Skip to main content
Research Approaches
 Unicode
၅။ သုတေသန ချဉ်းကပ်မှုများ (Research Approaches)
သုတေသနချဉ်းကပ်မှု Research Approach ဆိုသည်မှာ ကျယ်ဝန်းသော ယူဆချက်များမှ စတင်၍ data ကောက်ယူစုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သရုပ်ဖော်ပြသခြင်းတို့အထိ ပါဝင်သော လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်ပြီး သုတေသနပြဿနာပေါ်တွင် အခြေခံသည်။  သုတေသနချဉ်းကပ်မှု နှစ်မျိုးရှိသည်။  ၎င်းတို့မှာ - Data ကောက်ယူစုဆောင်းခြင်း (Data Collection) ဆိုင်ရာ သုတေသန ချဉ်းကပ်မှု နှင့် Data ခွဲခြမ်းစိတ်ဖြာမှု (Data analysis) ဆိုင်ရာ သုတေသန ချဉ်းကပ်မှု တို့ဖြစ်ကြသည်။
၁။ Data ကောက်ယူစုဆောင်းခြင်းဆိုင်ရာ သုတေသန ချဉ်းကပ်မှု
Data ကောက်ယူစုဆောင်းခြင်း (Data Collection) ဆိုင်ရာ သုတေသန ချဉ်းကပ်မှုမှာ အခြေခံအားဖြင့် သုတေသနချဉ်းကပ်မှု နှစ်မျိုးရှိသည်။  ၎င်းတို့မှာ Quantitative Approach နှင့် Quantitative Approach တို့ဖြစ်ကြသည်။ 
Quantitative Approach ကို inferential၊ experimental နှင့် simulation approaches ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ 
-    Inferential Approach သည် population တစ်ခု၏ ဆက်သွယ်ချက်များ၊ ဝိသေသ လက္ခဏာရပ်များကို ဆင်ခြင်သုံးသပ်ယူဆရန်ဖြစ်သည်။  ဤအရာသည် အစဉ်သဖြင့် Survey Research ဖြစ်ပြီး ၎င်းတွင် population ၏ ဝိသေသလက္ခဏာရပ်များကို သတ်မှတ်ရန် ထို population ၏ နမူနာတစ်ခုကို (မေးခွန်းမေး၍ သို့မဟုတ် စောင့်ကြည့်လေ့လာလျက်) လေ့လာရသည်။ 
-    Experimental Approach တွင် သုတေသနပြုလုပ်သည့် ပတ်ဝန်းကျင်အနေအထားကို လွန်ကဲစွာထိန်းချုပ်ရပြီး တချို့သော ပြောင်းလဲကိန်းများသည် အခြားပြောင်းလဲကိန်းများပေါ်တွင် သက်ရောက်မှုများကို လေ့လာစောင့်ကြည့်ရန်ပြုလုပ်ရသည်။ 
-    Simulation Approach တွင် သက်ဆိုင်ရာ အချက်အလက် နှင့် data များကို ပေးနိုင်သည့် ဉာဏ်ဆင်တုပထားသော ပတ်ဝန်းကျင် (an artificial environment) တစ်ခုကို တည်ဆောက်ခြင်းပါဝင်သည်။  ကနဦးအခြေအနေများ၊ ဘောင်များ၊ ပြောင်းလဲကိန်းများဖြင့် လုပ်ဆောင်ချက်တစ်ခု၏ အပြုအမူကို ကိုယ်စားပြုရန် ဆင်တူတုပခြင်း (simulation) တစ်ခုကို ပြုလုပ်ခြင်းဖြစ်သည်။  Simulation Approach သည် အနာဂတ် အခြေအနေကို နားလည်သိရှိရန် ပုံစံတူ (models) များပြုလုပ်ရာတွင် အသုံးဝင်သည်။
Qualitative Approach သည် သဘောထား၊ အယူအဆ၊ အပြုအမူ တို့အပေါ်တွင် ချင့်ချိန်ဆုံးဖြတ်ချက်များနှင့် သက်ဆိုင်နေသည်။  ဤကဲ့သို့သော အခြေအနေရှိ သုတေသနသည် သုတေသီ၏ ထိုးထွင်းသိမြင်မှုနှင့် ထင်မြင်ချက်တို့၏ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်။ ဤသုတေသနမျိုးအတွက် ယေဘုယျအားဖြင့် focus group interviews, projective techniques နှင့် in-depth interviews နည်းလမ်းများကို အသုံးပြုကြသည်။
၂။ Data analysis ဆိုင်ရာ သုတေသန ချဉ်းကပ်မှု
Data ခွဲခြမ်းစိတ်ဖြာမှု (Data analysis) ဆိုင်ရာ သုတေသန ချဉ်းကပ်မှုနှစ်မျိုးရှိသည်။  ထိုနှစ်မျိုးမှာ  ခြုံငုံဆင်ခြင်ချဉ်းကပ်နည်း (inductive approach) နှင့် ထုတ်ယူဆင်ခြင်ချဉ်းကပ်နည်း (deductive approach) တို့ဖြစ်ကြသည်။  Qualitative data သည် inductive approach of analysis လုပ်ရန်လိုအပ်ပြီး Quantitative data သည် deductive approach of analysis လုပ်ရန်လိုအပ်သည်။  Qualitative နှင့် Quantitative နှစ်မျိုးစလုံး ရောထားသော data များတွင် inductive approach နှင့် deductive approach နှစ်မျိုးစလုံးကို အသုံးပြုရသည်။  သို့သော် လုပ်ဆောင်ချက်များသည် နည်းလမ်းများ၊ နည်းပညာများ နှင့်  data analysis များကြားတွင် ကိုက်ညီမှုရှိရန်နှင့် ကျိုးကြောင်းဆီလျော်မှုရှိရန်မှာ အရေးကြီးသည်။
ပုံ (၁) သုတေသနချဉ်းကပ်မှုများ
 Zawgyi
Comments
Popular posts from this blog
How to write a research proposal? (part - 1)
Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၁)  ဒီနေ့ သုတေသီများအားလုံးအတွက် အရမ်းအသုံးဝင်တဲ့ သုတေသန အဆိုပြုလွှာရေးသားနည်း (Writing a Research Proposal) ကို ရေးသားတင်ဆက်လိုက်ပါတယ်။ အဖွဲ့အစည်းအမျိုးမျိုး၊ သင်တန်းကျောင်းအမျိုးမျိုးအနေနှင့် သုတေသနအဆိုပြုလွှာရေးသားပုံရေးသားနည်း ပုံစံ အမျိုးမျိုးရှိနိုင်သည်။ သို့သော် သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျအားဖြင့် ပါဝင်ရမည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။   သုတေသနအဆိုပြုလွှာရေးသားရာတွင် ယေဘုယျ အားဖြင့် ပါဝင်ရမည့် အချက်အလက်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ Introduction ၂။ Background of the Study ၃။ Research Problem ၄။ Objective of the Study ၅။ Research Question ၆။ Scope of the Study ၇။ Relevance of the Study ၈။ Research Methodology     (၁) Research Design     (၂) Sampling Methods and Data Collection ၉။ Data Analysis ၁၀။ Study Time Frame ၁၁။ Budget of the Research ၁၂။ Summary တို့ဖြစ်ကြသည်။ ၁။ Introduction သုတေသနအဆိုပြုလွှာရေးသားရာတွင် ပထမဆုံးအနေဖြင့် Introduction ကို စတင်ရေးသားရမည်။  Introduc
How to write a research proposal? (part-2)
Unicode သုတေသနအဆိုပြုလွှာတစ်စောင်ရေးသားခြင်း (အပိုင်း - ၂) မနေ့က သုတေသနအဆိုပြုလွှာရေးသားရာတွင် ပါဝင်ရမည့် အချက် ၅ ချက်အကြောင်းကို ဖော်ပြပြီးဖြစ်သည်။  ယနေ့တွင် ကျနသည့်အချက်များကို ဆက်လက်ရေးပါားဖော်ပြပါမည်။ ၆။ Scope of the Study သုတေသနပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ သုတေသနမေးခွန်းများကိုရေးသားပြီးလျှင် Scope of the Study ကို ဆက်လက်ရေးသားရပါမည်။  ဤတွင် ဘယ်နေရာတွေမှ ဒေတာများကိုစုဆောင်းမှာလဲ၊ လူဦးရေဘယ်နှယောက်ဆီမှ ဒေတာများကို စုဆောင်းမလဲ စသည်တို့ကို ဖော်ပြပေးရပါမည်။  ဥပမာ - သုတေသီတစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အကြီးတစ်ခုမှ ဌာနခွဲ သုံးခုကိုသာလေ့လာလိုသည်ဆိုကြပါစို့။  ဤတွင်သုတေသီမှ ရေးသားဖော်ပြရမည်မှာ အဖွဲ့အစည်းတစ်ခုလုံးတွင် ဝန်ထမ်းဦးရေမှာ မည်မျှရှိကြောင်း၊ သို့သော်သုတေသီလေ့လာမည့် ဌာနခွဲမှာ သုံးခုသာဖြစ်ကြောင်း၊ ထိုဌာနခွဲ သုံးခုတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းဦးရေမှာ မည်မျှဖြစ်ကြောင်း၊ ထိုဌာနခွဲသုံးခုရှိ ဝန်ထမ်းများထံမှသာ ဒေတာစုဆောင်းမည်ဖြစ်သောကြောင့် အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုထားခြင်းမဟုတ်ကြောင်း စသည်တို့ကို ဖော်ပြပေးရပါမည်။ ၇။ Relevance of the Study ဆက်လက်၍ သုတေသီမှ R
Research Processes
Unicode ၁၄။ သုတေသန လုပ်ငန်းစဉ်များ သုတေသနဆိုသည်မှာ မေးခွန်းတစ်ခုရှိနေခြင်းမှ အစပြု၍ ပြီးပြည့်စုံသော သုတေသနစီမံကိန်း အဖြစ်သို့ ရောက်ရှိလာစေရန်အထိ သုတေသီမှ ဆောင်ရွက်သော ဆင့်ကဲလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။  သုတေသနစီမံကိန်းတွင် သတင်းအချက်အလက်များစုပေါင်းဖွဲ့စည်းထားခြင်းနှင့် data များကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်းမှရလာသော ကောက်ချက်များပါရှိသည်။   သုတေသနလုပ်ငန်းစဉ်ကို မဖော်ပြမီ သုတေသနပြုလုပ်သောအခါ လုပ်ဆောင်ရမည့် အချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်းအားဖြင့် ဖော်ပြလိုက်ပါသည်။ (၁) အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုကိုရွေးချယ်ပါ။ မိမိပိုင်နိုင်သော မကျဉ်းလွန်း မကျယ်လွန်း အကြောင်းအရာ (ခေါင်းစဉ်) တစ်ခုဖြစ်ပါစေ။ (၂) စာပေ အရင်းအမြစ်များကို စုဆောင်းပါ။ နောက်ခံအကြောင်းအရာ အချက်အလက်များ၊ ဆောင်းပါးများ၊ အင်တာဗျူးများ၊ web sites များ (Academic or Professionals) ကို ရှာဖွေစုဆောင်းပါ။ - သင်စုဆောင်းထားသော သတင်း၊ အကြောင်းအရာ ရင်းမြစ်များကို ရှာဖွေဖတ်ရှုပါ။ - သင်စုဆောင်းထားသော ရင်းမြစ်များကို မှတ်စုရေးသားထားပါ။ - သင်၏ခေါင်းစဉ်နှင့် ကိုက်ညီသော data အချက်အလက်များကို စုစည်းပါ။ (၃) အကြောင်းအရာ၊ အချက်အ