Skip to main content

Research Methodology is -----


၁၁။ သုတေသန နည်းပညာ Research Methodology

သုတေသန နည်းပညာ Research Methodology ဆိုသည်မှာ သုတေသနပြဿနာ ကို စနစ်တကျ ဖြေရှင်းသည့်နည်းလမ်းဖြစ်ပြီး သုတေသနကို သိပ္ပံနည်းကျကျ ပြုလုပ်ဆောင်ရွက်သည့် ဘာသာရပ်ဖြစ်သည်။  သုတေသီတစ်ဦးအနေဖြင့် သုတေသန ပြဿနာကို ကြောင်းကျိုးဆက်စပ် လေ့လာသောအခါ ယေဘုယျအားဖြင့် အောက်ပါ တို့ကို သိရန်လိုအပ်ပါသည်။ 

-    သုတေသီတစ်ယောက်အတွက် research methods/techniques ကို သိရန်လိုအပ်သည်သာမက research methodology ကို သိရန်လည်းလိုအပ်ပါသည်။  

-    သုတေသီတစ်ဦးသည် tests များကို မည်သို့ပြုလုပ်မည်၊ the mean, the mode, the median or the standard deviation or chi-square များကို မည်ကဲ့သို့တွက်ချက်မည်၊ research techniques များကို မည်ကဲ့သို့ အသုံးချမည် စသည်တို့ကို သိရမည်သာမက ဤ methods or techniques များသည် မိမိပြုလုပ်နေသော သုတေသနနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘာကိုဆိုလိုသလဲ၊ ဘာကိုညွှန်းသလဲ၊ ဘာကြောင့်လဲ တို့ကိုပါသိရန်လိုအပ်သည်။    

 
-    သုတေသီသည် techniques အမျိုးမျိုးကို အခြေခံထားသော ယူဆချက်များကိုလည်း နားလည်ရန်လိုအပ်ပြီး သုတေသနပြဿနာများတွင် ၎င်းတို့နှင့် ကိုက်ညီမှုရှိသော techniques များနှင့် procedures များကို ဆုံးဖြတ်ချက်ချ အသုံးပြုတတ်ရန်လိုအပ်သည်။  ဆိုလိုသည်မှာ သုတေသီတစ်ဦးသည် သူ၏ သုတေသနပြဿနာ အတွက် သုတေသန နည်းပညာ Research Methodology ကို ဒီဇိုင်းပုံ (ပုံစံချ) ရေးဆွဲတတ်ရန် လိုအပ်သည်။ 

ဥပမာ - အဆောက်အဦးများအတွက် ဒီဇိုင်းပုံရေးဆွဲသည့် ဗိသုကာပညာရှင်တစ်ယောက်သည် သူ၏ ကိုယ်ပိုင် အသိပညာအပေါ်အခြေခံလျက် (အကြောင်းရင်းနှင့် အခြေခံသော အရာများကို သိမြင်လျက်) အဆောက်အဦး၏ တံခါးပေါက်များ၊ ပြတင်းပေါက်များ၊ လေဝင်လေထွက်ပေါက်များ၏ နေရာ၊ အရွယ်အစား၊ အရေအတွက်များကို ရွေးချယ်ဆုံးဖြတ်ချက်ချပြုလုပ် ဝေဖန်ကာ တန်ဖိုးဖြတ်ရသည်။  ထိုနည်းတူစွာ သုတေသီသည် သုတေသနမပြုလုပ်မီ သုတေသန ဆုံးဖြတ်ချက်ကို ပြုလုပ်ရသည်။

 -    ထို့အပြင် မိမိ၏ သုတေသနဆုံးဖြတ်ချက်များကို အခြားသူများမှ အကဲဖြတ်ဝေဖန်နိုင်ရန် သုတေသီသည် မိမိရွေးချယ်လိုက်သော ဆုံးဖြတ်ချက် နှင့် ရွေးချယ်ရသည့်အကြောင်းရင်းကို ရှင်းလင်းတိကျစွာ ဖော်ပြရမည်။  
 


သုတေသန နည်းပညာ Research Methodology နှင့် သုတေသန နည်းစနစ်များ Research Methods များ မတူပါ။  သုတေသန နည်းပညာ Research Methodology တွင် ရှုဒေါင့်များစွာရှိပြီး Research Method များသည် သုတေသန နည်းပညာ Research Methodology ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။  Research Methodology သည် Research Method များထက်ပိုမိုကျယ်ပြန့်သည်။  Research Methodology အကြောင်းကိုပြောမည်ဆိုလျှင် Research Method များအကြောင်းကို ပြောရုံသာမက Research Method များ၏နောက်မှ ကြောင်းကျိုးဆက်စပ်မှုများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။  သက်ဆိုင်ရာသုတေသနများတွင် အဘယ့်ကြောင့် ဤ method  များနှင့် technique များသုံးရသည်ကိုလည်း ရှင်းလင်းပြောကြားနိုင်ရမည်။  ကျွန်ုပ်တို့သည် သုတေသနပြဿနာ တစ်ခုနှင့် သက်ဆိုင်သော Research Methodology ကို ဆွေးနွေးပြောကြားလျှင် အဘယ့်ကြောင့် ဤသုတေသနကို ပြုလုပ်ရသည်၊ သုတေသန၏ ပြဿနာကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုမည်၊ မည်သည့်နည်းလမ်းများကို အသုံးပြုမည်၊ မည်သည့် data အမျိုးအစားများကို ကောက်ယူစုဆောင်းမည်၊ data များကို မည်ကဲ့သို့ ခွဲခြမ်းစိတ်ဖြာမည် စသည်ဖြင့် ပြောကြားဆွေးနွေးနိုင်ရမည်ဖြစ်သည်။


၁၁။ သုေတသန နည္းပညာ Research Methodology

သုေတသန နည္းပညာ Research Methodology ဆိုသည္မွာ သုေတသနျပႆနာ ကို စနစ္တက် ေျဖရွင္းသည့္နည္းလမ္းျဖစ္ျပီး သုေတသနကို သိပၸံနည္းက်က် ျပဳလုပ္ေဆာင္ရြက္သည့္ ဘာသာရပ္ျဖစ္သည္။  သုေတသီတစ္ဦးအေနျဖင့္ သုေတသန ျပႆနာကို ေၾကာင္းက်ိဳးဆက္စပ္ ေလ့လာေသာအခါ ေယဘုယ်အားျဖင့္ ေအာက္ပါ တို႕ကို သိရန္လိုအပ္ပါသည္။ 
-    သုေတသီတစ္ေယာက္အတြက္ research methods/techniques ကို သိရန္လိုအပ္သည္သာမက research methodology ကို သိရန္လည္းလိုအပ္ပါသည္။ 

-    သုေတသီတစ္ဦးသည္ tests မ်ားကို မည္သို႕ျပဳလုပ္မည္၊ the mean, the mode, the median or the standard deviation or chi-square မ်ားကို မည္ကဲ့သို႕တြက္ခ်က္မည္၊ research techniques မ်ားကို မည္ကဲ့သို႕ အသံုးခ်မည္ စသည္တို႕ကို သိရမည္သာမက ဤ methods or techniques မ်ားသည္ မိမိျပဳလုပ္ေနေသာ သုေတသနႏွင့္ ကိုက္ညီမွဳ ရွိ/မရွိ၊ ဘာကိုဆိုလိုသလဲ၊ ဘာကိုညႊန္းသလဲ၊ ဘာေၾကာင့္လဲ တို႕ကိုပါသိရန္လိုအပ္သည္။   

-    သုေတသီသည္ techniques အမ်ိဳးမ်ိဳးကို အေျခခံထားေသာ ယူဆခ်က္မ်ားကိုလည္း နားလည္ရန္လိုအပ္ျပီး သုေတသနျပႆနာမ်ားတြင္ ၄င္းတို႕ႏွင့္ ကိုက္ညီမွဳရွိေသာ techniques မ်ားႏွင့္ procedures မ်ားကို ဆံုးျဖတ္ခ်က္ခ် အသံုးျပဳတတ္ရန္လိုအပ္သည္။  ဆိုလိုသည္မွာ သုေတသီတစ္ဦးသည္ သူ၏ သုေတသနျပႆနာ အတြက္ သုေတသန နည္းပညာ Research Methodology ကို ဒီဇိုင္းပံု (ပံုစံခ်) ေရးဆြဲတတ္ရန္ လိုအပ္သည္။ 

ဥပမာ - အေဆာက္အဦးမ်ားအတြက္ ဒီဇိုင္းပံုေရးဆြဲသည့္ ဗိသုကာပညာရွင္တစ္ေယာက္သည္ သူ၏ ကိုယ္ပိုင္ အသိပညာအေပၚအေျခခံလ်က္ (အေၾကာင္းရင္းႏွင့္ အေျခခံေသာ အရာမ်ားကို သိျမင္လ်က္) အေဆာက္အဦး၏ တံခါးေပါက္မ်ား၊ ျပတင္းေပါက္မ်ား၊ ေလဝင္ေလထြက္ေပါက္မ်ား၏ ေနရာ၊ အရြယ္အစား၊ အေရအတြက္မ်ားကို ေရြးခ်ယ္ဆံုးျဖတ္ခ်က္ခ်ျပဳလုပ္ ေဝဖန္ကာ တန္ဖိုးျဖတ္ရသည္။  ထိုနည္းတူစြာ သုေတသီသည္ သုေတသနမျပဳလုပ္မီ သုေတသန ဆံုးျဖတ္ခ်က္ကို ျပဳလုပ္ရသည္။ 

-    ထို႕အျပင္ မိမိ၏ သုေတသနဆံုးျဖတ္ခ်က္မ်ားကို အျခားသူမ်ားမွ အကဲျဖတ္ေဝဖန္ႏိုင္ရန္ သုေတသီသည္ မိမိေရြးခ်ယ္လိုက္ေသာ ဆံုးျဖတ္ခ်က္ ႏွင့္ ေရြးခ်ယ္ရသည့္အေၾကာင္းရင္းကို ရွင္းလင္းတိက်စြာ ေဖာ္ျပရမည္။ 


သုေတသန နည္းပညာ Research Methodology ႏွင့္ သုေတသန နည္းစနစ္မ်ား Research Methods မ်ား မတူပါ။  သုေတသန နည္းပညာ Research Methodology တြင္ ရွဳေဒါင့္မ်ားစြာရွိျပီး Research Method မ်ားသည္ သုေတသန နည္းပညာ Research Methodology ၏ အစိတ္အပိုင္းတစ္ခုသာျဖစ္သည္။  Research Methodology သည္ Research Method မ်ားထက္ပိုမိုက်ယ္ျပန္႕သည္။  Research Methodology အေၾကာင္းကိုေျပာမည္ဆိုလွ်င္ Research Method မ်ားအေၾကာင္းကို ေျပာရံုသာမက Research Method မ်ား၏ေနာက္မွ ေၾကာင္းက်ိဳးဆက္စပ္မွဳမ်ားကိုပါ ထည့္သြင္းစဥ္းစားရမည္ျဖစ္သည္။  သက္ဆိုင္ရာသုေတသနမ်ားတြင္ အဘယ့္ေၾကာင့္ ဤ method  မ်ားႏွင့္ technique မ်ားသံုးရသည္ကိုလည္း ရွင္းလင္းေျပာၾကားႏိုင္ရမည္။  ကၽြႏ္ုပ္တို႕သည္ သုေတသနျပႆနာ တစ္ခုႏွင့္ သက္ဆိုင္ေသာ Research Methodology ကို ေဆြးေႏြးေျပာၾကားလွ်င္ အဘယ့္ေၾကာင့္ ဤသုေတသနကို ျပဳလုပ္ရသည္၊ သုေတသန၏ ျပႆနာကို မည္ကဲ့သို႕ အဓိပၸါယ္ဖြင့္ဆိုမည္၊ မည္သည့္နည္းလမ္းမ်ားကို အသံုးျပဳမည္၊ မည္သည့္ data အမ်ိဳးအစားမ်ားကို ေကာက္ယူစုေဆာင္းမည္၊ data မ်ားကို မည္ကဲ့သို႕ ခြဲျခမ္းစိတ္ျဖာမည္ စသည္ျဖင့္ ေျပာၾကားေဆြးေႏြးႏိုင္ရမည္ျဖစ္သည္။

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ