား၊ လုပ္ငန္းၾကီး/ေသး မ်ား၏ ျပႆနာမ်ား၊ လုပ္ငန္းခြင္အေျခအေနမ်ား၊ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ား ႏွင့္ ကာကြယ္ေရးလုပ္ငန္းမ်ား အားလံုးတြင္ သုေတသနကို လိုအပ္သည္။  ထို႕ေၾကာင့္ သုေတသနကို ႏိုင္ငံ့သယံဇာတ ခြဲေဝမွဳအတြက္ လိုအပ္ခ်က္ဟု သတ္မွတ္ထားသည္။  အစိုးရလုပ္ငန္းမ်ားတြင္ ႏိုင္ငံ၏ လူေနမွဳေရးႏွင့္ စီးပြားေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို စုေဆာင္းျခင္းတြင္ သုေတသနကို လိုအပ္သည္။  ဤသတင္းအခ်က္အလက္မ်ားသည္ ႏိုင္ငံ၏ စီးပြားေရး က႑မ်ားတြင္ျဖစ္ပ်က္ေနေသာ အရာမ်ားႏွင့္ ေျပာင္းလဲမွဳမ်ားကို ညႊန္ျပေနေသည္။  စာရင္းအင္းဆိုင္ရာ သတင္းအခ်က္အလက္မ်ားစုေဆာင္းျခင္းသည္ လုပ္ငန္းတာဝန္တစ္ရပ္ မဟုတ္ႏိုင္ေသာ္လည္း သုေတသနျပႆနာ အမ်ိဳအစားမ်ားထဲတြင္ ပါဝင္သည္။  ယခုေခတ္တြင္ အစိုးရအားလံုးနီးပါးသည္ ဤအလုပ္မ်ားကို ေဆာင္ရြက္ရန္ သုေတသီမ်ားကို ေမြးထုတ္စုေဆာင္းလ်က္ရွိသည္။  စီးပြားေရးမူဝါဒ၏ လက္နက္ကိရိယာျဖစ္ေသာ သုေတသနတြင္ မတူညီကြဲျပားေသာ လုပ္ေဆာင္ခ်က္သံုးရပ္ရွိသည္။  ၄င္းတို႕မွာ
(၁) အခ်က္အလက္မ်ားကို စုေဆာင္းလ်က္ economic structure ကို စူးစမ္းရွာေဖြျခင္း။
(၂) လက္ရွိျဖစ္ရပ္မ်ားကို ဆံုးျဖတ္သတ္မွတ္ျခင္းႏွင့္ ၄င္းတို႕၏ အေျခခံအေၾကာင္းရင္းမ်ားကို ခြဲျခမ္းစိတ္ျဖာျခင္း။
(၃) အနာဂတ္အတြက္ ဖြံ႕ျဖိဳးတိုးတက္မွဳကို ခန္႕မွန္းျခင္း တို႕ျဖစ္ၾကသည္။

ဆက္လက္၍ သုေတသနသည္ စီးပြားေရးလုပ္ငန္းမ်ား၏ လုပ္ငန္းစဥ္မ်ား၏ ျပႆနာအမ်ိဳးမ်ိဳးကို ေျဖရွင္းရာတြင္ အထူးအေရးပါသည္။  Operation Research ႏွင့္ Market Research တို႕၏ ရလဒ္မ်ားသည္ စီးပြားေရးလုပ္ငန္းမ်ား၏ ဆံုးျဖတ္ခ်က္ခ်မွတ္ရာတြင္ အေထာက္အကူ ျဖစ္ျပီး အေရးၾကီးေသာ အရာမ်ားလည္းျဖစ္သည္။  Market Research သည္ ဝယ္ယူမွဳ၊ ေရာင္းခ်မွဳႏွင့္ ထုတ္လုပ္မွဳတို႕အတြက္ အက်ိဳးရွိေသာ မူဝါဒမ်ားကို ျပဳလုပ္ဖန္တီးရန္အတြက္ ေဈးကြက္၏ ဖြံ႕ျဖိဳးတိုးတက္မွဳႏွင့္ ဖြဲ႕စည္းပံု တို႕ကို စံုစမ္းေထာက္လွမ္းျခင္းျဖစ္သည္။  Operation Research သည္ အေကာင္းဆံုးကိုရွာေဖြျခင္း သို႕မဟုတ္ ကုန္က်စရိတ္ အနည္းဆံုးျပဳလုပ္ျခင္း သို႕မဟုတ္ အျမတ္ အမ်ားဆံုးရရွိေအာင္ျပဳလုပ္ျခင္း စေသာ စီးပြားေရးလုပ္ငန္းဆိုင္ရာ ျပႆနာမ်ား၏ ေျဖရွင္းခ်က္မ်ားကိုရရွိရန္ mathematical, logical and analytical techniques မ်ားကို အသံုးျပဳသည္။  လူတို႕သည္ အဘယ့္ေၾကာင့္ဤကဲ့သို႕ ျပဳမူရသည္ကို သတ္မွတ္သည့္ Motivational Research သည္ အဓိကအားျဖင့္ ေဈးကြက္၏ ဝိေသသလကၡဏာမ်ားႏွင့္ သက္ဆိုင္သည္။  တနည္းအားျဖင့္ ၄င္းသည္ စားသံုးသူတို႕၏ အျပဳအမူကို အေျခခံလ်က္ အရင္းခံအေၾကာင္းမ်ား၏ သတ္မွတ္ခ်က္မ်ားႏွင့္ သက္ဆိုင္သည္။  ဤအရာမ်ားအားလံုးသည္ စီးပြားေရးလုပ္ငန္းမ်ားတြင္ ဆံုးျဖတ္ခ်က္မ်ားခ်မွတ္ရန္ တာဝန္ရွိသူမ်ားအတြက္ အလြန္အကူအညီရေစသည္။  Market analysis သည္ ယေန႕ေခတ္တြင္ စီးပြားေရးလုပ္ငန္းဆိုင္ရာမူဝါဒ အတြက္ ျပည့္ဝစံုလင္ေသာ ကိရိယာတစ္ခုျဖစ္သည္။  စီးပြားေရးလုပ္ငန္း၏ ဘတ္ဂ်က္သည္ Business Research ေပၚတြင္ မူတည္လ်က္ ခန္႕မွန္းေရာင္းခ်ရမွဳကို အဓိကအားျဖင့္ အေျခခံထားသည္။  ေရာင္းခ်ရမွဳကို ခန္႕မွန္းျပီးေသာအခါ ထုတ္လုပ္မွဳႏွင့္ ရင္းႏွီးျမွပ္ႏွံမွဳတို႕ကို ျပဳလုပ္ႏိုင္သည္။  သုေတသနသည္ ယုတၱိက်က် (logical) ႏွင့္ သိပၸံနည္းက်က် (scientific) ဆံုးျဖတ္ခ်က္မ်ားကို ပိုမိုျပဳလုပ္လ်က္ ထင္ရွားသိသာေသာ လုပ္ငန္းဆံုးျဖတ္ခ်က္မ်ားကို ေဆာင္ရြက္သည္။
ထို႕အျပင္ သုေတသနသည္ လူမွဳေရးဆိုင္ရာျပသနာမ်ား၏ အေျဖမ်ားကို ရွာေဖြျခင္းႏွင့္ လူမွဳေရးဆိုင္ရာ ဆက္သြယ္ခ်က္မ်ားကိုေလ့လာရာတြင္ လူမွဳေရးသိပၸံအတြက္ အေရးပါသည္။  ၄င္းသည္ အသိဥာဏ္ ဗဟုသုတရရွိေစရန္ ျဖည့္စြက္ေပးသည့္အျပင္ လူမွဳေရးသိပၸံတြင္ ပိုမိုေကာင္းမြန္ျပည့္ဝစြာသိရွိမွဳ ရရွိေစရန္ လက္ေတြ႕က်က် အသံုးဝင္သည္။  လူမွဳေရးသိပၸံတြင္ သုေတသနသည္ အသိပညာ ဗဟုသုတ ရရွိမွဳႏွင့္ ထိုအသိပညာ ဗဟုသုတကို လက္ေတြ႔က်က်ျဖန္႕ေဝျခင္း တို႕ႏွင့္လည္းသက္ဆိုင္သည္။  ထို႕အျပင္ ၄င္းသည္ လူသားတို႕ အျပန္အလွန္ဆက္သြယ္ တုန္႕ျပန္မွဳဆိုင္ရာ ၾကိဳတင္ခန္႕မွန္းျခင္းႏွင့္ နားလည္သေဘာေပါက္ႏိုင္ေျခမ်ားကို ျပဳလုပ္သည့္ မူဝါဒကို တိုးတက္ဖြံ႕ျဖိဳးေစသည့္ သိပၸံတစ္ရပ္ျဖစ္သည္။  ထို႕ေနာက္ လူတို႕ဆက္သြယ္မွဳဆိုင္ရာ ရုတ္တရက္ျပႆနာမ်ားကို ေျဖရွင္းရာတြင္ လက္ေတြ႕က်ေသာ လမ္းညႊန္မွဳျဖစ္သည္။

အထက္ေဖာ္ျပခ်က္မ်ားအျပင္ သုေတသနသည္ ေအာက္ပါအခ်က္မ်ားတြင္လည္းအေရးပါသည္။
(၁) Master သို႕မဟုတ္ Ph.D thesis ေရးေနသူမ်ားအတြက္ သုေတသနသည္ လူမွဳအဖြဲ႕အစည္းတြင္ ပိုမိုဂုဏ္သိကၡာရွိေသာ အေနအထားတစ္ရပ္ကို ရရွိေစသည့္နည္းလမ္းတစ္ခုျဖစ္သည္။
(၂) Research Methodology ကို အသက္ေမြးဝမ္းေက်ာင္းျပဳသူမ်ားအတြက္ သုေတသနသည္ အသက္ေမြးမွဳ အရင္းအျမစ္တစ္ရပ္ျဖစ္သည္။
(၃) အေတြးအေခၚပညာရွင္မ်ားအတြက္ သုေတသနသည္ စိတ္ကူးသစ္မ်ား သို႕မဟုတ္ အျမင္သစ္မ်ားအတြက္ ထြက္ေပါက္တစ္ရပ္ျဖစ္သည္။
(၄) ပညာတတ္ပုဂၢိဳလ္မ်ားအတြက္ သုေတသနသည္ တီထြင္ဖန္တီးမွဳမ်ားႏွင့္ ပံုစံသစ္မ်ားကို ပိုမိုတိုးတက္ေကာင္းမြန္ေစသည္။
(၅) ေလ့လာဆန္းစစ္သူ ဥာဏ္ပညာရွင္မ်ားအတြက္ သုေတသနသည္ သီဟိုရမ္အသစ္မ်ားကို ထုတ္ေပးသည္။

ထို႕ေၾကာင့္ သုေတသနသည္ ဗဟုသုတ ပန္းျခံဥယာဥ္ တစ္ခုျဖစ္ျပီး စီးပြားေရးလုပ္ငန္း၊ အစိုးရလုပ္ငန္းႏွင့္ လူမွဳေရးလုပ္ငန္းမ်ား၏ ျပႆနာ အမ်ိဳးမ်ိဳးကို ကိုင္တြယ္ ေျဖရွင္းရာတြင္ လမ္းညႊန္ေဆာင္ရြက္ေပးသည့္ အေရးပါေသာ အရင္းအျမစ္တစ္ခုျဖစ္သည္။  ထို႕ေၾကာင့္ သုေတသနသည္ နယ္ပယ္တစ္ခုအတြက္ ပိုမိုေကာင္းမြန္ေသာနည္းလမ္းျဖင့္ တိုးတက္ဖြံ႕ျဖိဳးမွဳအသစ္မ်ားရရွိေစရန္ ေဆာင္ရြက္ေပးႏိုင္ေသာ စနစ္တက်သင္ၾကားျခင္း တစ္ရပ္ျဖစ္ပါသည္။



Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ