Skip to main content

သုေတသန ဆိုသည္မွာ


Zawgyi

သုေတသန ဆိုသည္မွာ

သုေတသနအား အဓိပၸါယ္ဖြင့္ဆိုျခင္း 

    သုေတသနဆိုသည္မွာ ေယဘုယ်အားျဖင့္ အသိပညဗဟုသုတမ်ားကို ရွာေဖြျခင္းျဖစ္သည္။  သုေတသနဟုေခၚေသာ Research သည္ Re ႏွင့္ Search ဟူေသာ စကားလံုး ႏွစ္လံုးကို ေပါင္းစပ္ထားျခင္းျဖစ္ေသာေၾကာင့္ ျပန္လည္ရွာေဖြျခင္း သို႔မဟုတ္ ထပ္မံရွာေဖြျခင္းဟုလည္း ဆိုႏိုင္သည္။  ထို႕အျပင္ သုေတသနဆိုသည္မွာ သီးသန္႕ ေခါင္းစဥ္တစ္ခုအတြက္ ဆီေလ်ာ္ေသာ သတင္းအခ်က္အလက္မ်ားကို သိပၸံနည္းက်က်၊ စနစ္တက်ရွာေဖြျခင္းဟူ၍လည္း အဓိပၸါယ္သတ္မွတ္ႏိုင္သည္။  တနည္းအားျဖင့္ သုေတသနဆိုသည္မွာ သိပၸံနည္းက်က် စံုစမ္းေထာက္လွမ္းျခင္း အတတ္ပညာရပ္ျဖစ္သည္။  Advanced Learner’s Dictionary တြင္ သုေတသန ဆိုသည္မွာ “မည္သည့္ အသိပညာ ဗဟုသုတ နယ္ပယ္တြင္မဆို အသစ္အခ်က္အလက္မ်ားကို ရွာေဖြမွဳျပဳလုပ္လ်က္ ဂရုတစိုက္ ေသေသခ်ာခ်ာ စံုစမ္းေထာက္လွမ္းျခင္း သို႕မဟုတ္ စံုစမ္းေမးျမန္းျခင္းျဖစ္သည္” ဟုအဓိပၸါယ္သတ္မွတ္ထားသည္။  အမွန္တကယ္တြင္ သုေတသနဆိုသည္မွာ အသိပညာ ဗဟုသုတအသစ္ရရွိရန္အတြက္ စနစ္တက် ၾကိဳးပမ္းအားထုတ္မွဳ သို႕မဟုတ္ ရွာေဖြမွဳ (discovery) ခရီးစဥ္တစ္ခုျဖစ္သည္။  အက်ဥ္းခ်ဳပ္ေျပာမည္ဆိုလွ်င္ သုေတသနဟူသည္မွာ မသိေသးေသာ အရာမ်ားကို သိေအာင္ျပဳလုပ္ျပီး သိျပီးသားအရာမ်ားကို ပိုမိုသိႏိုင္ေအာင္ ထပ္မံခ်ဲ႕ကားေဆာင္ရြက္ေသာ စနစ္က်သည့္နည္းပညာျဖစ္သည္။
ထို႕အျပင္ သုေတသနဆိုသည္မွာ ပညာရပ္ဆိုင္ရာ လုပ္ေဆာင္မွဳတစ္ရပ္ျဖစ္သကဲ့သို႕ အတတ္ပညာႏွင့္ဆိုင္ေသာ အသိဥာဏ္တစ္ရပ္လည္း ျဖစ္သည္။  သုေတသနသည္ ပုစာမ်ား၊ ျပႆနာမ်ားကို အဓိပၸါယ္သတ္မွတ္ျခင္း၊ ထင္ျမင္ယူဆခ်က္မ်ားကို ေဖာ္ထုတ္ျခင္း၊ data အခ်က္အလက္ မ်ားစုေဆာင္းျခင္း၊ တန္ဖိုးျဖတ္ျခင္း၊ ေကာက္ခ်က္ခ်ျခင္းႏွင့္ ေဖာ္ထုတ္ထားေသာ ထင္ျမင္ယူဆခ်က္ႏွင့္ ကိုက္ညီမွဳရွိ/မရွိ ကို သတ္မွတ္ရန္ ေကာက္ခ်က္ခ်ဆံုးျဖတ္ခ်က္မ်ားကို ဂရုတစိုက္စစ္ေဆးျခင္းတို႕ျဖင့္ ဖြဲ႕စည္းထားသည္။ သုေတသနကို ပညာရွင္ တစ္ခ်ိဳ႕မွ အဓိပၸါယ္သတ္မွတ္ထားသည္မွာ ပညာရပ္တစ္ခု၏ လက္ေတြ႕နယ္ပယ္ သို႕မဟုတ္ သီဟိုရမ္တည္ေဆာက္ျခင္းတြင္ သက္ဆိုင္ရာ အသိပညာ၊ ဗဟုသုတသည္ အေထာက္အကူျပဳမွဳရွိျခင္း /မရွိျခင္း တို႕အတြက္ ထိုပညာရပ္ဗဟုသုတ ကို သက္ေသျပရန္၊ မွန္ကန္ေစရန္၊ ခ်ဲ႕ထြင္ရန္ ေယဘုယ်ရည္ရြယ္ခ်က္ အတြက္ သက္ဆိုင္ရာ အေၾကာင္းအရာမ်ား၊ အေတြးအေခၚအယူအဆမ်ား၊ သေကၤတမ်ား ကို ကိုင္တြယ္အသံုးခ်ျခင္း ဟူ၍ျဖစ္သည္။  ထို႕အျပင္ သုေတသနသည္ မူလရွိျပီးသား ဗဟုသုတကို ပိုမိုတိုးတက္မ်ားျပားလာေစရန္အတြက္ ဝင္ကူသည့္ အရာတစ္ခုျဖစ္သည္။  ၄င္းသည္ လက္ေတြ႕စမ္းသပ္မွဳ၊ ႏွိဳင္းယွဥ္မွဳ၊ ေစာင့့္ၾကည့္ေလ့လာမွဳ၊ စူးစမ္းဆင္ျခင္မွဳ တို႕၏ အကူအညီျဖင့္ အမွန္တရားကို ရရွိေအာင္ျပဳလုပ္ျခင္းျဖစ္သည္။  အတိုေကာက္အားျဖင့္ သုေတသနဆိုသည္မွာ ျပႆနာတစ္ခု၏ အေျဖကိုရွာေဖြသည့္ ရည္ရြယ္ခ်က္ျဖင့္ စနစ္က်ေသာ နည္းစနစ္မွတစ္ဆင့္ ဗဟုသုတကို ရွာေဖြျခင္းျဖစ္သည္။  သီဟိုရီတစ္ခု တည္ေဆာက္ျခင္းႏွင့္ ျခံဳငံုသံုးသပ္ျခင္းတို႕ႏွင့္ သက္ဆိုင္ေသာ စနစ္တက်ခ်ဥ္းကပ္မွဳတို႕မွာလည္း သုေတသနပင္ျဖစ္သည္။  ထို႕ေၾကာင့္ ျပသနာမ်ားကို ရွင္းလင္းစြာေဖာ္ျပျခင္း၊ အေတြးအေခၚအယူအဆမ်ားကို ေဖၚထုတ္ျခင္း၊ data အခ်က္အလက္မ်ားစုေဆာင္းျခင္း၊ စုေဆာင္းထားေသာ data အခ်က္အလက္မ်ားကိုခြဲျခမ္းစိတ္ျဖာျခင္း၊ ႏွင့္ သီဟိုရမ္ေဖာ္စပ္ျခင္းအတြက္ ျခံဳငံုသံုးသပ္ျခင္း သို႕မဟုတ္ သက္ဆိုင္ရာျပသနာအေျဖ အတြက္ ေကာက္ခ်က္ခ်ျခင္း တို႕ပါဝင္သည့္ စနစ္က်ေသာ နည္းလမ္း သို႕မဟုတ္ နည္းပညာကို သုေတသနဟု ေခၚပါသည္။  

Unicode

သုတေသနဆိုသည်မှာ 

 

သုတေသနဆိုသည်မှာ ယေဘုယျအားဖြင့် အသိပညဗဟုသုတများကို ရှာဖွေခြင်းဖြစ်သည်။  သုတေသနဟုခေါ်သော Research သည် Re နှင့် Search ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် ပြန်လည်ရှာဖွေခြင်း သို့မဟုတ် ထပ်မံရှာဖွေခြင်းဟုလည်း ဆိုနိုင်သည်။  ထို့အပြင် သုတေသနဆိုသည်မှာ သီးသန့် ခေါင်းစဉ်တစ်ခုအတွက် ဆီလျော်သော သတင်းအချက်အလက်များကို သိပ္ပံနည်းကျကျ၊ စနစ်တကျရှာဖွေခြင်းဟူ၍လည်း အဓိပ္ပါယ်သတ်မှတ်နိုင်သည်။  တနည်းအားဖြင့် သုတေသနဆိုသည်မှာ သိပ္ပံနည်းကျကျ စုံစမ်းထောက်လှမ်းခြင်း အတတ်ပညာရပ်ဖြစ်သည်။  Advanced Learner’s Dictionary တွင် သုတေသန ဆိုသည်မှာ “မည်သည့် အသိပညာ ဗဟုသုတ နယ်ပယ်တွင်မဆို အသစ်အချက်အလက်များကို ရှာဖွေမှုပြုလုပ်လျက် ဂရုတစိုက် သေသေချာချာ စုံစမ်းထောက်လှမ်းခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်းဖြစ်သည်” ဟုအဓိပ္ပါယ်သတ်မှတ်ထားသည်။  အမှန်တကယ်တွင် သုတေသနဆိုသည်မှာ အသိပညာ ဗဟုသုတအသစ်ရရှိရန်အတွက် စနစ်တကျ ကြိုးပမ်းအားထုတ်မှု သို့မဟုတ် ရှာဖွေမှု (discovery) ခရီးစဉ်တစ်ခုဖြစ်သည်။  အကျဉ်းချုပ်ပြောမည်ဆိုလျှင် သုတေသနဟူသည်မှာ မသိသေးသော အရာများကို သိအောင်ပြုလုပ်ပြီး သိပြီးသားအရာများကို ပိုမိုသိနိုင်အောင် ထပ်မံချဲ့ကားဆောင်ရွက်သော စနစ်ကျသည့်နည်းပညာဖြစ်သည်။
ထို့အပြင် သုတေသနဆိုသည်မှာ ပညာရပ်ဆိုင်ရာ လုပ်ဆောင်မှုတစ်ရပ်ဖြစ်သကဲ့သို့ အတတ်ပညာနှင့်ဆိုင်သော အသိဉာဏ်တစ်ရပ်လည်း ဖြစ်သည်။  သုတေသနသည် ပုစ္ဆာများ၊ ပြဿနာများကို အဓိပ္ပါယ်သတ်မှတ်ခြင်း၊ ထင်မြင်ယူဆချက်များကို ဖော်ထုတ်ခြင်း၊ data အချက်အလက် များစုဆောင်းခြင်း၊ တန်ဖိုးဖြတ်ခြင်း၊ ကောက်ချက်ချခြင်းနှင့် ဖော်ထုတ်ထားသော ထင်မြင်ယူဆချက်နှင့် ကိုက်ညီမှုရှိ/မရှိ ကို သတ်မှတ်ရန် ကောက်ချက်ချဆုံးဖြတ်ချက်များကို ဂရုတစိုက်စစ်ဆေးခြင်းတို့ဖြင့် ဖွဲ့စည်းထားသည်။ သုတေသနကို ပညာရှင် တစ်ချို့မှ အဓိပ္ပါယ်သတ်မှတ်ထားသည်မှာ ပညာရပ်တစ်ခု၏ လက်တွေ့နယ်ပယ် သို့မဟုတ် သီဟိုရမ်တည်ဆောက်ခြင်းတွင် သက်ဆိုင်ရာ အသိပညာ၊ ဗဟုသုတသည် အထောက်အကူပြုမှုရှိခြင်း /မရှိခြင်း တို့အတွက် ထိုပညာရပ်ဗဟုသုတ ကို သက်သေပြရန်၊ မှန်ကန်စေရန်၊ ချဲ့ထွင်ရန် ယေဘုယျရည်ရွယ်ချက် အတွက် သက်ဆိုင်ရာ အကြောင်းအရာများ၊ အတွေးအခေါ်အယူအဆများ၊ သင်္ကေတများ ကို ကိုင်တွယ်အသုံးချခြင်း ဟူ၍ဖြစ်သည်။  ထို့အပြင် သုတေသနသည် မူလရှိပြီးသား ဗဟုသုတကို ပိုမိုတိုးတက်များပြားလာစေရန်အတွက် ဝင်ကူသည့် အရာတစ်ခုဖြစ်သည်။  ၎င်းသည် လက်တွေ့စမ်းသပ်မှု၊ နှိုင်းယှဉ်မှု၊ စောင့်ကြည့်လေ့လာမှု၊ စူးစမ်းဆင်ခြင်မှု တို့၏ အကူအညီဖြင့် အမှန်တရားကို ရရှိအောင်ပြုလုပ်ခြင်းဖြစ်သည်။  အတိုကောက်အားဖြင့် သုတေသနဆိုသည်မှာ ပြဿနာတစ်ခု၏ အဖြေကိုရှာဖွေသည့် ရည်ရွယ်ချက်ဖြင့် စနစ်ကျသော နည်းစနစ်မှတစ်ဆင့် ဗဟုသုတကို ရှာဖွေခြင်းဖြစ်သည်။  သီဟိုရီတစ်ခု တည်ဆောက်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းတို့နှင့် သက်ဆိုင်သော စနစ်တကျချဉ်းကပ်မှုတို့မှာလည်း သုတေသနပင်ဖြစ်သည်။  ထို့ကြောင့် ပြသနာများကို ရှင်းလင်းစွာဖော်ပြခြင်း၊ အတွေးအခေါ်အယူအဆများကို ဖေါ်ထုတ်ခြင်း၊ data အချက်အလက်များစုဆောင်းခြင်း၊ စုဆောင်းထားသော data အချက်အလက်များကိုခွဲခြမ်းစိတ်ဖြာခြင်း၊ နှင့် သီဟိုရမ်ဖော်စပ်ခြင်းအတွက် ခြုံငုံသုံးသပ်ခြင်း သို့မဟုတ် သက်ဆိုင်ရာပြသနာအဖြေ အတွက် ကောက်ချက်ချခြင်း တို့ပါဝင်သည့် စနစ်ကျသော နည်းလမ်း သို့မဟုတ် နည်းပညာကို သုတေသနဟု ခေါ်ပါသည်။ 

Comments

Popular posts from this blog

How to write a research proposal? (part - 1)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc

How to write a research proposal? (part-2)

Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R

Research Processes

Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ