Unicode
၄။ အခြေခံကျသော သုတေသနအမျိုးအစားများ
သုတေသန၏ ရည်ရွယ်ချက် သို့မဟုတ် သုတေသနပြုလုပ်ပြီးစီးရန် လိုအပ်သည့် အချိန် သို့မဟုတ် သုတေသနပြုလုပ်သည့်နေရာ အနေအထား ပတ်ဝန်းကျင်၊ သို့မဟုတ် အလားတူ တခြားသော အချက်များကို အခြေခံပြီး သုတေသနအမျိုးအစားအမျိုးမျိုးရှိနိုင်သည်။ “အချိန်” ဟူသည့် ရှုဒေါင့် တစ်ခုတည်းမှနေ၍ သုတေသနကို စဉ်းစားလျှင် one-time research သို့မဟုတ် longitudinal research ဟူ၍ နှစ်မျိုးရှိနိုင်သည်။ သုတေသနပြုလုပ်ရန်အတွက် ကာလအပိုင်းအခြား တစ်ခုတည်းအဖြစ် အစပထမတွင် သတ်မှတ်ထား ခဲ့သော်လည်း အမှန်တကယ် သုတေသနပြုလုပ်သည့်အခါ အချိန်ယူ၍ ကာလကြာရှည် ပြုလုပ်ဆောင်ရွက်ကြရသည့် သုတေသနများလည်းရှိသည်။ သုတေသနပြုလုပ်သည် ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်၍ field-setting research, laboratory research သို့မဟုတ် simulation research ဟူ၍ အမျိုးမျိုးရှိနိုင်သည်။ အခြေခံ အကြောင်းရင်းများကို ရရှိရန် case-study methods သို့မဟုတ် in-depth approaches စသည်များကို ပြုလုပ်ရသည်။ နမူနာအနည်းငယ်ကို စုဆောင်းရယူလျက် ကျွန်ုပ်တို့ စိတ်ဝင်စားသော ဖြစ်ရပ်များ သို့မဟုတ် ကိစ္စရပ်များ၏ အကြောင်းရင်းကို နှိုက်နှိုက်ချွတ်ချွတ် သိရှိနိုင်သည်။
သုတေသန ရည်ရွယ်ချက်လည်း အမျိုးမျိုးအရ သုတေသနအမျိုးအစားများလည်းကွဲပြားသည်။ ဥပမာ Exploratory Research ၏ ရည်ရွယ်ချက်မှာ ယူဆချက် သို့မဟုတ် အယူကြမ်း (hypothesis) ကို သိမြင်လာစေခြင်းဖြစ်သည်။ Formalized Research မှာ အရာဝတ္တုများ၏ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် အယူကြမ်း (hypothesis) တို့ပါဝင်သော အကြောင်းအရာများကို စစ်ဆေးရန်ဖြစ်သည်။ Historical Research သည် အတိတ်မှ စိတ်ကူးစိတ်သန်းများ သို့မဟုတ် ဖြစ်ရပ်များကို လေ့လာရန် အကြွင်းအကျန်များ၊ စာပေအထောက်အထားများကဲ့သို့သော သမိုင်းနှင့် ဆိုင်သော မူလ အရင်းအမြစ်များကို အသုံးပြုရသော အရာဖြစ်သည်။
ထို့အပြင် သုတေသနကို ကောက်ချက်ချ ဦးတည် သုတေသန (Conclusion-oriented Research) နှင့်ဆုံးဖြတ်ချက်ချ ဦးတည်သုတေသန (Decision-oriented Research) ဟူ၍ခွဲခြားနိုင်သည်။ Conclusion-oriented Research အရ သုတေသီသည် ပြဿနာတစ်ခုကို လွတ်လပ်စွာ ပြန်လည် ကောက်ယူနိုင်ပြီး သူမြင်သည့်အတိုင်း စုံစမ်းမေးမြန်းမှုကို ပြန်လည် ပုံဖော်နိုင်ကာ သူအလိုရှိသည့်အတိုင်း သူ့စိတ်ထဲတွင် ရုပ်လုံးပေါ်လာစေရန် ပြင်ဆင်နိုင်သည်။ Decision-oriented Research တွင် decision maker တစ်ဦး ကို အမြဲတမ်း လိုအပ်သည်။ Operations Research သည် Decision-oriented Research ၏ နမူနာတစ်ခုဖြစ်သည်။ သုတေသန အမျိုးအစားများစွာရှိသည့်အနက် အခြေခံကျသော သုတေသန အမျိုးအစားတချို့ကို အကျဉ်းချုံး ရေးသားဖော်ပြလိုက်ပါသည်။
(က) Descriptive Research vs Analytical Research
Descriptive Research တွင် စုံစမ်းမေးခြင်းမှ ရရှိသော အချက်အလက်များ ပါဝင်သည်။ Descriptive Research ၏ အဓိက ရည်ရွယ်ချက်မှာ ကိစ္စတစ်ရပ်၏ အခြေအနေများကို ၎င်းတို့ ဖြစ်ပေါ် နေသည့်အတိုင်း (အရှိကို အရှိအတိုင်း) ရေးသားဖော်ပြခြင်းဖြစ်သည်။ Social Science နှင့် Business Research တို့တွင် Descriptive Research ပြုလုပ်ရန်အတွက် Ex-post-facto Research ကို အသုံးပြုကြသည်။ ဤနည်းစနစ်၏ အဓိက လက္ခဏာရပ်မှာ ပြောင်းလဲကိန်း variables များနှင့်ဆိုင်သော ဖြစ်ရပ်များကို မှတ်ချက်ရေးရန်ဖြစ်သည်။ များသောအားဖြင့် Descriptive studies များတွင် frequency of shopping, preferences of people, or similar data ကဲ့သို့သော အကြောင်းအရာ၊ အချက်အလက်များကို တိုင်းတာရန် သုတေသီမှ Ex-post-facto Research ကို အသုံးပြုသည်။ Ex-post-facto studies များတွင် သုတေသီမှ ဖြစ်ရပ်များ၏ အကြောင်းရင်းများကို ရှာဖွေရန် ကြိုးပမ်းမှုများလည်းပါဝင်သည်။ Descriptive Research တွင် အသုံးပြုသော research methods များမှာ comparative method နှင့် correlational method များအပါအဝင် survey methods အမျိုးအစားများအားလုံးဖြစ်ပါသည်။ Analytical Research တွင်မူ သုတေသီမှ ရရှိပြီးသား သတင်းအချက်အလက်များကို အသုံးပြုရပြီး ၎င်းတို့ကို ဝေဖန်သုံးသပ်အကဲဖြတ်ရန် ခွဲခြမ်းစိတ်ဖြာမှုပြုရသည်။
(မှတ်ချက် - Ex post facto study or after-the-fact research ဆိုသည်မှာ သုတေသီမှ ပါဝင်ပတ်သက်မှုမရှိဘဲ အကြောင်းကိစ္စတစ်စုံတစ်ရာ ဖြစ်ပွားပြီးနောက်မှ စုံစမ်းထောက်လှမ်းခြင်းပြုလုပ်သော research design အမျိုးအစားဖြစ်သည်။)
(ခ) Applied Research vs Fundamental Research
Applied Research သည် အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ စသည့် လူမှုအဖွဲ့အစည်းများတစ်ခုခုတွင် ရင်ဆိုင်ကြုံတွေ့နေရသော လတ်တလောပြသနာတစ်ရပ်အတွက် အဖြေရှာရန်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခုပေါ်တွင် သက်ရောက်နိုင်သော လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကို ဖော်ပြသော သုတေသန များမှာ Applied Research များဖြစ်ကြသည်။ Applied Research ၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိကြုံတွေ့နေရသော ပြဿနာတစ်ရပ်အတွက် အဖြေရှာရန်ဖြစ်သည်။ ထို့ကြောင့် Applied Research ကို စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး နှင့် ပညာရေးတို့တွင် ပြဿနာများကို ဖြေရှင်းရန်၊ ရောဂါကုသရန်နှင့် နည်းပညာတိုးတက်လာစေရန် အဖြေများကို ရှာဖွေရာတွင် အသုံးပြုသည်။
Fundamental Research သည် အဓိကအားဖြင့် ယေဘုယျ ခြုံငုံပြောဆိုခြင်း၊ သီဟိုရမ်ဖော်စပ်ခြင်းတို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့် အသိပညာဗဟုသုတများစုဆောင်းခြင်းနှင့် သက်ဆိုင်သည့် သုတေသနသည် Fundamental Research ဖြစ်သည်။ ထို့အပြင် လူတို့၏ အပြုအမူကို ခြုံငုံပြောဆိုရန် လေ့လာသော၊ သဘာဝဖြစ်ရပ်များ နှင့် သက်ဆိုင်သော သုတေသနများမှာလည်း Fundamental Research များဖြစ်သည်။ ထို့ကြောင့် Fundamental Research သည် တချို့သောနေရာများတွင် အသုံးနိုင်ချရန်အတွက် အခြေခံ သတင်းအချက်အလက်များကို ရှာဖွေသော သုတေသနဖြစ်သည်။
(ဂ) Quantitative Research vs Qualitative Research
Quantitative Research သည် အရေအတွက်အားဖြင့် ဖော်ပြနိုင်သော အမျိုးအစားများနှင့် သက်ဆိုင်ပြီး Qualitative Research သည် အရည်အသွေး၊ အမျိုးအစားတို့နှင့် သက်ဆိုင်သည်။
Quantitative Research တွင် မေးခွန်းစဉ်ဇယား သို့မဟုတ် စနစ်တကျ ကြိုတင်ပြင်ဆင်ထားသော အင်တာဗျူး (structured-interviews) ကဲ့သို့သော နည်းစနစ်များကို အသုံးပြုပြီး စာရင်းအင်းများကို ထုတ်ပေးသည်။ Quantitative Research တွင် ဖြေကြားသူ participant များစွာ ပါဝင်ကြသော်လည်း ၎င်းတို့နှင့် အဆက်အသွယ်လုပ်ရသည်မှာ အချိန်တိုအတွင်းသာဖြစ်သည်။
Qualitative Research သည် လူသားတို့၏ အပြုအမူဆိုင်ရာ အကြောင်းရင်းများကို လေ့လာသော သုတေသနမျိုးဖြစ်သည်။ ဤကဲ့သို့သော သုတေသနမျိုးတွင် in-depth interviews သို့မဟုတ် Focus group discussion နည်းများကို အသုံးပြုလျက် participants များထံမှ လေးနက်တိကျသော အသိအမြင်များကို ရယူကာ လူတို့၏ ခံယူချက်သဘောထားများ၊ အပြုအမူများနှင့် အတွေ့အကြုံများကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ Qualitative Research တွင် participants များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ဆက်စပ်နေသောကြောင့် ဤကဲ့သို့သော သုတေသနမျိုးတွင် လူအနည်းငယ်သာ ပါဝင်ကြသော်လည်း အဆက်အသွယ်လုပ်ရသည်မှာ ရေရှည်ကြာမြင့်နိုင်သည်။
(ဃ) Conceptual Research vs Empirical Research
Conceptual Research သည် စိတ်ကူးစိတ်သန်းများ သို့မဟုတ် သီဟိုရီများနှင့် သက်ဆိုင်သည်။ Conceptual Research ကို အတွေးအခေါ်ပညာရှင်များ၊ စဉ်းစားဝေဖန်သူများက ရှိနေပြီးသား အယူအဆများကို ဆက်လက် တိုးပွားစေရန် သို့မဟုတ် ပြန်လည်သရုပ်ဖော်တင်ပြရန် အသုံးပြုကြသည်။ အခြားတဘက်တွင် Empirical Research မှာ လက်တွေ့ကျမှု သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်လေ့လာမှုတို့နှင့် သက်ဆိုင်သည်။ ၎င်းသည် လက်တွေ့ပြုလုပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းတို့ဖြင့် မှန်/မမှန် သက်သေပြမှုများပါဝင်သော data ကို အခြေခံသည့် သုတေသနမျိုးဖြစ်သည်။ ဤသုတေသနမျိုးတွင် ကိုယ့်တွေ့ဖြစ်ရပ်များလိုအပ်သည်။ သက်ဆိုင်ရာ အရင်းအမြစ်များ လိုအပ်သည်။ လိုအပ်သော သတင်းအချက်အလက်များရရှိရန် အချို့သော အရာများတွင် တက်ကြွစွာပါဝင်လုပ်ဆောင်ရန်လိုအပ်သည်။ အစပထမတွင် သုတေသီသည် ဖစ်နိုင်ခြေရှိသော ရလာဒ် အတွက် အဆိုကြမ်း hypothesis တစ်ခုကို ဖြည့်စွက်ထားရမည်။ ထို့နောက် သူ၏ hypothesis ကို သက်သေပြရန်အတွက် လုံလောက်သော အချက်အလက် data များကိုစုဆောင်းဆောင်းရမည်။ Empirical Research သည် တချို့သော ပြောင်းလဲကိန်းများမှ တခြားသော ပြောင်းလဲကိန်းများအပေါ် သက်ရောက်မှုရှိကြောင်းကို ပြသလိုသောအခါ အသုံးပြုကြသည်။ လက်တွေ့လုပ်ဆောင်ချက် သို့မဟုတ် empirical studies တို့မှရရှိသော သက်သေအထောက်အထားများသည် ပေးထားသော hypothesis အတွက် အကောင်းဆုံး အထောက်အပံ့များဖြစ်သည်။
Zawgyi
၄။
အေျခခံက်ေသာ သုေတသနအမ်ိဳးအစားမ်ား
သုေတသန၏ ရည္ရြယ္ခ်က္ သို႕မဟုတ္ သုေတသနျပဳလုပ္ျပီးစီးရန္
လိုအပ္သည့္ အခ်ိန္ သို႕မဟုတ္ သုေတသနျပဳလုပ္သည့္ေနရာ အေနအထား ပတ္ဝန္းက်င္၊ သို႔မဟုတ္
အလားတူ တျခားေသာ အခ်က္မ်ားကို အေျခခံျပီး သုေတသနအမ်ိဳးအစားအမ်ိဳးမ်ိဳးရွိႏိုင္သည္။
“အခ်ိန္” ဟူသည့္ ရွဳေဒါင့္ တစ္ခုတည္းမွေန၍ သုေတသနကို စဥ္းစားလွ်င္ one-time
research သို႕မဟုတ္ longitudinal research ဟူ၍ ႏွစ္မ်ိဳးရွိႏိုင္သည္။ သုေတသနျပဳလုပ္ရန္အတြက္
ကာလအပိုင္းအျခား တစ္ခုတည္းအျဖစ္ အစပထမတြင္ သတ္မွတ္ထား ခဲ့ေသာ္လည္း အမွန္တကယ္ သုေတသနျပဳလုပ္သည့္အခါ အခ်ိန္ယူ၍ ကာလၾကာရွည္ ျပဳလုပ္ေဆာင္ရြက္ၾကရသည့္
သုေတသနမ်ားလည္းရွိသည္။ သုေတသနျပဳလုပ္သည္ ပတ္ဝန္းက်င္ အေျခအေနေပၚမူတည္၍
field-setting research, laboratory research သို႕မဟုတ္ simulation research ဟူ၍ အမ်ိဳးမ်ိဳးရွိႏိုင္သည္။
အေျခခံ အေၾကာင္းရင္းမ်ားကို ရရွိရန္ case-study methods သို႕မဟုတ္ in-depth
approaches စသည္မ်ားကို ျပဳလုပ္ရသည္။ နမူနာအနည္းငယ္ကို စုေဆာင္းရယူလ်က္ ကၽြႏ္ုပ္တို႕
စိတ္ဝင္စားေသာ ျဖစ္ရပ္မ်ား သို႕မဟုတ္ ကိစၥရပ္မ်ား၏ အေၾကာင္းရင္းကို ႏွိဳက္ႏွိဳက္ခၽြတ္ခၽြတ္
သိရွိႏိုင္သည္။
သုေတသန ရည္ရြယ္ခ်က္လည္း
အမ်ိဳးမ်ိဳးအရ သုေတသနအမ်ိဳးအစားမ်ားလည္းကြဲျပားသည္။ ဥပမာ Exploratory Research ၏ ရည္ရြယ္ခ်က္မွာ ယူဆခ်က္ သို႕မဟုတ္ အယူၾကမ္း
(hypothesis) ကို သိျမင္လာေစျခင္းျဖစ္သည္။ Formalized Research မွာ အရာဝတၱဳမ်ား၏ ဖြဲ႕စည္းတည္ေဆာက္ပံု
ႏွင့္ အယူၾကမ္း (hypothesis) တို႕ပါဝင္ေသာ အေၾကာင္းအရာမ်ားကို စစ္ေဆးရန္ျဖစ္သည္။ Historical Research
သည္ အတိတ္မွ စိတ္ကူးစိတ္သန္းမ်ား သို႕မဟုတ္ ျဖစ္ရပ္မ်ားကို ေလ့လာရန္ အၾကြင္းအက်န္မ်ား၊
စာေပအေထာက္အထားမ်ားကဲ့သို႕ေသာ သမိုင္းႏွင့္ ဆိုင္ေသာ မူလ အရင္းအျမစ္မ်ားကို အသံုးျပဳရေသာ
အရာျဖစ္သည္။
ထို႕အျပင္ သုေတသနကို ေကာက္ခ်က္ခ် ဦးတည္ သုေတသန (Conclusion-oriented
Research) ႏွင့္ဆံုးျဖတ္ခ်က္ခ် ဦးတည္သုေတသန (Decision-oriented Research) ဟူ၍ခြဲျခားႏိုင္သည္။
Conclusion-oriented Research အရ သုေတသီသည္ ျပႆနာတစ္ခုကို လြတ္လပ္စြာ ျပန္လည္ ေကာက္ယူႏိုင္ျပီး
သူျမင္သည့္အတိုင္း စံုစမ္းေမးျမန္းမွဳကို ျပန္လည္ ပံုေဖာ္ႏိုင္ကာ သူအလိုရွိသည့္အတိုင္း
သူ႕စိတ္ထဲတြင္ ရုပ္လံုးေပၚလာေစရန္ ျပင္ဆင္ႏိုင္သည္။ Decision-oriented Research တြင္
decision maker တစ္ဦး ကို အျမဲတမ္း လိုအပ္သည္။ Operations Research သည္
Decision-oriented Research ၏ နမူနာတစ္ခုျဖစ္သည္။ သုေတသန အမ်ိဳးအစားမ်ားစြာရွိသည့္အနက္ အေျခခံက်ေသာ
သုေတသန အမ်ိဳးအစားတခ်ိဳ႕ကို အက်ဥ္းခ်ံဳး ေရးသားေဖာ္ျပလိုက္ပါသည္။
(က) Descriptive Research vs Analytical Research
Descriptive Research တြင္ စံုစမ္းေမးျခင္းမွ
ရရွိေသာ အခ်က္အလက္မ်ား ပါဝင္သည္။ Descriptive Research ၏ အဓိက ရည္ရြယ္ခ်က္မွာ ကိစၥတစ္ရပ္၏
အေျခအေနမ်ားကို ၄င္းတို႕ ျဖစ္ေပၚ ေနသည့္အတိုင္း (အရွိကို အရွိအတိုင္း) ေရးသားေဖာ္ျပျခင္းျဖစ္သည္။ Social Science ႏွင့္ Business Research တို႕တြင္
Descriptive Research ျပဳလုပ္ရန္အတြက္ Ex-post-facto Research ကို အသံုးျပဳၾကသည္။ ဤနည္းစနစ္၏ အဓိက လကၡဏာရပ္မွာ
ေျပာင္းလဲကိန္း variables မ်ားႏွင့္ဆိုင္ေသာ ျဖစ္ရပ္မ်ားကို မွတ္ခ်က္ေရးရန္ျဖစ္သည္။
မ်ားေသာအားျဖင့္ Descriptive studies မ်ားတြင္ frequency of
shopping, preferences of people, or similar data ကဲ့သို႕ေသာ အေၾကာင္းအရာ၊ အခ်က္အလက္မ်ားကို
တိုင္းတာရန္ သုေတသီမွ Ex-post-facto Research ကို အသံုးျပဳသည္။ Ex-post-facto studies မ်ားတြင္ သုေတသီမွ ျဖစ္ရပ္မ်ား၏
အေၾကာင္းရင္းမ်ားကို ရွာေဖြရန္ ၾကိဳးပမ္းမွဳမ်ားလည္းပါဝင္သည္။ Descriptive Research တြင္ အသံုးျပဳေသာ
research methods မ်ားမွာ comparative method ႏွင့္ correlational method မ်ားအပါအဝင္
survey methods အမ်ိဳးအစားမ်ားအားလံုးျဖစ္ပါသည္။
Analytical Research တြင္မူ သုေတသီမွ ရရွိျပီးသား သတင္းအခ်က္အလက္မ်ားကို အသံုးျပဳရျပီး
၄င္းတို႕ကို ေဝဖန္သံုးသပ္အကဲျဖတ္ရန္ ခြဲျခမ္းစိတ္ျဖာမွဳျပဳရသည္။
(မွတ္ခ်က္
- Ex post facto
study or after-the-fact research ဆိုသည္မွာ သုေတသီမွ ပါဝင္ပတ္သက္မွဳမရွိဘဲ
အေၾကာင္းကိစၥတစ္စံုတစ္ရာ ျဖစ္ပြားျပီးေနာက္မွ စံုစမ္းေထာက္လွမ္းျခင္းျပဳလုပ္ေသာ
research design အမ်ိဳးအစားျဖစ္သည္။)
ဇယား ( ၁)
Descriptive Research ႏွင့္ Analytical Research တို႕၏ ျခားနားခ်က္မ်ား
Descriptive Research
|
Analytical Research
|
၁။ သရုပ္ေဖာ္ျပသခ်က္။
|
၁။ ရွင္းလင္းျပသခ်က္။
|
၂။ စူးစမ္းရွာေဖြမွဳ ပိုမိုျပဳ။
|
၂။ ရွင္းျပမွဳပိုမိုျပဳ။
|
၃။ ဝိေသသလကၡဏာမ်ားကို ေဖာ္ျပ။
|
၃။ ဝိေသသလကၡဏာမ်ားကို ခြဲျခမ္းစိတ္ျဖာ။
|
၄။ ဘာေတြလဲ။
|
၄။ ဘာေၾကာင့္လဲ။
|
၅။ Hypothesis မပါ။
|
၅။ Hypothesis ပါဝင္။
|
၆။ ႏွိဳင္းယွဥ္ခ်က္ျပဳရန္ မလိုအပ္။
|
၆။ ႏွိဳင္းယွဥ္ခ်က္ျပဳရန္ လိုအပ္။
|
၇။ တန္ဖိုးမ်ားတိက်မွန္ကန္ရန္လိုအပ္။
|
၇။ မတူညီမွဳမ်ား၊ ကြဲျပားမွဳမ်ားကို ေဖာ္ျပရန္။
|
(ခ) Applied
Research vs Fundamental Research
Applied
Research သည္ အဖြဲ႕အစည္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ား၊ စက္ရံုအလုပ္ရံုမ်ား စသည့္ လူမွဳအဖြဲ႕အစည္းမ်ားတစ္ခုခုတြင္ ရင္ဆိုင္ၾကံဳေတြ႕ေနရေသာ လတ္တေလာျပသနာတစ္ရပ္အတြက္
အေျဖရွာရန္ျဖစ္သည္။ အဖြဲ႕အစည္းတစ္ခုခုေပၚတြင္
သက္ေရာက္ႏိုင္ေသာ လူမွဳေရး၊ ႏိုင္ငံေရး၊ စီးပြားေရး အေျပာင္းအလဲမ်ားကို ေဖာ္ျပေသာ သုေတသန
မ်ားမွာ Applied Research မ်ားျဖစ္ၾကသည္။ Applied Research ၏ အဓိက ရည္ရြယ္ခ်က္မွာ လက္ရွိၾကံဳေတြ႕ေနရေသာ
ျပႆနာတစ္ရပ္အတြက္ အေျဖရွာရန္ျဖစ္သည္။ ထို႕ေၾကာင့္
Applied Research ကို စီးပြားေရးလုပ္ငန္းမ်ား၊ က်န္းမာေရး ႏွင့္ ပညာေရးတို႕တြင္ ျပႆနာမ်ားကို
ေျဖရွင္းရန္၊ ေရာဂါကုသရန္ႏွင့္ နည္းပညာတိုးတက္လာေစရန္ အေျဖမ်ားကို ရွာေဖြရာတြင္ အသံုးျပဳသည္။
Fundamental
Research သည္ အဓိကအားျဖင့္ ေယဘုယ် ျခံဳငံုေျပာဆိုျခင္း၊ သီဟိုရမ္ေဖာ္စပ္ျခင္းတို႕ႏွင့္
သက္ဆိုင္သည္။ ထို႕ေၾကာင့္ အသိပညာဗဟုသုတမ်ားစုေဆာင္းျခင္းႏွင့္ သက္ဆိုင္သည့္ သုေတသနသည္
Fundamental Research ျဖစ္သည္။ ထို႕အျပင္ လူတို႕၏ အျပဳအမူကို ျခံဳငံုေျပာဆိုရန္ ေလ့လာေသာ၊
သဘာဝျဖစ္ရပ္မ်ား ႏွင့္ သက္ဆိုင္ေသာ သုေတသနမ်ားမွာလည္း Fundamental Research မ်ားျဖစ္သည္။ ထို႕ေၾကာင့္ Fundamental Research သည္ တခ်ိဳ႕ေသာေနရာမ်ားတြင္ အသံုးႏိုင္ခ်ရန္အတြက္
အေျခခံ သတင္းအခ်က္အလက္မ်ားကို ရွာေဖြေသာ သုေတသနျဖစ္သည္။
ဇယား (၂) Applied Research ႏွင့္
Fundamental Research တို႕၏ ျခားနားခ်က္မ်ား
Applied Research
|
Fundamental Research
|
၁။ တစ္ခုစီ သို႕မဟုတ္ သီးသန္႕ အေျခအေန အေၾကာင္းအရာ ကိုေလ့လာျခင္း။
|
၁။ ေယဘုယ် ျခံဳငံုေျပာဆိုရန္ ေလ့လာျခင္း။
|
၂။ ကြဲျပားျခားနားမွဳကိုျဖစ္ေစတတ္ေသာ မည္သည့္ေျပာင္းလဲကိန္းကို မဆိုရည္ရြယ္သည္။
|
၂။ အေျခခံ လုပ္ငန္းစဥ္မ်ားကို ရည္ရြယ္သည္။
|
၃။ အေျခအေန၊ အေၾကာင္းအရာမ်ား မည္ကဲ့သို႕ ေျပာင္းလဲႏိုင္သည္ကို ေဖာ္ျပသည္။
|
၃။ အေျခအေန၊ အေၾကာင္းအရာမ်ား အဘယ့္ေၾကာင့္ ျဖစ္ေပၚသည္ကို ရွင္းျပသည္။
|
၄။ ျပႆနာျဖစ္ေနေသာ အခ်က္အလက္မ်ားကို မွန္ကန္ ေကာင္းမြန္ေစရန္ ၾကိဳးစားသည္။
|
၄။ အခ်က္အလက္အားလံုးရရွိရန္ ၾကိဳးစားသည္။
|
၅။ လူအမ်ား နားလည္လြယ္ေသာ Common Language ျဖင့္ မွတ္တမ္းတင္ေဖာ္ျပသည္။
|
၅။ သက္ဆိုင္ရာ Technical Language ျဖင့္ မွတ္တမ္းတင္ ေဖာ္ျပသည္။
|
(ဂ)
Quantitative Research vs Qualitative Research
Quantitative
Research သည္ အေရအတြက္အားျဖင့္ ေဖာ္ျပႏိုင္ေသာ အမ်ိဳးအစားမ်ားႏွင့္ သက္ဆိုင္ျပီး
Qualitative Research သည္ အရည္အေသြး၊ အမ်ိဳးအစားတို႕ႏွင့္ သက္ဆိုင္သည္။
Quantitative Research တြင္ ေမးခြန္းစဥ္ဇယား
သို႕မဟုတ္ စနစ္တက် ၾကိဳတင္ျပင္ဆင္ထားေသာ အင္တာဗ်ဴး (structured-interviews) ကဲ့သို႕ေသာ
နည္းစနစ္မ်ားကို အသံုးျပဳျပီး စာရင္းအင္းမ်ားကို ထုတ္ေပးသည္။ Quantitative Research တြင္ ေျဖၾကားသူ
participant မ်ားစြာ ပါဝင္ၾကေသာ္လည္း ၄င္းတို႕ႏွင့္ အဆက္အသြယ္လုပ္ရသည္မွာ အခ်ိန္တိုအတြင္းသာျဖစ္သည္။
Qualitative
Research သည္ လူသားတို႕၏ အျပဳအမူဆိုင္ရာ အေၾကာင္းရင္းမ်ားကို ေလ့လာေသာ သုေတသနမ်ိဳးျဖစ္သည္။ ဤကဲ့သို႕ေသာ သုေတသနမ်ိဳးတြင္ in-depth
interviews သို႔မဟုတ္ Focus group discussion နည္းမ်ားကို အသံုးျပဳလ်က္ participants မ်ားထံမွ ေလးနက္တိက်ေသာ
အသိအျမင္မ်ားကို ရယူကာ လူတို႕၏ ခံယူခ်က္သေဘာထားမ်ား၊
အျပဳအမူမ်ားႏွင့္ အေတြ႕အၾကံဳမ်ားကို ရွာေဖြေဖာ္ထုတ္ျခင္းျဖစ္သည္။ Qualitative Research တြင္ participants မ်ား၏ ပုဂၢိဳလ္ေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ားႏွင့္
ဆက္စပ္ေနေသာေၾကာင့္ ဤကဲ့သို႕ေသာ သုေတသနမ်ိဳးတြင္ လူအနည္းငယ္သာ ပါဝင္ၾကေသာ္လည္း အဆက္အသြယ္လုပ္ရသည္မွာ ေရရွည္ၾကာျမင့္ႏိုင္သည္။
ဇယား (၃) Quantitative Research ႏွင့္
Qualitative Research တို႕၏ ျခားနားခ်က္မ်ား
Quantitative Research
|
Qualitative Research
|
၁။ ကိန္းဂဏန္းမ်ားပါဝင္သည္။
|
၁။ စကားလံုးမ်ားပါဝင္သည္။
|
၂။ ေကာက္ခ်က္ခ်ျခင္းျဖစ္သည္။
|
၂။ ျခံဳငံုသံုးသပ္ျခင္းျဖစ္သည္။
|
၃။ Hypothesis ပါရမည္။
|
၃။ Hypothesis ပါရန္မလိုအပ္။
|
၄။ သုေတသီသည္ ေလ့လာသံုးသပ္သူမွ်သာျဖစ္ျပီး
ကိုယ္တိုင္ပါဝင္မွဳျပဳရန္ မလိုအပ္။
|
၄။ သုေတသီသည္ ကိုယ္တိုင္ပါဝင္
ေဆာင္ရြက္ျခင္းျဖင့္ အေျခအေနတစ္ခုကို အမ်ားဆံုးသိရွိရမည္ျဖစ္ျပီး ၄င္းအေၾကာင္းအရာထဲတြင္
မိမိကိုယ္ကို ႏွစ္ျမွပ္ခံစားရမည္။
|
၅။
Population ကို ကိုယ္စားျပဳႏိုင္ေသာ နမူနာ ေရြးခ်ယ္ရန္ လိုအပ္သည္။
|
၅။ နမူနာ ေရြးရန္မလိုအပ္။
|
(ဃ) Conceptual Research vs Empirical Research
Conceptual
Research သည္ စိတ္ကူးစိတ္သန္းမ်ား သို႕မဟုတ္ သီဟိုရီမ်ားႏွင့္ သက္ဆိုင္သည္။ Conceptual Research ကို အေတြးအေခၚပညာရွင္မ်ား၊
စဥ္းစားေဝဖန္သူမ်ားက ရွိေနျပီးသား အယူအဆမ်ားကို ဆက္လက္ တိုးပြားေစရန္ သို႕မဟုတ္ ျပန္လည္သရုပ္ေဖာ္တင္ျပရန္
အသံုးျပဳၾကသည္။ အျခားတဘက္တြင္ Empirical Research
မွာ လက္ေတြ႕က်မွဳ သို႕မဟုတ္ ကိုယ္တိုင္ကိုယ္က် ေစာင့္ၾကည့္ေလ့လာမွဳတို႕ႏွင့္ သက္ဆိုင္သည္။ ၄င္းသည္ လက္ေတြ႕ျပဳလုပ္ျခင္း၊ ေစာင့္ၾကည့္ေလ့လာျခင္းတို႕ျဖင့္
မွန္/မမွန္ သက္ေသျပမွဳမ်ားပါဝင္ေသာ data ကို အေျခခံသည့္ သုေတသနမ်ိဳးျဖစ္သည္။ ဤသုေတသနမ်ိဳးတြင္ ကိုယ့္ေတြ႕ျဖစ္ရပ္မ်ားလိုအပ္သည္။ သက္ဆိုင္ရာ အရင္းအျမစ္မ်ား လိုအပ္သည္။ လိုအပ္ေသာ
သတင္းအခ်က္အလက္မ်ားရရွိရန္ အခ်ိဳ႕ေသာ အရာမ်ားတြင္ တက္ၾကြစြာပါဝင္လုပ္ေဆာင္ရန္လိုအပ္သည္။ အစပထမတြင္ သုေတသီသည္ ျဖစ္ႏိုင္ေျခရွိေသာ ရလာဒ္ အတြက္ အဆိုၾကမ္း
hypothesis တစ္ခုကို ျဖည့္စြက္ထားရမည္။ ထို႕ေနာက္ သူ၏ hypothesis ကို သက္ေသျပရန္အတြက္ လံုေလာက္ေသာ
အခ်က္အလက္ data မ်ားကိုစုေဆာင္းေဆာင္းရမည္။
Empirical Research သည္ တခ်ိဳ႕ေသာ ေျပာင္းလဲကိန္းမ်ားမွ တျခားေသာ ေျပာင္းလဲကိန္းမ်ားအေပၚ
သက္ေရာက္မွဳရွိေၾကာင္းကို ျပသလိုေသာအခါ အသံုးျပဳၾကသည္။ လက္ေတြ႕လုပ္ေဆာင္ခ်က္ သို႕မဟုတ္
empirical studies တို႕မွရရွိေသာ သက္ေသအေထာက္အထားမ်ားသည္ ေပးထားေသာ hypothesis အတြက္
အေကာင္းဆံုး အေထာက္အပံ့မ်ားျဖစ္သည္။
Comments
Post a Comment